အပ်ပေါက်ရာလောက်တောင် စွန်းထင်းခြင်းမရှိအောင် ဖွေးစွတ်နေသည့်အဖြူရောင် ဝတ်စုံတစ်စုံနှင့် ကျွန်တော်ဟာ အရှိန်အဟုန်နှင့်ပြေးဆင်းလာသည့် ရေတံခွန်တစ်ခု၏ ရှေ့တည့်တည့်တွင်ရပ်နေခဲ့သည် ။ ဆန်းကြယ်စွာ စိမ်းပြာရောင်တဖိတ်ဖိတ်တောက်နေသည့်ရေတွေ စီးဆင်းနေသည့်ရေတံခွန်မျိုး ကျွန်တော့်ဘဝမှာတစ်ခါမှ မမြင်ဖူးခဲ့တာမို့ အရမ်းစိတ်လှုပ်ရှားနေမိတာတော့ အမှန်ပဲ ။ ရေထဲမှာကလည်း ညဘက်ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်လေးတွေများရှိနေလေသလား ထင်မှတ်ရလောက်အောင် တလက်လက် ။ ထိတွေ့ရန်စိတ်ပြင်းပြနေပေမဲ့ ဆန်းကြယ်သည့်ထိုအရာကို မသိစိတ်ကတော့ ကြောက်ရွံ့မိနေတုန်းပဲ ။ ရှေ့ကိုပိုတိုးလိုက်သည် ၊ ပို၍ ပို၍ နီးသထက် နီးလာအောင် ၊ ဒီလောက်တဝေါဝေါဆင်းနေသည့် ရေတံခွန်နှင့်နီးကပ်နေတာတောင် ထူးဆန်းတာက ကျွန်တော့်ကိုယ်ပေါ်ရေတစ်စက်လေးတောင်မှ လာမစင်ဘူး။ အနည်းငယ်ထိတ်လန့်နေပေမဲ့လည်း လူဆိုတာကသိပ်စပ်စုတတ်တဲ့အမျိုးလေ ။ လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ကြိုးစားမိသည် ။ညာဘက်လက်ပေါ်က စိုစွတ်မှုနှင့်အတူ မျက်စိကိုဖွင့်ကြည့်ရန်ကြိုးစားကြည့်ပေမဲ့ ဦးခေါင်းတလျှောက်ကိုက်ခဲမှုက အင်အားပြင်းထန်နေလေသည် ။ ထိုစိုစွတ်မှုဟာ ထပ်ခါထပ်ခါ ကျွန်တော့်ညာလက်ပေါ် ကျကျလာသည်နှင့် ရင်ဘတ်ထဲကနာကျင်မှုက ခေါင်းထဲကနာကျင်မှုထက် ပိုဆိုးသည် ။ အရင်တစ်ခါထက် ပိုအားစိုက်ကာ လေးလံနေတဲ့မျက်ခွံတွေကို ထပ်မံဖွင့်ကြည့်လိုက်သည် ။ ဒီတစ်ခါတော့ အောင်မြင်သွားသည်ဟုပြောရမည် ၊ အဖြူရောင်မျက်နှာကျက်ပေါ်က Sehunနဲ့ကျွန်တော်တို့၂ယောက်ပုံလေးကို ပြတ်ပြတ်သားသားကြီးမြင်လိုက်ရသည် ၊ ဒါဆိုအခုကျွန်တော်တို့အခန်းထဲမှာပေါ့ ၊ နောက်ဆုံးကျွန်တော်မှတ်မိသလောက်တော့ Sehunကိုသွားတွေ့တာရယ် အသက်ရှူကျပ်လာတာရယ် ပြီးတော့ သူကျွန်တော့်ကိုပြေးဖက်လိုက်တာရယ် ။ ဟုတ်သားပဲ.... သူရော?.. Sehunရော?... ။ တစ်စုံတစ်ယောက်က ကျွန်တော့်လက့်ကို ဆုပ်ကိုင်ထားတာကြောင့် ကြည့်မိလိုက်တော့ သူ ။
Sehunက Suhoလက်လေးကို သူ့လက်နှစ်ဘက်နှင့်အုပ်မိုးဆုပ်ကိုင်ကာ မျက်လုံးတွေကိုတင်းတင်းပိတ်ထားပြီး ခေါင်းကိုလည်းငုံ့ထားသည့်အတွက် Sehunမျက်နှာကိုမမြင်ရပေ ။ အခန်းမီးရောင်ဟာလည်း မှိန်ပါးပါးမို့ ကျွန်တော်ဘယ်လောက်ပဲအာရုံစိုက်စိုက် သူ့မျက်နှာကိုသေသေချာချာ အကဲခတ်မရပေ ။ လက်ဖမိုးပေါ်သို့ မျက်ရည်မိုးရေစက်တို့က တစ်စက်ချင်း တစ်ပေါက်ချင်း ။ အိမ်မက်ထဲက ကျွန်တော်ထိတွေ့လိုက်ရသည့်ရေစက်လေးဟာ အပြင်မှာတော့ သူ့မျက်ရည်တဲ့လား ။ လက်တွေ့ကမ္ဘာမှာတော့ လက်ဖမိုးပေါ်ကမျက်ရည်စက်က ငရဲမီးလိုပူလောင်လှတယ်Honeyရယ် ။ Honeyဟာ ရှိုက်ကြီးတငင်ငိုနေခဲ့တာ မဟုတ်ပေမဲ့ အချိန်အကြာကြီး တမြေ့မြေ့မြည်ကြွေးနေခဲ့ပုံရသည် ။ ထိတွေ့နေသည့်သူ့လက်တွေတောင် အေးစက်နေပါရောလား ။

BẠN ĐANG ĐỌC
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...