ညက တော်တော်အရှိန်ကောင်းသွားခဲ့ပုံရသည် ။ အခန်းဘေး ပြတင်းပေါက်ကတဆင့်နှောက်ယှက်နေတဲ့ အလင်းစူးရှရှကြောင့် မျက်မှောင်ကျုံ့မိသည်အထိ နေရောင်ဟာတောက်ပနေပါပြီ ။ အိစက်စက်ခေါင်းအုံးကနေ ခေါင်းလေးကြွလိုက်ရုံနဲ့တင် ပေါင် ၂၀တူနဲ့ ခေါင်းကိုရိုက်ချလိုက်သလိုကို ခံစားလိုက်ရသည် ။ ဒီလိုသောက်ရင် ဒီလောက်ဒဏ်တော့ခံရမှာပဲဆိုတာက ထပ်ရှင်းပြစရာမလိုတဲ့ အမှန်တရားတစ်စိတ်ဖြစ်လေတော့လည်း ခံရမှာပါပဲ ။ ဒီလောက်ခေါင်းကိုက်နေတာ ပျားရည်သွားဖျော်သောက်မှထင်တယ် ။ ကျန်တဲ့သူတွေလည်းနိုးလာရင် မအီမသာဖြစ်နေမှာဆိုတော့ အကုန်လုံးစာ ဆေးလေးဘာလေးသွားပြင်ထားမှပါ ။ အိပ်ရာကထမလို့လုပ်ခါနီးမှ စောင်ကိုတစ်ယောက်ယောက်ဖိထားနေသည်ကို သတိရလိုက်သည် ။
" ဟာ..... ''
Oh Sehunမှာ မူးလာရင်လုပ်နေကြ အကျင့်ဆိုးလား အကျင့်ကောင်းလားမသိတဲ့ဟာလေးတစ်ခုရှိသည် အဲ့ဒါက အင်္ကျီတွေချွတ်ပစ်တာ ။ တော်သေးတာက ဘောင်းဘီတော့မချွတ်ပါဘူး ။ XD
အခုလည်း အင်္ကျီချွတ်ကြီးနဲ့အိပ်နေပုံများ Kim Suhoကို တဟာဟာဖြစ်စေပြန်ပါပြီ ။ ဒင်းကို gymအရမ်းကြီးမဆော့ပါနဲ့လို့ ဒီလောက်ပြောထားရဲ့နဲ့ အခုတော့ ဗိုက်ကပေါင်မုန့်၆လုံးဟာ မနက်စောစောစီးစီး လူကိုဒုက္ခတွေလာပေးနေတာ..... ။ ခေါင်းကိုက်တာတွေဘာတွေအသာထား အရမ်းတွေစိတ်ခုန်နေပါပြီ ။ မဖြစ်ဘူး အခန်းထဲကမြန်မြန်ထွက်မှဖြစ်မယ် ဟုတ်တယ် မြန်မြန်သွားမှပါ ။ သူဖိထားတဲ့စောင်ကိုဆွဲဖယ်ရင်လည်း အိပ်ရေးပျက်သွားမှာကိုက စိတ်ပူရသေးသည် ။ အဲ့တော့ စောင်မဖယ်ဘဲ စောင်အောက်ကနေ ကုတင်အောက်ထိလျှောချလိုက်သည် ။ လူကောင်ပုသေးသေးလေးဟာ စောင်ပုံထဲကနေ ကုတင်အောက်ကို လျှောခနဲထွက်ကျလာသည် ။ အခုမှမိခင်ဝမ်းဗိုက်ထဲကထွက်လာတဲ့ သားပိုက်ကောင်လေးနဲ့တောင်တူသည် ။
" Suho ya အဲ့ဒါကဘယ်လိုဖြစ်ရပြန်တာလဲ ''
ညကမူးမူးနဲ့ တံခါးမပိတ်ထားမိတဲ့အကျိုးဆက်ကြောင့် ဘယ်အချိန်ကရောက်နေမှန်းမသိ အပေါက်ဝမှာရပ်နေတဲ့ Yixingရှေ့ အရှက်တွေတဗြန်းဗြန်းကွဲ ။
BẠN ĐANG ĐỌC
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)