အပိုင်း (၇၈)

596 77 0
                                    

          အမာရွတ်နှင့်အပေါင်းအပါငါးယောက်တို့သည် မပီဝိုးတ၀ါး လရောင်ကြားမှ မြင်းဖြူဘုံကျောင်းဆီသို့ တရွေ့ရွေ့တိုးကပ်နေကြသည်.. မောင်းနှစ်ချက်တီးမို့ ဘုံကျောင်းတစ်ခုလုံး အိပ်မောကျနေဟန်တူ၏ အရာရာတိတ်ဆိတ်ငြိမ်သက်နေ၏...

         ခြောက်ယောက်စလုံး အတွင်းအား မြင့်မားကြသူပီပီ တစွန်းတစ အလင်းရောင် ၌ပင် နေ့အလားမကွဲပြားအောင် မြင်တွေ့နိုင်စွမ်းရှိကြသည်..
       ညနေစောင်းခါက ဆောင်းအကုန်နွေဦးအကူး နူတ်ဆက်လက်ဆေးမိုး ရွာချထားသော ကြောင့် သူတို့လျှောက်လာရာမြေသားလမ်းမှာ ကျစ်လစ်စိုစွတ်နေသည့်ပြင် မြေသင်း ရနံ့ မိုးထိရွက်ကြွေရနံ့ကလည်း ၀န်းကျင်ကို ပျံ့နှံ့နေ၏...

          အမာရွတ်တို့သည် ကျောက်လှေကားထစ်အတိုင်းတက်လာနေရင်း တောင်ခါးပန်း မြေသားကွက်လပ်နားသို့အရောက်

            ''ရပ်စမ်းဟေ့...ဒီနေ့ကစပြီး တောင်ပေါ်ကို သူစိမ်းတွေအတက်မခံတော့ဘူး ဆိုတာမသိဘူးလား.. ''

             အသံနှင့်အတူ ကွက်လပ်နဘေး ထင်းရှူးပင်တန်းလေးများထဲမှ ဘုန်းကြီး ဆယ့်ကိုးပါးထွက်လာသည်...

             ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခပ်၀၀ဘုန်းကြီးတပါးဖြစ်ပြီး အ၀ါရောင် သင်္ကန်းကို ဖရိုဖရဲနှင့်ဝတ်ဆင်ထား၏ .. သူ၏လက်ထဲတွင် နှစ်တောင်ခန့်ရှည်သော ဒုတ်တိုတစ်ချောင်းကိုင်ဆောင်ထားပြီး ထိုဒုတ်တွင် အဆစ်ခုနှစ်ဆစ်ရှိသည်.. သူ့နောက်မှ ဘုန်းကြီးဆယ့်ရှစ်ပါးမှာ မီးခိုးရောင်ဘောင်းဘီ အ၀ါရောင်သင်္ကန်းများနှင့် လက်ထဲတွင် ကညင်ဆီမီးတုတ်များကိုင်စွဲထားကြရာ မြေကွက်လပ်တစ်ခုလုံးလင်းထိန် ၍နေ၏...

              ၀၀ဘုန်းကြီးက ဒုတ်ကိုထောင်ပြီးအချက်ပြလိုက်ရာ ကျန်ဆယ့်ရှစ်ပါးသည် မီးဒုတ်များကို မြေသားအတွင်းသို့ ထိုးထည့်စိုက်ထူလိုက်ကြသည်... ထိုဘုန်းကပင် ဆက်လက်၍..

               ''ကဲညကြီးအချိန်မတော် ကျုပ်တို့ဘုံကျောင်းကို လာခဲ့ကြတဲ့ မိတ်ဆွေများ အရေးအရာမကြီးရင် လာလမ်းအတိုင်း ပြန်ကြပေတော့.. အရေးအရာကြီးရင်တောင် မြင်းဖြူဘုံကျောင်းဆရာတော်ဖုလုံး ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် တောင်ပေါ်ကို တက်ခွင့်ရမှာမဟုတ်ဘူး..''

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora