ကားဘေးမှန်ကိုအမှီပြုရင်း အရောင်မှိန်နေတဲ့မျက်ဝန်းတွေကို ဖုံးကွယ်ထားလိုက်သည်။ ပါးပြင်ပေါ်မှာ ခပ်နွေးနွေးအရည်တွေ လိမ့်ဆင်းသွားတာကို ခံစားမိရုံလောက်လေး...
ဝင်သက်ထွက်သက်ငွေ့ငွေ့ကို လျစ်လှူရှုထားလိုက်သည်။ နာကျဉ်မှုတွေဖိတ်စင်လာတဲ့ ပန်းနုရောင်အမှတ်တရတချို့က လူကိုတွင်းနက်ထဲဆွဲခေါ်သွားပြန်ပြီလား... ခင်ဗျားရက်စက်တယ်ဗျာ~~~ (Sehun)

Sehunရဲ့အခုလိုအခြေအနေနဲ့ ကမ်းခြေကဘယ်လိုမှမအပ်စပ်တော့လို့ အိမ်ကိုသာပြန်လာခဲ့လိုက်ကြသည်။ အသွားနဲ့မတူ အပြန်ခရီးက လွန်စွာမှနာကြင်ဖို့ကောင်းလှချေလား ။ သတင်းတွေကသူဌေးနားထိအောင် ရောက်နေပြီမို့ ကျွန်တော်တို့ကိုအမြန်ပြန်ခေါ်နေသည်။ မသက်ဆိုင်တော့ဘူးလို့ပြောကြပေမဲ့လည်း အနည်းနဲ့အများတော့ ကျွန်တော်တို့အပေါ်သက်ရောက်မှုရှိနိုင်သည်ကို သူဌေးကကြိုတွက်ထားပြီးပုံရသည်။ aerisလေးတွေလည်း Sehunကိုအရမ်းစိုးရိမ်နေကြသည် ။ ပြီးတော့ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်တို့အပေါ်လွှမ်းမိုးမှုနည်းစေဖို့ companyဘက်က promotionပွဲအသေးလေးတစ်ခု စီစဉ်ထားတာလည်းရှိနေလို့ ဘယ်လိုဖြစ်ဖြစ် Sehunအားရှိနေဖို့လိုအပ်သည်။ အခုတော့ကြည့်ပါအုံး ဖျော့တော့နေလိုက်တာ... ကားမှန်ကိုမှီထားရုံနဲ့ မင်းမျက်ရည်တွေကိုမမြင်တော့ဘူးလို့ ထင်နေတာလားHunရယ် ။
အိမ်ပြန်ရောက်တာနဲ့ အခန်းထဲတန်းဝင်သွားတဲ့Sehun ညနေစောင်းထိအပြင်ထွက်မလာသေးပါ။ သူ့ကိုအနှောက်အယှက်ပေးသလိုဖြစ်နေမှာစိုးလို့ Suhoအခန်းထဲလည်း ဇွတ်မဝင်ရဲ ။ နောက် ၁ပတ်ရက်နေရင် ပွဲရှိနေသေးလို့ Sehun အားပြတ်လို့မဖြစ်ဘူး အဲ့ပွဲမှာSehunမပါရင် သူဌေးကပိုသောင်းကျန်းလိမ့်မည်။ အဲ့တော့ အမြန်ဆုံးအားပြန်ပြည့်ဖို့နဲ့ ဝမ်းနည်းတာတွေ အနည်းငယ်သက်သာစေမလားဆိုတဲ့ အတွေးနဲ့ ဂျင်ဆင်းလက်ဖက်ရည်ကို ၃နာရီကြာမီးဖိုဘေးတောက်လျှောက်မွှေရင်း ကိုယ်တိုင်ကြိုသည်။ အခုလိုအချိန် အစာမာစားလို့မဖြစ်ဘူးဆိုပြီး Sehunကြိုက်တဲ့ နှမ်းဆီမွှေးနဲ့ ခရုဆန်ပြုတ်ကိုကိုယ်တိုင်ချက်အုံးမည်တဲ့ ။ ဓားရှလိုက် ခရုခွံတွေခွာရင်းရှလိုက်နဲ့ ဒဏ်ရာတွေကလည်းမနည်းပါလား။ မီးဖိုခန်းထဲမှာ ယောက်ယတ်ခတ်နေတဲ့Suhoကိုကြည့်ပြီး Chenမနေနိုင်တော့..
YOU ARE READING
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)