Ep (12)

1.9K 164 22
                                        


ရေပန်းထဲကကျလာတဲ့ရေကလည်း မမြန် မနှေး အနေတော်လေးပဲ။ ဖိတ်စင်လာတဲ့ ရေအပူချိန်ကလည်း မအေးပေမဲ့ မပူတဲ့ အနွေးအအေးမျှတနေတယ်။ ချစ်ဖို့တဖန်ပြန်မွေးဖွားလာတဲ့နေ့လေးဟာ အသေးအမွှား ရေချိုးတာကအစ အစစအရာရာ အဆင်ချောနေလေရဲ့။ ကျွန်တော်ရေချိုးခန်းထဲက ထွက်လာသည့်တိုင် ကျွန်တော့်မိုးရေစက်မှာ အိမ်မက်ကမ္ဘာထဲစီးမြောနေတုန်း ။ အဝတ်အစားမြန်မြန်လဲပြီး အိပ်မောကျနေတဲ့Hyung သေးသေးလေးကို ထိုင်ကြည့်နေချင်သေးသည် ။

သူတော့မသိဘူး ကျွန်တော်ကတော့ ကျွန်တော်တို့၂ယောက်ရဲ့ချစ်သူသက်တမ်း ပထမဆုံးနေ့လေးနဲ့ပက်သက်ပြီး ရင်တွေအရမ်းခုန်ပြီး အရမ်းလည်းစိတ်လှုပ်ရှားနေမိသည် ။ သို့ပေမဲ့လည်း တစ်ယောက်သောသူကတော့ Romanticမဆန်စွာ ခုချိန်ထိအိပ်ကောင်းတုန်း..။ သူ့ဘေးမှာလှဲအိပ်ရင်း အိပ်နေတာလေးကိုမနှိုးဘဲ ငုံ့မိုးကြည့်နေမိသည် ။ သူနိုးအလာကို တစိမ့်စိမ့်ထိုင်ကြည့်နေရတာက အရသာပြည့်ဝသည့် morning coffeeတစ်ခွက်ထက်ကို အဓိပ္ပာယ်ပြည့်ဝသည်

မျက်လွှာချထားတာတောင် ထင်းနေသေးတဲ့မျက်ရစ်လေးနဲ့ ပန်းသွေးရောင်သန်းနေတဲ့မျက်ခွံအစ်အစ်လေးနှစ်ဖက် ။
ထိလိုက်ရင် နစ်ဝင်သွားတတ်ပြီး မွှေးညှင်းနုလေးတွေ ဖုံးထားတဲ့ တိမ်စိုင်လိုပါးအိအိလေး ပြီးတော့ ချယ်ရီရောင်နှုတ်ခမ်းပါးပါးလေးထက်က ပဉ္စလက်ဆန်တဲ့မှဲ့နက် ၊ morning kissပေးချင်စရာကောင်းအောင် စွဲဆောင်မှုရှိလွန်းနေတယ် Hyung ။ အင်း.... စိတ်ထိန်း စိတ်ထိန်း... ငါနှာဘူးမဟုတ်ဘူး.. ငါစိတ်ထိန်းနိုင်ပါတယ်.. ဟူးးးးး

အနီးကပ်ဆုံးသော blueberryနံ့ကြောင့် Suhoမျက်လုံးလေးမပွင့်တပွင့်နဲ့ နိုးလာသည် ။ နိုးလာတဲ့အချိန် ရုတ်တရက်အကြည့်ချင်းဆုံလိုက်ရတဲ့အခိုက်ဟာ သိပ်လှတဲ့နေထွက်ချိန်ပါလား ၊ မနာလိုချင်စရာကောင်းအောင် manlyဖြစ်လွန်းမက ဖြစ်နေတဲ့သူ့ ကိုမြင်လိုက်ရတာနဲ့တင် ထအော်မိမတတ်ရင်တွေခုန်ရပြန်သည်။

" Sorry hyung ကျွန်တော့်ကြောင့်နိုးသွားလား ''

" အမ်? ရပါတယ် ''

လေပြေခေါ်တဲ့ မိုးရေစက်[completed]Donde viven las historias. Descúbrelo ahora