Ep (10)

1.8K 153 21
                                        

ပွဲကနေပြန်လာတည်းက Sehunတစ်ခုခုကို ဆုံးဖြတ်ချက်ချနေဟန်ရသည် ။ အခုတလော အရင်နေ့တွေကလို မှုံမှိုင်းနေတာမျိုးထပ်မတွေ့ရတော့တာမို့ ကျွန်တော်အနည်းငယ်တော့ စိတ်သက်သာရာရမိသည် ။ Aerisလေးတွေက သူ့ကိုပြောင်းလဲပေးလိုက်သည်ဟု ထင်ရပြန်သည် ။ အခုလိုသူအားပြန်စုနေတုန်း ကျွန်တော့်ဘက့်ကအစွမ်းကုန် ကူညီပေးရမည် ။ ကျွန်တော့ကလေးလေး အခုတလောအရမ်းစိတ်ပင်ပန်းပြီ အားလည်းနည်းနေခဲ့တာမလား...

" Hello, အမေလား? သားပါ ''

"အမလေး... junလေးလား? ဖုန်းမဆက်တာကြာလှရောပေါ့ကွယ် အခုမှဆက်သွယ်တော့တယ်နော် ''

" သား တောင်းပန်ပါတယ် အမေ.. အခွေသစ်ထွက်လာတော့ အရမ်းအလုပ်များနေလို့ပါ ''

" အမေသိပါတယ်သားရယ် အဲ့ဒါကြောင့် သားအနှောက်အယှက်ဖြစ်မှာစိုးလို့ သားအားရင် အမေတို့ဆီအရင်ဆက်ပါလို့ပြောထားတာပေါ့ ''

" ဟုတ်ကဲ့ပါ အမေ.. ဒါနဲ့လေ သား အမေ့ကိုအရေးတကြီးမေးစရာရှိလို့ ''

" ပြောလေ သား... အမေဘာလုပ်ပေးရမလဲ ရှယ်ယာထည့်ပေးရမလား နိုင်ငံခြားကတေးရေးဆရာငှါးပေးရမလား ဒါမှမဟုတ်.. ပြည်ပMTVရိုက်ချင်တာလား အမေအကုန်စီစဉ်ပေးမယ် ပြော သားဘာလိုချင်တာလဲ ''

" အဲ့ဒါတွေမဟုတ်ပါဘူး အမေကလည်း... ဟိုဟာ.. တိုင်းရင်းဆေးကောင်းကောင်းလေး လိုချင်လို့...''

" ဟယ် အမေ့သားနေမကောင်းဘူးလား ဘယ်နားကလဲ? သမားတော်ခေါ်ပေးရမလား အမေတို့ဆေးရုံကVVIPအခန်းမှာခဏနားပြီး ဆေးလာစစ်ပါလားသားရယ် အမေစိတ်ပူလို့ပါ ''

" ဟာ မဟုတ်ပါဘူး.. အဖွဲ့ထဲက တစ်ယောက်က သိပ်နေမကောင်းလို့ပါ.. အားမြန်မြန်ပြည့်ပြီး မြန်မြန်တက်ကြွလန်းဆန်းစေတဲ့ တိုင်းရင်းဆေးမျိုး ၊ နောက်ပြီး သူကအစားအသောက်လည်းပျက်နေတယ် နှုတ်ခမ်းတွေလည်းဖြူဖျော့ဖျော့နဲ့ အဲ့တော့ အစားစားတဲ့ဆေးကအရေးကြီးတယ်လို့ သားတော့ထင်တာပဲ..အမ်...ပြီးတော့ ညဆိုမအိပ်နိုင်တော့ အသည်းလည်းထိခိုက်နေလောက်ပြီ.. ဆေးလိပ်သောက်တာလည်း ၁ပတ် ၂ပတ်လောက်ရှိနေပြီအမေ အဆုတ်ပျက်စီးမှာစိုးရိမ်ရလို့ ဆရာဝန်ကိုသေချာပြောပြပြီး ဆေးစပ်ခိုင်းပေးပါနော်အမေ... ဆေးပြင်းတွေလည်းမလုပ်ပါနဲ့လို့ အစာအိမ်ထိမှာစိုးလို့လို့ သေချာပြောလိုက်အုံးနော်... ''

လေပြေခေါ်တဲ့ မိုးရေစက်[completed]Donde viven las historias. Descúbrelo ahora