လေနီကြမ်းနဲ့ မိုးသက်လေတွေ နှောင်ဖွဲ့ရစ်သိုင်းထားတဲ့ ဝမ်းနည်းစရာဒီလိုနေ့မှာ companyကစီစဉ်ထားတဲ့အတိုင်း promotionပွဲလေးလုပ်ဖြစ်ခဲ့သည် ။ ပွဲမရောက်ခင် ၁ပတ်အတောအတွင်း Aerisတွေရှေ့မှာအနေအထိုင် မပျက်အောင် Suhoအများကြီးကြိုးစားပြင်ဆင်ခဲ့ရသည် ။ မဟုတ်ရင် Sehunကိုမြင်ရုံနဲ့ ရင်ဘတ်အတွင်းနက်နက်တစ်နေရာကနေ စို့နစ်လာတတ်လို့ပါ ။" Sehun အခုနေပဲဖြစ်ဖြစ် စင်အောက်မှာပဲနေခဲ့ပါလားကွာ မင်းကိုကြည့်ရတာအားမရှိဘူး ငါ သူဌေးကိုကြည့်ပြောပေးပါ့မယ် ''
" ရတယ် Suho hyung ကျွန်တော့်ကြောင့် ကျန်တဲ့လူတွေကိုအခက်မတွေ့စေချင်ဘူး ''
Suho ထပ်စကားနိုင်မလုချင်တော့ ။ ပြောလည်းရမှာမဟုတ်လို့သာ လွှတ်ထားရတာ Sehunမျက်နှာကအရမ်းငြိုးငယ်နေတာ ပြိုတော့မဲ့မိုးလိုပဲ ။ စင်ပေါ်မှာ performanceလုပ်တော့လည်း Sehunကိုသာ တစ်ဖွဲ့လုံးကအရိပ်တကြည့်ကြည့်နဲ့ စိတ်ပူနေရပြန်သည် ။ မိုးထဲလေထဲလာအားပေးရသည့် fanတွေအပေါ် တာဝန်ကျေရမယ်ဆိုသော အငယ်လေး ။ လတ်တလော အခြေအနေကိုအကဲခတ်တော်သည့် Aeris ။ အဲ့၂ဖက်ကြား balanceညီအောင် ပွဲထိန်းနေရသည့် ကျန်8ယောက် ။
" အခုလို မုန်တိုင်းကြားကနေ လာအားပေးတာ တကယ် တကယ် ကျေးဇူးပါကလေးတို့ ''
"Nae...!!! "
" ထီး ဒါမှမဟုတ် မိုးကာရော ပါကြရဲ့လား မိုးမိလို့တော့မဖြစ်ဘူးနော်ကလေးတို့ ကျန်းမာရေးကိုဂရုစိုက်ရမယ် ဟုတ်ပြီလား?!! "
"ဟုတ်ကဲ့ပါ!!! "
" Oppaတို့ နောက်လဆို concertရှိတာသိပြီးကြပြီလို့ထင်ပါတယ် အဲ့တော့.. လာအားပေးကြမှာမလား ? ''
" လာမှာပါ... ''
" စောင့်နေပါ့မယ်ဗျာ ''
" ကဲ နောက်ဆုံးတစ်ပုဒ်အနေနဲ့ Promise '
စင်ပတ်လည်မှာခြံရံထားတဲ့ စပီကာကနေတဆင့် မရဲတရဲထွက်လာတဲ့ တယောသံဆွေးဆွေးကြီးကို စကြားလိုက်တာနဲ့တင် ပွဲတလျှောက်လုံးမနည်းကြိုးစားထိန်းခဲ့ရတဲ့ မျက်ရည်တွေကမျက်ဝန်းထဲကနေ အလုအယက် ပြေးထွက်လာမတတ်ပါလား...။ ကလေးတွေစိတ်ပူမှာစိုးလို့ ထိန်းချုပ်နေခဲ့ပေမဲ့ ဒီသီချင်းကအရမ်းနာကျင်ဖို့ကောင်းနေတယ် Hyung ။ ( Promiseသီချင်းလေး နားထောင်ရင်း ဆက်ဖတ်ပေးပါလို့ အကြံပြုချင်ပါတယ်)
BẠN ĐANG ĐỌC
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...