တခါတရံ လေးနက်တဲ့အချစ်တွေကို အပေါ်ယံသုံးသပ်လို့မရဘူး
ချစ်ခြင်းတိုင်းမှာ လွဲမှားမှုဆိုတာရှိတယ်
အဲ့ဒီလွဲမှားမှုတွေထဲမှာ Honeyရဲ့နှုတ်ခမ်းတွေလည်းပါတယ်
မိုးရေစက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘာမှန်းမသိလိုက်တဲ့ရုပ်ရှင်ပြီးသွားတဲ့နောက် ဗိုက်ဖြည့်ရန်အလို့ငှါ စားသောက်ဆိုင်သွားရန် ကားပေါ်ပြန်ရောက်လာခဲ့ပြန်သည်။
" Hoshi ရုပ်ရှင်ကြည့်ကောင်းလား?''
မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်ပြီး ညစ်ကျယ်ကျယ်အပြုံးနဲ့ Oh Sehunရဲ့ထောက်ချောက်ထဲ တည့်တည့်မတ်မတ်ကြီးဝင်မိသည့် မိမိအပြစ်သာ
" တော်စမ်းပါ... ဉာဏ်နီဉာဏ်နက်တွေနဲ့
ကလေး ကလေးဆိုပြီး ရိုးလှချည်မှတ်နေတာ သိုးသားရေခြုံထားတဲ့ ဝံပုလွေဖြစ်နေတာကို ''
" haha ဒါတော့ hoshiက ကျွန်တော့်ကိုအထင်သေးတာလေ''
" မင့်ကြီးတော်ကြီး!!!''
"hahaha.....''
ဒါလူကိုဟားတိုက်နေတာ... ဒင်းတွေ့မယ် တွေ့မယ်... အလှည့်ကျရင်မနွှဲစတမ်းပေါ့ကွာ... အဟင်းဟင်း... Kim Suhoမှာလည်းအကြံနဲ့ပါ
" ဟင်....! Hoshi ကျွန်တော့်ဘက့်လှည့်အုံး! "
"အမ်... ဘာ...ဘာလို့လဲ ချက်ချင်းကြီး''
ရဲတက်လာတဲ့မျက်နှာနှင့်အတူ Sehunရင်ထဲကအပူမီးက မျက်လုံးတွေထိအခိုးရိုက်နေပုံရသည် ။ နီစွေ့စွေ့အရောင်ဘက် တစ်ဖက်သန်းနေလေသည်
" Hoshi နှုတ်ခမ်းပေါက်သွားတာလား ကျွန်တော့်ကိုပြစမ်းပါ''
"ဟင်..ဟုတ်လား ကိုယ်တောင်သတိမထားမိလိုက်ဘူး... အဲ့ဒါကြောင့် ထုံတော့ထုံနေသလိုပဲလို့ ''
သွေးနီရောင်စို့တက်ကာ အနည်းငယ်ဖောင်းနေသော ညာဘက်နှုတ်ခမ်းထောင့်လေးကို လက်မလေးနဲ့ ထိရုံလောက်လေးသာပွတ်သပ်ရင်း
" တောင်းပန်ပါတယ် Hoshi နာသွားလားဟင် ပေါက်တောင်သွားတယ်ကွာ... ကျွန်တော်တောင်းပန်ပါတယ်နော် ''
Sehunလက်ချောင်းတွေရဲ့ တုန်ရီမှုတွေက ထုံထိုင်းထိုင်း နှုတ်ခမ်းသားကတဆင့် Suhoဦးနှောက်လှိုင်းတွေဆီကို ထိပါးရိုက်ခတ်လာသည်။
STAI LEGGENDO
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)