အပိုင်း(၂၃)

739 81 0
                                    

          အညိုရောင်တိမ်လိပ်တိမ်သားများက ကောင်းကင်တွင် ရစ်သိုင်းနေသည် .. .. တဂျိမ်းဂျိမ်းနှင့် မိုးခြိမ်းသံတို့က အသည်းငယ်သူများအား ခြောက်လန့်နေသယောင် ယောင် .. သို့သော် မိုးစက်မိုးပေါက်တို့က ကျမလာသေး ...
         မကြာခင်မိုးရွာတော့မည်ဆိုသည်ကို သိသောကြောင့်ထင်သည် ယခင် ပျံသန်းနေကြ ငှက်ကလေးများပင် အနားယူနေကြလေပြီ...
            ကြာရွက်များကတော့ ရေလှိုင်းအပုတ်တွင်တစ်လှုပ်လှုပ် .. လိုင်လိုင် တစ်ယောက်  မိုးကောင်းကင်ကို တကြည့်ကြည့် နှင့်လုပ်နေသည်ကို မြင်လျှင် ..
ဆရာကြီးမုန့်က ပြုံးလိုက်ပြီး ...

           '' ငါ့တပည့်ပြန်ချင်ပြန်လေ ... မိုးကမကြာခင်ရွာတော့မှာ ..ငါကတော့ ဒီရုပ်ထုလေးကို လက်စသပ်လိုက်အုံးမယ် .. .. ''
        ဆရာကြီးမုန့်၏လက်ထဲတွင် စူးတစ်ချောင်းကိုင်ထားပြီး ရှေ့တွင်ချထားသော သစ်သားရုပ်ကြီးကို လက်စသပ်နေ၏ ... အရုပ်မှာ ခြူးနဂါးအရုပ်ဖြစ်ပြီး အတွန့်အခက်များမှာ ထောင်ဂဏန်းခန့်ရှိသည် .. တောင်ကိုပတ်ကာရစ်ခွေနေဟန် နဂါးရုပ်မှာ လက်စမသပ်ခင်ပင် အသက်ဝင်နေ၏ ..   

          ''ရပါတယ် ဆရာကျွန်တော်စောင့်ပါ့မယ် ... မိုးကလောလောဆယ်ရွာမယ် မထင်သေးပါဘူး ...''''
            ''' ဟားဟား မင်းပြောလိုက်မှ မိုးပွားတောင်ကျလာပေါ့..''''
            လိုင်လိုင်သည် သူပြောလိုက်မှ ကျလာသောမိုးစက်များအား စိတ်ဆိုးသွား သည်.. အသန့်လွန်စွာကြိုက်သော သူ့အတွက် မိုးစက်များသည် ရန်သူ မဟုတ်လား ..မိုးရွာလျှင် ဗွက်ထသည် ထိုဗွက်များကို သူရွံသည် .. အဖြူဆွတ်ဆွတ် သူ၏အင်္ကျီနှင့်ဘောင်းဘီကို ညစ်ပတ်စေသည်လေ...

             ဆရာကြီးမုန့်က ရုပ်ထုကို တစ်ဒုတ်ဒုတ်နှင့်ဆက်ထုရင်း ..
        ''စိတ်မပူနဲ့တော့ လိုင်လိုင်ရေ ငါတို့အတွက် ထီးယူလာပေးမယ့် လူနှစ်ယောက် လာနေပြီ.. အားဖုန်နဲ့အားချန်လေ ...ဒီကလေးတွေက အတော်လေး အလိုက်သိတဲ့ ကလေးတွေ ..အရာရာကို ခန့်မှန်းလွယ်တယ် ... ငါတို့ ထွက်သွားတုန်းက ထီးမပါလို့ လိုက်လာပေးတာ  ဖြစ်မယ်...'''
         လိုင်လိုင်သည် သူ့ဆရာပါးစပ်မှ အခြားသူများအား ချီးကျူးသည့်စကားကို မည်သည့်အခါမှ မကြားလိုပေ.. ထိုအစား ရွှံနွံထဲတွင်ပင် လူးလိမ့်ကာ အိပ်လိုက်ချင် သေးသည် ..

အစ၏အဆုံး အဆုံး၏အစ Wo Geschichten leben. Entdecke jetzt