ကုတင်ပေါ်မှာ စောင်ကိုခေါင်မူးခြုံထားတဲ့ Hyung အိပ်နေတာမဟုတ်မှန်း Sehunသိသည် ။ ကိုယ်တိုင်လည်း မရည်ရွယ်ဘဲ အမှားလုပ်မိသွားလို့ (kiss) Hyungကိုအားလည်းအားနာသလို ရှက်လည်းရှက်သည် ။ ဒါပေမဲ့စဉ်းစားကြည့်မယ်ဆိုရင် hyungက စိတ်ဆိုးမနေခဲ့ဘူး ၊ တကယ်လို့သူသာ ကျွန်တော့်ကိုမချစ်ရင် အဲ့နေရာမှာတင်ဆွဲထိုးလို့ရနေတာပဲဟာ ဒါပေမဲ့ Hyungက ရှက်နေခဲ့တာဆိုတော့ ကျွန်တော်ပိုမျှော်လင့်လို့ ရမလား hyungရယ်...။ တဖက်ကုတင်ပေါ်က သေးသေးကွေးကွေးလေး ကျွန်တော်နဲ့ပက်သက်ပြီး ဘာတွေများစဉ်းစားနေလဲ ၊ ဘယ်လိုသဘောထားလဲ ကျွန်တော်အရမ်းသိချင်လှပြီ ။ Hyungကလည်း ဆေးဗူးတောင်မီးဖိုချောင်ထဲသွားမထားဘဲ အခန်းထဲတန်းပြေးလာတာ အခုထိစောင်ပုံထဲကထွက်မလာဘူး ၊ ကျွန်တော့်မှာလည်း သိချင်လို့သေတော့မယ် ။
မနေနိုင်တဲ့အဆုံး တဖက်ကုတင်ပေါ်တက်ပြီး စောင်ပေါ်ကနေပင် Suho hyungကိုဖက်ထားလိုက်သည် ။ စောင်အောက်ကသေးသေးလေးက ကျွန်တော့်ရင်ခွင်ထဲ နည်းနည်းရုန်းချင်နေသေးသည် ။ မျက်နှာချင်းမဆိုင်ရဲတာမို့ နောက်ကျောကနေသိုင်းဖက်ထားရင်း ရှေ့လက်တွေကိုပါလှမ်းချုပ်ထားလိုက်တော့ ငြိမ်ကျသွားခဲ့သည်။
" မရုန်းနဲ့တော့Hyung... ဖြေအုံးလေ ဆုံးရှုံးခွင့်ပေးမှာလား ပိုင်ဆိုင်ခွင့်ပေးမှာလားဆိုတာ. .. ကျွန်တော်ရင်ခုန်လို့သေတော့မယ် ... အခုဖြေပေးပါဗျာ.. နော်Hyung ''
" Sehun... ဟိုဟာလေ..ဟို... ခဏလောက်အချိန်ယူလို့မရဘူးလား... ဟင်? "
" Aww... ကျွန်တော့်ကိုမယုံလို့ကို... ကျွန်တော်ကအသုံးမကျတဲ့ အချစ်ရှုံးသမားဖြစ်နေလို့ hyungကိုစိတ်ကစားတယ်ထင်နေတာကို''
"ဟမ်? ကိုယ်..ပြောချင်တာ..အဲ့လိုမဟုတ်...မဟုတ်..ဘူးလေ ''
" မပြောနဲ့တော့ ရပြီHyung... ကျွန်တော့်ကိုမယုံလို့ငြင်းတာကို ကျွန်တော်ကဘာအထွန့်တက်နေရမှာလဲ... ကျွန်တော်မှမပြည့်စုံတာကို... ကျွန်တော်မှ Hyungနဲ့မထိုက်တန်တာကို..''
" ဟာ... အဲ့လိုမဟုတ်ဘူးလေ Sehunရဲ့..''
Suhoစကားကိုဆက်ပြောလို့မရအောင် Sehunကအရမ်းsensitiveဖြစ်လွန်းတယ်
STAI LEGGENDO
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)