Ep (19)

1.5K 162 43
                                        

( ဒီအပိုင်းအတွက် recommend ပေးချင်တဲ့သီချင်းလေးက Lee Hi ရဲ့ Breathe ပါ😢 )

ငြိုးမာန်ဖွဲ့မိုးကြောင့် စိုရွှဲနေတဲ့အပြင်ဘက်က နှစ်ချို့ဝက်သစ်ချပင်ကြီးရယ် Christmas ရောက်ရင်ရောင်စုံမီးလုံးတွေနဲ့ အလှဆင်နေကြ ထင်းရှူးပင်တချို့~~
ကမူးရှုးထိုးလေပြင်းကြောင့် ကျိုးကျသွားရတဲ့တချို့အခက်လေးတွေ
နိဂုံးချုပ်သွားရတဲ့ သစ်ရွက်အိုလေးတွေ တချို့စိမ်းဖန့်နေတဲ့သစ်ရွက်လေးတွေလည်း ကြွေကျတတ်သေးတာပဲ ~~
နို့နှစ်ရောင်ကန့်လန့်ကာတွေဘေးချိတ်ထားတဲ့ အလယ်က ပြတင်းပေါက်မှန်ကလည်း မိုးရေနဲ့အအေးဓာတ်ကြောင့် မှုန်တချက် ကြည်တချက် ~~


ပန်းချီကားတစ်ချပ်လို ရုပ်ရှင်ဆန်ဆန်လက်တွေ့မြင်ကွင်းမျိုး ~~

ဒီမြင်ကွင်းကို ဘယ်နှနာရီကြာအောင်ကြည့်နေမိပါလိမ့် ။ အနက်ရောင်ဆွယ်တာလေးတစ်ထည်တည်းက လုံလောက်တဲ့အနွေးဓာတ်ကို မပေးနိုင်ဘူးပဲ ၊ ကုတင်ပေါ်ငုတ်တုပ်ထိုင် ကွေးထားတဲ့ဒူးနှစ်ဖက်ကို ဖက်ထားပေမဲ့ နွေးမလာခဲ့ဘူး ။ ခြေအိတ်ဝတ်မထားတဲ့ ခြေဖျားတွေတောင် ထုံကျင်လာတဲ့ထိအအေးဓာတ်က လွန်ကဲနေခဲ့သည်။ အိပ်ရာခင်းအဖြူပေါ် ခြေအိတ်မပါ ခြေထောက်မဆေးဘဲ ခြေဗလာနဲ့တက်လို့ဆိုပြီး Sehunတော့စိတ်ဆိုးတော့မှာပဲ။
Aww...မေ့နေတာ၊ သူမရှိတော့ဘူးပဲ။ Junmyeonမင်းရူးနေလား သူမင်းကိုထားသွားပြီလေ။

"ဝုန်း!!! "

တစ်စုံတစ်ယောက် တံခါးကိုအလောတကြီး ဖွင့်ဝင်လာတဲ့အသံကြားပေမဲ့လည်း လှည့်မကြည့်ဖြစ်ခဲ့ဘူး ။ မကြာခင် အဝါရောင်hoodieလက်ရှည်နဲ့ ခန္ဓာကိုယ်တစ်ခုက ကျွန်တော့်မြင်ကွင်းတွေကို ကွယ်ထားလိုက်သည်။ တဖြည်းဖြည်းချင်း မော့ကြည့်လိုက်တော့

" မင်းလို့ထင်သားပဲ Yixing... တကယ်ပဲ ငါဘယ်လောက်ပုန်းပုန်း မင်းကတော့အမြဲရှာတွေ့နေတာပဲ ''

ကျွန်တော် အတတ်နိုင်ဆုံး အချိုသာဆုံး ပြုံးပြလိုက်သည်။ ကျွန်တော်မော့ကြည့်နေရလို့နဲ့ထင်တယ် Xingက ပြတင်းပေါက်နားက ခြေတံရှည်သစ်သားခုံလေးကို ဆွဲယူထိုင်လိုက်သည်။ ဒါပေမဲ့ ကျွန်တော့်မျက်နှာချင်းဆိုင်မှာထိုင်ပြီး မြင်ကွင်းတချို့တဝက်ကိုတော့ ကွယ်ထားနေတုန်းပဲ ။

လေပြေခေါ်တဲ့ မိုးရေစက်[completed]Hikayelerin yaşadığı yer. Şimdi keşfedin