ကြမ်းပြင်ပေါ်ကရေစီးကြောင်းထဲ အနီရောင်သွေးတချို့ကလည်း ရေဆင်းပေါက်တစ်နေရာဆီသို့....
ယုံကြည်ရာတွေလွန်ကဲခဲ့တော့ အတိမ်းအစောင်းဖြစ်သွားတဲ့အခါမှာ ခံစားချက်တွေကလည်း အရှိုက်တည့်တည့်ထိသွားရသလိုပေါ့ ။ ကိုယ်မင်းကို ခွင့်လွတ်ချင်တယ် Sehun ၊ စိတ်ထဲကနေရှင်းရှင်းလင်းလင်းနဲ့ကို ခွင့်လွတ်ပေးချင်တယ် ။ မင်းစိတ်ချမ်းသာအောင် ကိုယ်ခွင့်လွတ်ပါတယ်လို့ပြောလို့ရပေမဲ့ မင်းကိုဘယ်လိုအတုအယောင် ခံစားချက်မျိုးကိုမှမပေးနိုင်ဘူးSehunရယ် ။ ဒါပေမဲ့ မင်းထိတ်လန့်နေရအောင် ၊ အပြစ်တင်စိတ်တွေလေးလံနေရအောင်လည်း ကိုယ်မပစ်ထားရက်ပြန်ဘူး ။ ကိုယ် အရမ်းကိုလောဘတွေကြီးနေလား Honey ၊ မင်းကိုလည်း ခွင့်မလွတ်နိုင်ဘူး ၊ ထပ်ပြီးတော့ မင်းကိုလည်း မနာကျင်စေချင်ဘူး ။ မွန်းကြပ်ခြင်းတွေ အမှောင်ဖုံးနေတဲ့အခန်းကျဉ်းထဲ မင်းရောကိုယ်ရော လမ်းပျောက်နေခဲ့တာပါ ။
Sehunက ရေပန်းကိုပိတ်ချလိုက်ပြီး Kaiလှမ်းပေးတဲ့သဘက်စောင်နှင့် Suhoကိုခြုံပေးလိုက်သည် ။ နံရံမှာထောက်ထားသည့် လက်သီးဆုပ်လေးကို တုန်တုန်ရီရီနှင့်လှမ်းကိုင်လိုက်သည် ။ ရေရောနေသည့် သွေးကျဲကျဲတို့က တစ်စက်ပြီးတစ်စက် Sehunပေါင်ပေါ်သို့ ။ သူ့အတွက်ဆန်ပြုတ်ပြုတ်ပေးတုန်းက ရှရာလေးတွေကိုတောင်ကြည့်ပြီး စိုးရိမ်စိတ်ကြီးခဲ့သေးတာပဲ ၊ အခုလိုရဲရဲနီနေတဲ့သွေးတွေနဲ့ စုတ်ပြတ်နေတဲ့လက်ကို မြင်ရတော့ ဘာဆိုဘာမှပြောမထွက်နိုင်ခဲ့ပါ ။ တစ်ခုခုကိုပြောချင်နေပေမဲ့ ၊ ပိုးပိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေကလွဲပြီး အသံတွေကဘယ်လိုမှထွက်မလာခဲ့ဘူး ။ Sehunက သွေးတွေစီးကျနေတဲ့Suhoလက်ကို သူ့ရင်ဘတ်ပေါ်တင်ကာ အရူးတစ်ယောက်လိုအော်ငိုနေခဲ့သည် ။ Suhoရဲ့ဒီလိုမြင်ကွင်းက ချစ်သူကိုမှဲ့တစ်ပေါက်တောင် အစွန်းမခံနိုင်တဲ့Sehunအတွက်တော့ အရမ်းရက်စက်ရာကျမနေဘူးလား ။
" မင်းအမှားကြောင့်မဟုတ်ပါဘူး..... ကိုယ့်ဘာသာ..ဖြစ်တာပါ... မင်းနဲ့မဆိုင်ဘူးSehun ''
Suhoက ပြေရာပြေကြောင်း ပေါက်ကရတွေနဲ့ လျှောက်လိမ်နေတဲ့ကလေးလိုပဲ ။ ယုံချင်စရာကောင်းအုံးမှပေါ့ Hoshiရယ် ။
ANDA SEDANG MEMBACA
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fiksyen Peminatခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)