အပိုင်း(၃၉)

592 76 0
                                    

    ( ကိုယ်ကတော့ ဒီအပိုင်းဖတ်ပီး  အားကွေ့ fan အကြီးစား  ဖြစ်ခဲ့တာ)

#39 ( အစ၏အဆုံး ..အဆုံး၏အစ )

       ခေါင်းတယမ်းယမ်းနှင့်ထွက်သွားကြသော သွားကျိုးနှင့်ဒက်ပေါတို့ကို ကြည့်ကာ အားကွေ့ပြုံးလိုက်ရင်း သံပုံးနှင့်ထမ်းပိုးကို ယူကာ မည်သည့်ရေမှ မခပ်တော့ဘဲ တောင်ပေါ်သို့ပြန်တက်သွားလေ၏...

       ကျားဘီလူးဆရာတော်သည် ရေတစ်စက်မှ မပါလာသော အားကွေ့ကို ကြည့်ကာ ကြိမ်းမောင်းမည့်ဟန်ပြင်လျှင် အားကွေ့က...

      ''' ကိုယ်တော် ကျုပ်ကိုဆူမယ်ပူမယ်တော့မကြံလေနဲ့တော့ .. ခဏနေရင် ကျုပ် တံခါးနီကိုဖြတ်တော့မှာ အဲ့ခါဆိုရင် ရှောင်လင်မှာဆက်နေရင် ကျားနဂါးဘွဲ့ရ ဆရာတော် .. လူဝတ်လဲရင် ရှောင်လင်ရဲ့အဝေးရောက်သိုင်းသမားဖြစ်မှာ .. အဲ့ခါကျ ရင် ကိုယ်တော့်ထက် ကျုပ်ကအဆင့်ပိုသာတော့မှာဗျ...''''

        ကျားဘီလူးဆရာတော်သည် အားကွေ့၏ စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်နေရာမှ ..

       ''''ဟား..ဟား'.ဟား..ဟား.. အားကွေ့တစ်ယောက်တော့ ရေဒါဏ်ကြောင့် ရူးပြီ ဗျို့ .. အဟွတ်အဟွတ် ..ဟားဟားဟားဟား'''

          မျက်ရည်များထွက်ကျလုအောင်ရယ်နေသော ကျားဘီလူးဆရာတော်အား အမှုမထားတော့ဘဲ .. သံပုံးနှင့်သံထမ်းပိုးကို ချကာ အားကွေ့တစ်ယောက် ထွက်လာ ခဲ့သည်...
          ထို့နောက် ဆွမ်းစားဆောင်တွင် မုန်ညှင်းဖြူကျော်နှင့် ထမင်းဖြူ သုံးလုံးမျှ စားပြီးလျှင် တံခါးနီဆောင်ရှေ့သို့သွားကာ  လူတစ်ရပ်စာမျှရှိသော မောင်းကြီးကို အဆက်မပြတ်တီးလေ၏...

         ''' ဒူ..ဒူ...ဒူ....ဒူ''''

           ဆန်းဆက်တောင်တစ်ခွင်လုံး မြည်ဟီးသွားသော မောင်းသံကြောင့် ဆွမ်းစား လက်စ ကိုယ်တော်များပင် အစားအသောက်ရပ်ပြီး  တံခါးနီဆောင်သို့ လာရောက် စုရုံးကြလေသည်..
           တံခါးနီကို ဖြတ်သန်းမည့်သူသည် ရှောင်လင်၏ သဏ္ဍန်ငါးမျိုးသိုင်း နှင့် ရှောင်လင်၏ လှို့ဝှက်ခုနှစ်ဆယ့် နှစ်ကွက်ထဲမှ တမျိုးကို တတ်ကျွမ်းအောင်မြင် ရမည့်အပြင် .. ၀င်္ကပါပညာနှင့် သမာဓိကို တည်ငြိမ်စွာ ဆောက်တည်နိုင်မှသာလျှင် ကျော်ဖြတ်နိုင်မည်ဖြစ်၏ .. တစ်ခုခုမျှ ချွတ်ချော်သွားရင် ယန္တရားဒါဏ်ကြောင့် လည်းကောင်း .. ကြေးလူရုပ်များကြောင့်လည်းကောင်း .. ဒုက္ခိတဖြစ်နိုင် သေဆုံးနိုင်လေသည်.. 

            ထိုမျှခက်ခဲလှသော တံခါးနီအား ပညာရည်မပြည့်ဝလျှင် ကိုယ့်အသက်နှင့် လောင်းကြေးထပ်၍တော့ မည်သူမျှမိုက်မိုက်မဲမဲစိန်ခေါ်မည်မထင် ..
           မိမိကိုယ်မိမိ ယုံကြည်ပြီ သိုင်းပညာရည်ပြည့်ဝပြီ ဖြတ်သန်းနိုင်ပြီ  ဟုယူဆ လျှင်မူ ထိုတံခါးနီရှေ့ရှိ မောင်းကြီးကို ထုကာ စိန်ခေါ်နိုင်သည် ..

အစ၏အဆုံး အဆုံး၏အစ Wo Geschichten leben. Entdecke jetzt