အပိုင်း(၉၇)

1.8K 73 27
                                    

#97 ( အစ၏အဆုံး ..အဆုံး၏အစ )

       ထိုသို့ဆုံးဖြတ်ချက်ချကာ နဘေးနဘီအား အကဲခတ်ပြီးနောက် အနီးရှိ ထီး ဖိနပ်နှင့်ခြုံလွှာများရောင်းသောဈေးဆိုင်ထံသို့ လျှောက်လှမ်းသွားလိုက်၏.. စုံစမ်းစစ်ဆေးရေးဌာနတည်နေရာလည်း စုံစမ်းရင်း ..ပေါက်ပြဲစုတ်ပြတ်နေသော ဖိနပ်အသစ်လည်း ၀ယ်ရင်းဟူ၍ပင်.. ဆိုင်မှာ သစ်သားစားပွဲရှည်ခင်းကာ သက်ကယ်မိုးတပ်ထားသော ခပ်နုတ်နုတ်ဆိုင်လေးဖြစ်၏ ..သို့သော် ပစ္စည်းအမျိုးများ ကတော့ စုံလင်ပေသည်.. ထင်းရှူးခုံဖိပ်နပ်များ ..ပိတ်သားချည်ထိုးဖိနပ်များ .. ခြေနင်းဖိနပ်များ..သားရေဖိနပ်များ.. ကောက်ရိုးကွင်းစွပ်ဖိနပ်များ .. ကြိမ်ယက်ဖိနပ်များ.. ရွှေချည်ငွေချည်ထိုးထားသည့် အနွေးဖိနပ်များ ..သားမွှေးဖိနပ်များ အစရှိသည့်ဖိနပ်မျိုးစုံ .. အရောင်အသွေးအစုံချယ်သထားသည့် ဆီစိမ်စက္ကူသားထီးအရွယ်စုံ .. သားမွှေးခြုံလွှာ ..ကတ္တီပါခြုံလွှာ ..ပိုးခြုံလွှာ .. သားရေခြုံလွှာ ... ပိတ်သားခြုံလွှာ အစရှိသော ခြုံလွှာအသီးသီးများကို စားပွဲပေါ်တကန့်စီ တကန့်စီတင်ပြီးရောင်းချနေခြင်းဖြစ်၏..  ဆိုင်ပိုင်ရှင်မှာ သက်လတ်ပိုင်းအရွယ် သေးကွေးပိန်လှီသော လူ့ဗလံလေးဖြစ်ကာ မျက်စိအစုံမှာ စွေစောင်းလျှက်ရှိသည် ..

            ထိုလူမှာ စွေစောင်းနေသော မျက်စိကို အကျိုးရှိရှိအသုံးချတတ်သူ တစ်ယောက်ဖြစ်ပုံရသည် တောင်တစ်လုံးမြောက်တစ်လုံးမျက်ဝန်းများဖြင့် လမ်းသွားလမ်းလာမှန်သမျှကို အလွတ်မပေးစတမ်းလိုက်ကြည့်နေ၏...

          အားကွေ့မှာ စားပွဲခုံရှေ့သို့ရပ်လိုက်ရင်း တွေးမိသည်..

         ''အင်း ..သဘာဝတရားကြီးကတော့ လောကကြီးနဲ့လိုက်ဖက်ညီအောင် ဖန်တီးပေးထားတာပဲ ..ဒီလူကို မြင်တာနဲ့ မတရားစပ်စုမယ့်လူဆိုတာ မပြောဘဲနဲ့ သိနိုင်တယ် ..ဒီလိုလူမျိုးကိုမှ တချိန်ထဲ မြင်ကွင်းနှစ်မျိုးကြည့်နိုင်အောင် မဖန်တီးပေး ထားရင် ဘယ်လိုလူမျိုးကို ပေးရအုံးမှာပါလိမ့်.. အဲ ..သူ့မျက်လုံးက သူစပ်စပ်စပ်စုစု ကြည့်လွန်းလို့ စွေစောင်းသွားတာလည်းဖြစ်နိုင်ရဲ့ ..''

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Apr 29, 2019 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

အစ၏အဆုံး အဆုံး၏အစ Tahanan ng mga kuwento. Tumuklas ngayon