ဆောင်းဦးလေတသုန်သုန်တိုက်ခတ်နေတဲ့ ညနေခင်းတစ်ခုမှာ အအေးဓာတ်ဟာသာမာန်ထက်ပိုကဲနေခဲ့သည် ။
Curtainနောက်ကွယ်ကချစ်ခြင်းတရားတွေအကြောင်းရေးဖွဲ့ထားတဲ့ သီချင်းသံသဲ့သဲ့ကို ပထမထပ်ဝရံတာဆီမှ ခပ်ရေးရေးကြားနေရသည် ။ Suhoက ဖုန်းထဲမှအစီအရီထွက်လာတဲ့ သံစဉ်တွေအပေါ် ရာနှုန်းပြည့်စိတ်နှစ်ကာ မျက်လွှာလေးကိုချ ခေါင်းလေးကိုမော့ ၊ သီချင်းလိုက်ညီးနေလေသည် ။ curtainတွေရဲ့နောက်ကွယ်မှာ သူ့သီချင်းကိုခိုးနားထောင်နေတဲ့ ပါးချိုင့်လေးတွေရှိနေခဲ့တာ ဘယ်သူမှမရိပ်မိခဲ့ဘူး ။ အခုမှမဟုတ်ပါဘူး အရင်ကလည်း ခိုးကြည့်နေခဲ့တယ် ခိုးဂရုစိုက်ခဲ့တယ် ပြီးတော့ခိုးချစ်နေခဲ့တယ်ဆိုတာရော ။ သီချင်းသံရဲ့အဆုံးမှာ Suhoမျက်လုံးတွေပြန်ဖွင့်လိုက်ပြီး သတိမထားမိခဲ့တဲ့ အအေးဓာတ်ကိုလည်း သိသိသာသာခံစားလိုက်ရသည် ။
" အာ့... အေးလိုက်တာ ''
ယုန်မွှေးဆွယ်တာပါးပါးလေးတစ်ထည်က ဆောင်းဦးလေကိုတိုက်ရိုက်တော့ ဘယ်ခံနိုင်ပါ့မလဲ ။ ဆွယ်တာလက်ရှည်ကို လက်ဖျားတွေဖုံးအောင်ထိဆွဲချလိုက်ပြီး လက်နှစ်ဖက်ကို ကြက်ခြေခတ်ယှက်လိုက်ကာ ချိုင်းအောက်ကိုဖွက်ထားလိုက်သည် ။ sportwearဘောင်းဘီဝတ်ထားတဲ့ ဒူး၂ချောင်းကို တဆက်ဆက်ခါအောင်လှုပ်ခတ်ရင်း
" Sehunရေ..... ! Oh Sehun.... ! အနွေးထည်ယူခဲ့ပါအုံး.. ဒီမှာအေးလာပြီ ''
သူဟာ သူ့ချစ်သူကိုတမ်းတနေခဲ့တယ်ဆိုတာ curtainတွေနောက်ကနေ အနွေးထည်အပြေးအလွားသွားယူရှာတဲ့ သိုးငယ်လေးဟာမကြားခဲ့ပါဘူး ။ Xingက အနူးညံ့ဆုံးနဲ့အနွေးထွေးဆုံး အနွေးထည်တစ်ထည်ကိုပိုက်ကာ အပြေးလေးဝရံတာကချစ်ခြင်းဆီသို့ ဦးတည်လာခဲ့ပေမဲ့ ၊ Sehunက စောင်အထူကြီးတစ်ထည်နှင့် Suhoကိုထွေးပွေ့ထားပြီးသားဖြစ်သည် ။ ဝရံတာတံခါးလက်ကိုင်ပေါ်က Xingရဲ့လက်တွေ့ဟာ အားပျော့သွားခဲ့သည် ။ တုန်ရီနေတဲ့ရင်ခုန်သံတွေ ပုံမှန်တည်ငြိမ်သွားစေဖို့ စက္ကန့်အတန်ကြာ မှန်တံခါးတွေကတဆင့် သူ့အပြုံးတွေကိုငေးကြည့်နေမိသည် ။ ပုံမှန်ဖြစ်နေကျအတိုင်းပဲ ၊ ကျွန်တော်ဟာအမြဲတမ်း ခြေတစ်လှမ်းနောက်ကျနေကြ ။ တခါတလေ ရင်ထဲစူးခနဲအောင့်သွားတတ်တာကလွဲလို့
ကျွန်တော်အဆင်ပြေပါတယ် ကျွန်တော်ကျေနပ်တယ် ။
BẠN ĐANG ĐỌC
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)