ကျွန်တော်အရှက်ကွဲခဲ့ရတဲ့ fansignပွဲပြီးလေတော့ ကားပေါ်တက် photo shooting သို့တန်းပြေးရပါတော့တယ်။ ဟိုငနာလေးက ကားပေါ်ထိလိုက်စနေတော့တာပါပဲ ။ အတူမထိုင်ချင်လို့ D.Oနားကပ်ထိုင်တာတောင် သူကD.Oကိုဖယ်ခိုင်းပြီး ထိုင်ဖြစ်အောင်လာထိုင်သေးတာ ။ ထိုင်ရင်လည်း ပါးစပ်ကပိတ်မနေဘူး
"Babe ya ကိုကို့ကိုအဲ့လောက်ချစ်တာလား ကိုကိုပူမှာအဲ့လောက်စိုးရိမ်တာလား agioo ကိုကို့babeလေးက ချစ်စရာလေးကွာ haha...''
Suho ပါးကိုပါညစ်လိုက်သေးတာ
"ဖယ်စမ်း မင့် ကြီးတော်ကြီး babe!? ငါပြောလိုက်ရမကောင်းရှိတော့မယ် ဘာမှဘဝင်တွေမြင့်မနေနဲ့ ပူရင်အိုက်ရင် မင်းမျက်နှာကြီးက အီးတစ်နေတဲ့ရုပ်လို ဆူပုပ်နေတော့မှ Aerisလေးတွေ စိတ်ပူမှာစိုးလို့ကွ နားလည်လား ချီးထုပ်ပဲ ''
"Aww အဲ့လိုလား အဟမ်း! သိပါတယ် သိပါတယ်
အဲ့ဒါထားအုံး Hyung! ကျွန်တော့်အင်္ကျီနောက်က တံဆိပ်က ခိုးလို့ခုလုကြီးဖြစ်နေလို့ ကြည့်ပေးအုံး''
"အင်း ခိုင်းတော့မယ်ဆိုတာ သိနေသလိုပဲ ''
"အကူအညီတောင်းတယ်လုပ်ပါဗျာ တို့ကိုကြီးကလည်း''
"တော်တန်တိတ် ပြော ဘယ်နားကခုတာလဲ''
"တံဆိပ်နားက ''
"ဒီတိုင်းကြည့်မရဘူးပဲ ခုနေရင်လည်း မဝတ်ထားနဲ့တော့လေ အင်္ကျီချွတ် တခြားဟာလဲဝတ်ထားလိုက်''
"အင်း ပြီးရော''
"အမ်! Hyung! ကြယ်သီးကကျပ်နေတယ် ဖြုတ်မရဘူး လုပ်ပေးအုံး''
"အင်း အင်း ငါမပါရင်ကို မရဘူး ''
"Heeee''
Sehunလေးက တချက်တချက် အရမ်းကလေးဆန်တယ်။ လူကြီးလို ရင့်ကျက်နေပြီထင်ရပေမဲ့ အင်္ကျီအသစ်တွေဆို ခုထိကြယ်သီးကိုသေချာမတပ်တတ်သေးဘူး။ မတပ်တတ်တာထက် စိတ်မရှည်တာ ၊ အသစ်ဆိုတော့ ကြယ်သီးပေါက်ကကျဉ်းနေလို့ ကြယ်သီးတပ်မရရင်လည်း စိတ်ကတိုတတ်သေးတယ် ၊ တကယ့်ကလေးဆိုးလေး။
အင်္ကျီချွတ်လိုက်တော့မှ ဂုတ်နားမှာ အင်္ကျီတံဆိပ်ကြောင့် နီမြန်းနေတဲ့အကွက်တောင် ဖြစ်နေပါပြီ ။ကြည့်ရတာ တံဆိပ်ကအနည်းငယ် ကြမ်းရှရှဖြစ်နေပုံရသည်။ တောက်... stylist တွေကကွာ ဘယ်လိုအလုပ်လုပ်နေတာလဲ။ အင်္ကျီမှာ ရှစရာမပြောနဲ့ ခပ်ကြမ်းကြမ်းအသားတောင် မဖြစ်စေနဲ့လို့ဒီလောက်မှာထားရက်နဲ့ ၊ သေချာထပ်ပြောမှပါကွာ ။
VOCÊ ESTÁ LENDO
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanficခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)