အပိုင်း(၄၂)

664 74 2
                                    

        ဖားပြုတ်အိုကြီးသည် ဘယ်ဘက်ခြမ်းသို့ ကူး၍ဆေးဝယ်ရန်ပြင်နေသော ရှု့ယီ၏ပုခုံးကိုဆွဲကာ ဈေးတန်းအတိုင်းဆက်လျှောက်လာခဲ့သည်...ဈေးတန်းအလယ်တွင် စားသောက်ဆိုင် ကြီးတစ်ဆိုင်ရှိပြီး ဆိုင်နဖူးစီးတွင် သွေးစွန်းကဝေ၏အလှတရား ဟူသောကြီးမားသည့် စာတန်းကြီး ချိတ်ဆွဲထား၏ ..
           ဖားပြုတ်အိုကြီးသည် ဗိုက်ဆာလာသယောင်ရှိသည်နှင့်ရှု့ယီကိုခေါ်ကာ  ထိုဆိုင်ထဲသို့ ၀င်သွားလိုက်၏...
           ဆိုင်မှာသန့်ရှင်းသပ်ရပ်နေပြီး အပြင်အဆင်မှာအဆင့်အတန်းမြင့်လှသည်.. စားသုံးနေကြသူ သိပ်မများပြားသည်မို့ လွတ်သည့်စားပွဲတွင်ဝင်ထိုင်လိုက်ချိန်တွင် ...

           '''ဆရာကြီး ပုဝူးလူသွဲ့(ဖား) မြေအောက်ဈေးကို အလည်လာတာလားရှင် ..'''

            ဖားပြုတ်အိုကြီးသည် သူ၏လျှို့ဝှက်ထားသော နာမည် နှင့် အောက်ကလိ အောက်ကလာ အသံကြီးကို ကြားလိုက်ရသောကြောင့်လည့်ကြည့် လိုက်ရာ ....
          ရွတ်တွအိုစာနေသော မျက်နှာကြီးအားလွန်ကျူးစွာချယ်သထားသည့်  မိန်းမအိုကြီးအားတွေ့လိုက်ရ၏...

        ဖားပြုတ်ကြီးမှာ ၀မ်းသာအားရနှင့်  ..
       '''ထန်စူးစူး ... ဘယ်ကနေဘယ်လိုရောက်နေတာလည်း .. ငါဖြင့် မင်းသတင်းကို မကြားရတော့လို့ စိတ်ပူနေတာ ..'''

      ထန်စူးစူးက နူတ်ခမ်းကြီးစူကာ ကနွဲ့ကလျပုံစံဖြင့် လက်ထဲမှ လက်ကိုင်ပုဝါအား
လေထဲတွင် ဝှေ့ရမ်း၍
       '''ဆရာကြီးရယ် အဲ့ဒါတွေမပြောပါနဲ့ ပစ်တုန်းကပစ်ထားပြီးတော့ ... ဟွန်း .. ဒီကဖြင့် ကျောက်ကျူးထင်တို့ ရိလုံတို့ လက်ချက်နဲ့ သေသွားခါနီးပြီ .. နောက်ဆုံး ကြံရာမရလို့ .. မြေအောက်ဈေးမှာ စားသောက်ဆိုင်ဖွင့်လို့လာနေရတာ .. '''
          
         ဖားပြုတ်အိုက
         ''ငါ့ကလည်း အပြင်ကစာတမ်းကို မြင်ကတည်းက သိဖို့ကောင်းပါတယ် .. ငါကအလည်လာတာမဟုတ်ဘူးဟေ့ .. အရောင်းအ၀ယ်လုပ်ဖို့လာတာ ..''
         ထန်စူးစူးသည် အရောင်းအ၀ယ်ဟူသော စကားအား စိတ်ဝင်စားသွားကာ ညုတုတုဖြင့်  ..
            '''ဟင်းဟင်းဟင်း မြိုးမြိုးမြက်မြက်လေး ရမယ့် အရောင်းအ၀ယ်ဆိုရင် ထန်စူးစူးက သိပ်စိတ်ဝင်စားတာပဲ  သိလား.. ''
           ပုဝူးလူသွဲ့သည် ထန်စူးစူးအားတိုင်ပင်သင့်မတိုင်ပင်သင့် စဉ်းစားလိုက်ပြီး
နောက်မှ
           ''' ကောင်းပြီလေ ထန်စူးစူး အရောင်းအ၀ယ်တည့်ရင် မင်းလည်း မနစ်နာ စေရပါဘူး ...ငါကသတင်းတစ်ခုနဲ့ အညွန်းတစ်ခုလဲချင်တာ ..''''
            ထန်စူးစူးသည် သူမမျော်လင့်ထားသော အရောင်းအ၀ယ်မဟုတ်သဖြင့် မျက်နှာကြီးရှုံ့မဲ့သွားသည်..'
             ဖားပြုတ်အိုက ထန်စူးစူး၏ အမူအယာကိုရိပ်မိလိုက်သဖြင့်...

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora