အစ၏အဆုံး အဆုံး၏အစ အပိုင်း(၃၀)

773 72 1
                                    

         အားကွေ့သည် တောတန်းတစ်လျှောက် ပြေးလာရင်း မိမိကိုယ် မိမိ မယုံကြည် နိုင်လောက်အောင် ဖြစ်နေ၏ ... ကိုယ်ခန္ဓာတစ်ကိုယ်လုံးသည် ပေါ့ပါးလန်းဆန်းလျှက် တစ်ချက်တစ်ချက် ထခုန်လိုက်တိုင်း .. သစ်ပင် ထိပ်ဖျားထိ ရောက်လုလုတိုင်အောင် မြင့်တက်သွားသောကြောင့် မိမိကိုယ်မိမိ ၀ိဉာဉ် တစ်ကောင်အဖြစ်ပင် ထင်မိတော့၏..

         တဖွဲဖွဲကျနေသော နှင်းမှုန်များကြားတွင်  မိုးပေါ်သို့ပျံနေသည့် အလား ရွေ့လျားနေသော အားကွေ့ကိုမြင်လျှင် သာမာန်လူများအဖို့ နီကျားကိုယ်တော်လေး ( ချီးလင် ကို စီးနင်းထားသော လက်တွင်မီးကွင်းများ .. မီးခြေနင်းများ စွပ်ထားသည့် နတ်သူငယ်) ဟုပင် ထင်မြင်ကြပေလိမ့်မည်..

          အားကွေ့သည် ခုန်ပျံနေရင်းမှ ပျော်ရွှင်လွန်းသဖြင့်  ၀ူပေမြို့တွင် နေစဉ်က ကြည့်ရှုခဲ့ဖူးသော ကြိုးကြာငှက်များ၏ ဟစ်ကြွေးသံ ဟူသည့် ပြဇာတ်ထဲမှ ကကွက် အတိုင်း လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ ..
    '' ဖုန်း''   ဟူသော အသံထွက်လာပြီး ၀ဲ ဘက် ယာဘက် နှစ်ဖက်ရှိ ထင်းရှူးပင်ပျို နှစ်ပင်မှာ ခါးလည်မှ ပြတ်တောက်သွား၏...

       မိမိ၏လက်ဖြင့် မထိရပါဘဲ ပြတ်တောက်သွား သော ပေါင်လုံးခန့်ရှိသည့်  ထင်းရှူးပင် နှစ်ပင်အား ကြည့်ကာ ..
     ''ဟိုက် ..ငါ သရဲတစ္ဆေများဖြစ်သွားတော့တာလား ..''''

      ဟု ရေရွတ်၍  ခေါင်းတခါခါ လည်တခါခါဖြင့် တာမော အဆောင်သို့ အရိပ်သဖွယ် ပြေးလွှားသွားတော့၏...

  ......'''.....'''''  .....''''.....

      လွိယွီ တောင်တန်းသည် အလယ်ပိုင်းဒေသတွင်ဒုတိယတောင်ထွဋ်အများဆုံး နှင့် လှိုင်ဂူပေါက်ဝအများဆုံးဖြစ်သည် .. သက်တမ်းရင့် ကျားရဲတိရိစ္ဆာန်များ မှီတင်းနေထိုင် ကြပြီး နက်ရှိုင်းသော တောကြီး လည်းရှိ၏...

     ရက်စက်ကြမ်းကြုတ်သော သားရဲများပေါခြင်း ..သဘာဝဘေးအန္တရာယ် ကြီးမြင့် ခြင်းကြောင့် အလွန်တရာမှ ကျွမ်းကျင်လှပါသည်ဟူသော မုဆိုးကျော်များပင် ထို လွိယွီ တောင်တန်းနှင့် တောအားလက်ရှောင်၏..

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora