Ep (17)

1.4K 149 26
                                    


အခုတလော ကျွန်တော်နဲ့ခပ်တန်းတန်းနေတဲ့ Sehunကြောင့် နေရထိုင်ရတာအဆင်မပြေတာတော့ အမှန်ပါ။ ကိစ္စလေးတွေဖြစ်သွားပြီးနောက်ပိုင်း Sehunရင်ထဲဒဏ်ရာလေးတစ်ခု ကျန်ခဲ့သည်ကိုတော့ ရှက်ရွံ့စွာကျွန်တော်ဝန်ခံပါတယ်။ အဲ့လိုဖြစ်စေတာကလည်း သူချစ်သောသူ ကျွန်တော်ကိုယ်တိုင်ဖြစ်နေတော့ ဒဏ်ရာအရွယ်အစားကြီးသွားနိုင်တယ် ဒါမှမဟုတ် အမာရွက်နက်နက်လေးကျန်ခဲ့နိုင်တယ် ။ ကျွန်တော့်ကြောင့် အရင်လို သူရွှင်ရွှင်ပြပြသိပ်မရှိတော့တာ သိသာလွန်းတယ်။ ခါတိုင်းဆို ကျွန်တော်နား တီးတိုးစကားလေးတွေနဲ့ ကြင်နာစွာထွေးပွေ့ယုယတတ်သလို မနက်ခင်းတိုင်း လတ်ဆက်တဲ့အပြုံးတွေနဲ့ အနမ်းနုနုတွေလည်း ပေးတတ်တဲ့သူပါ။ အခုတော့ သူ့မှာစိတ်ဆိုးတာတောင် ပြည့်ပြည့်ဝဝစိတ်မဆိုးပြနိုင်ရှာဘူး ။ သူအများကြီးဖုံးကွယ်တတ်လာပြီ ။

" Honey.... ကိုယ်နေလို့အဆင်မပြေဘူး ''

"ဟင်.. ဘာဖြစ်လို့လဲ နေမကောင်းဘူးလား... shootingတွေဆက်နေလို့နေမယ် ဆေးသွားယူပေးမယ် ခဏ''

" မဟုတ်ဘူးHoney... အဲ့လိုနေမကောင်းတာမဟုတ်ဘူး မင်းကိုကြည့်ပြီး ကိုယ်စိတ်ပင်ပန်းလွန်းလို့ မွန်းကြပ်လွန်းလို့ ''

သူ့စကားတွေကြားတော့ Sehunပြုံးရင်းပြန်ကြည့်သည်။ မထီမဲ့မြင်မဟုတ်ဘူး၊ ကလေးဆန်လိုက်တာကွာ ဆိုတဲ့သဘောနဲ့အပြုံး။ ပြီးတော့ဧည့်ခန်းဆိုဖာရှည်ပေါ်ထိုင်နေတဲ့ Suhoဘေးကိုဝင်ထိုင်လိုက်သည်။ သက်ပြင်းတစ်ချက်ချပြီး Suhoခေါင်းကိုသပ်ပေးလိုက်သည်။
ခုဏကနဲ့ သဘောတရားတူအပြုံးနဲ့ပဲ

" Hyungကဘာတွေ စိတ်ပင်ပန်းနေတာလဲ ကျွန်တော်ဘာလုပ်မိပြန်ပြီလဲ ပြောလေ... Hyungမကြိုက်ရင် ကျွန်တော်ပြင်မှာပေါ့ ''

ပြောရင်း Suhoနဖူးပေါ်ကျနေတဲ့ ဆံပင်လေးကိုသပ်တင်ပေးသည်။

" အဲ့ဒါတွေပဲ...မင်းမှာစိတ်နာနေတာတောင် ထုတ်မပြနိုင်ဘူး ဘာလဲ မင်းမှာခံစားချက်မရှိဘူးလား ဒါမှမဟုတ် ကိုယ့်ကိုစိတ်ကုန်သွားတာ စိတ်မဝင်စားတော့တာလား ''

" ဟိုး...No No Hyung... အဲ့လိုတွေမတွေးနဲ့ အဲ့ဒါတော့တကယ်မဟုတ်ဘူး ခံစားချက်ရှိလွန်းလို့ခက်နေတာပေါ့ဗျာ စိတ်နှစ်ထားလွန်းလို့ ရူးချင်နေတာ.. ''

လေပြေခေါ်တဲ့ မိုးရေစက်[completed]Dove le storie prendono vita. Scoprilo ora