အပိုင်း(၄၃)

673 77 0
                                    

     ကျောက်ဂူအ၀ရှိ ခြုံနွယ်ဘုတ်သို့ ရောက်သည့်အခါ .. ထန်ဖုနှင့် တပည့်ကျော် က နှားခေါင်းတရှုံ့ ရှုံ့ နှင့်လုပ်နေကြသည်.... ထန်ဖုက ..
       '''အားကွေ့ရေ ဒီနေရာလားဟေ့ .. ငါ့နှာခေါင်းထဲမှာ စိမ်းရွှင်ရွှင်အနံ့ရတယ် .. မြွေမဟုတ်ရင်တောင် အဆိပ်ပြင်းတဲ့အကောင် တစ်ကောင်ပဲ ..'''
        တပည့်ဖြစ်သူက အပိုင်သေချာသည့်နှယ်..
       ''ဆရာထန် ရေ တခြားကောင်မဟုတ်ဘူးဗျို့ ..မြွေမှ မြွေအစစ်ပဲ ..'''
        အားကွေ့သည် ထိုနှစ်ယောက်၏ စကားနှင့် အတွေ့အကြုံအား ကြိတ် အထင်ကြီးကာ ..
       ''နှစ်ယောက်စလုံးတော်တယ်ဗျာ ..အဲ့ဒီခြုံကြား ဂူပေါက်ထဲမှာ မြွေရှိတယ်ဗျ .. ဖမ်းပြီးအ၀ချက်စားဖို့သာ ပြင်ပေတော့ ..'''
        ထန်ဖုက ပါးစုံမို့မို့ကြီး အလွာတွန့်သွားသည်အထိပြုံးပြီး
        ''ဒီကောင့် ကျက်စားတဲ့နေရာအထိမသွားပဲ ဒီနေရာအထိများခေါ်ပြီး ကွိခနဲ မိအောင် ဖမ်းရမယ်ကွ.. သူ့ပိုင်နက်ထဲမှာဆို တခြားကိုထွက်ပြေးဖို့ ဂယ်ပေါက်တွေ လုပ်ထားမှာပဲ .''''
        အားကွေ့က
       '' သူ့ ထွက်လာတာကို ထိုင်စောင့်နေမယ်ဆိုရင်တော့ မလွယ်လောက်ဘူးနော်..''
         ထန်ဖုကလက်ကိုခါပြလိုက်ကာ ..
        '' မထိုင်စောင့်ပါဘူးကွ .. ဒီကောင် မုချ ထွက်လာစေရမယ့် ပစ္စည်းငါ့မှာရှိတယ် .. ဟိုတခါ မင်းငါ့ကို ဟင်းချက်နည်းလိမ်ပြောသွားတုန်းက မင်းတွေ့လိုက်ရတဲ့  ဗူးဝိုင်းလေးဟာ ဒီကောင်တွေအတွက် ငါးစာပဲ.. တင်းလုံဂိုဏ်းမှာတုန်းက ငါ့တပည့် တစ်ယောက်ရဲ့ ပစ္စည်းလေးပေါ့ကွာ.. တင်းလုံဂိုဏ်းလဲ ဖျက်သိမ်းလိုက်ရော ငါ့ တပည့် လည်းဘယ်တိုင်းပြည်ရောက်သွားမှန်းမသိတော့ဘူးဟေ့..'''
            အားကွေ့က ခြုံဘုတ်ကို လက်နှင့်ဖြဲကာ မြွေရိပ်မြွေယောင်မြင်ရမလားဟု ကြည့်ရင်း ...

         '''' ဘုန်းဘုန်းငါးတပည့်ကဘယ်သူလဲဗျ ..'''
          '' ဒီကောင်ကလည်း သူ့ဟာသူတော့ နာမည်ကြီးပဲ .. မင်းကြားဖူးမလားတော့ မပြောတတ်ဘူး တောင်ငါးလုံး တောဆယ်တောပိုင်ရှင် နှစ်ဘွဲ့ရ သားရဲသခင် တဲ့ ..'''
            အားကွေ့သည် စိတ်ဓါတ်တက်ကြွစွာ
            '''ဟာ ကြားဖူးပြီလားဗျာ .. တိရိစ္ဆာန်မျိုးစုံကို နိုင်ချင်သလို နိုင်တယ်ဆိုတဲ့ .. တကယ့်ပညာရှင်ကြီးပဲ ..'''
             ထန်ဖုသည် တပည့်ကျော်၏ အရည်အချင်းကို ဂုဏ်ယူစွာဖြင့် .. သူအမြဲမပြတ် ဆောင်ထားသော ဗူးဝိုင်းကို ထုတ်ပြကာ
            '''  အေး ..ဒီကောင့်ရဲ့ လှို့ဝှက်ချက်က ဒီဗူးလေးပဲကွ .. အဲ့ထဲက ဆေးရည် လေး တစ်စက်လောက် မြေမှာ ချထားလိုက် အနီးအနားက အဆိပ်ပြင်းတဲ့ အကောင်  တွေ သူ့ဟာသူ လာကြတော့တာပဲကွ.. အဲ့ဆေးကို ပရဆေးမုဆိုးတိုင်းဘာလို့ လိုချင်တယ် ဆိုတာ ဒီလောက်ဆိုမင်းသိပြီပေါ့ ..'''

အစ၏အဆုံး အဆုံး၏အစ Tempat cerita menjadi hidup. Temukan sekarang