Ep (13) 100days - part 1

1.6K 144 25
                                    


ကျွန်တော်ကစချစ်ခဲ့တာမှန်ပေမဲ့ သူကပိုချစ်တတ်တယ်
ကျွန်တော် ချစ်ပြတာထက် သူကပိုချစ်ပြတတ်သည်
ကျွန်တော်ဂရုစိုက်တာထက် သူကအသေးစိတ်ဂရုစိုက်တတ်သည်

Albumအသစ်အတွက် ပထမဆုံး concertကို Seoulမြို့တွင်အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးနောက် schedule ချထားသည့်အတိုင်း world tourများနှင့် ပြည့်နှက်နေခဲ့သည်။ ပူပူနွေးနွေးချစ်သူလေးနှင့် ကြည်ကြည်နူးနူးdateမလုပ်နိုင်ခဲ့သည့်အတွက် Sehunစိတ်ကောက်နေခဲ့တာ အတော်ကြာပါပြီ။ ဒါပေမဲ့ ညအိပ်ခါနီးတိုင်း Sehunရင်ခွင်ထဲတိုးအိပ်ရတာကိုတော့ တစ်ရက်မှမပျက်ခဲ့ပါ ၊ ခပ်စိမ့်စိမ့် အအေးဓာတ်တွေ အုပ်မိုးထားတဲ့ညနက်တွေမှာ ချစ်သူရင်ခွင်ကျယ်ကြီးကနွေးတာထက် စည်းစိမ်ပိုကျတယ်ဆိုတာ FAတွေကိုရှင်းပြလို့မရဘူး XD။ ညတိုင်းညတိုင်း Sehunက ကြွက်သားတင်းတင်းပြည့်နေတဲ့ လက်မောင်းတွေနဲ့ Suhoကို ဖက်ထားလေ့ရှိတယ် ။ gym ဆော့တာချင်းအတူတူ ကျွန်တော့်ထက် လူကောင်ပိုထွားပြီး အရပ်ရှည်တဲ့Sehunက လူကြီးဆိုဒ်ဖမ်းလွန်းလို့ အမြင်ကတ်ပေမဲ့
ဒါလေးကိုလည်းပျော်ဝင်နေတတ်ခဲ့ပြီ ။

" Hyung မနက်ဖြန်ဘာနေ့လဲ ''

" နက်ဖြန် နားရက်လေ Sehunရဲ့''

" အင်း... ဒါပဲလား''

"အမ်... ပြီးတော့ ဘာနေ့လဲ''

" ဟာ hyungမေ့နေတယ်ပေါ့.. တော်ပြီကွာ ကိုယ့်ကုတင်ကိုယ်ပြန်အိပ်တော့မယ် ''

ထပြန်မယ်ဆိုပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ လက်မောင်းတွေကို ဖက်တွယ်ရင်း

" မသွားပါနဲ့... ပြောမှာပေါ့
မနက်ဖြန် ကိုယ်တို့ချစ်သူသက်တမ်း ရက်100ပြည့်လေ ဟုတ်တယ်မလား''

လျော့ကျသွားတဲ့လက်တွေ Suhoခန္ဓာကိုယ်ကို ပြန်ယှက်သိုင်းလာခဲ့တော့ ရင်ခွင်ထဲကနေ အကျေနပ်ဆုံးပြုံးလိုက်မိသည်။

" ဒါဆို နားရက်လည်းဖြစ်နေတယ်ဆိုတော့ နက်ဖြန်တစ်ညနေလုံး တစ်ညလုံး ကျွန်တော့်ကိုအချိန်ပေး''

"တစ်ညနေလုံး..တစ်ညလုံး?''

" ဟိတ် hyungဘာတွေတွေးနေတာလဲ.. haha
ကျွန်တော်ပြောတာ နက်ဖြန်ရုပ်ရှင်ကြည့်မယ် မုန့်စားမယ် ကားပတ်စီးကြမယ်ပြောတာ.. hyungကဘာတွေတွေးနေတာလဲ ပြောကြည့်ပါအုံး''

လေပြေခေါ်တဲ့ မိုးရေစက်[completed]Donde viven las historias. Descúbrelo ahora