အပိုင်း(၆၂)

653 94 3
                                    


ဝူချောင်မြို့ဆိပ်ကမ်းပေါ်ကိုရောက်သည်နှင့် ကျင်းကျူးမှာ ကမ်းပေါ်ပြေးတက် သွားသဖြင့် ဘဘဟုန်းမှာ ကပြာကယာဖြင့် အထုတ်ဆွဲကာနောက်ကလိုက်သွားရ၏ ကျင်းကျူးမှာ နှေးတုန့်တုန့်လုပ်နေသော ဘဘဟုန်းအားစောင့်ကာ ..

''ဘဘဟုန်းကလည်း သိပ်နှေးတာပဲ .. ''

''သမီးကလည်း ၀ူချောင်မြို့ကြီးက ခြေထောက်မှမပါဘဲ ထွက်မပြေးပါဘူးကွယ်...''

''၀ူချောင်မြို့က ခြေထောက်မပါပေမယ့် အကိုအားကွေ့ကခြေထောက်ပါ တယ်လေ.. တော်ကြာ ဒီမှာမရှိတော့ရင်ဘယ်လိုလုပ်မလဲ .. ''

''ဟား..ဟား..ဟား..ဟား... ဟုတ်ပါပြီဗျာ .. ဒါဆိုလဲ အားကွေ့ကိုပဲ လိုက်ရှာကြတာပေါ့ ...''

မြို့ပေါ်တွင်ကား ပန်းနီနီအာမခံအဖွဲ့မှ သိုင်းသမားများ... ဇာမဏီငှက် တံဆိပ်နှင့် မဟာမိတ်အဖွဲ့သားများ ..ရွှေဗျိုင်းဖြူစံအိမ်သိုင်းသမားများ အစရှိသည် တို့နှင့်ပြည့်နှက် နေ၏..
ဘဘဟုန်းနှင့်ကျင်းကျူးနှစ်ယောက်သားသည် မေးမြန်းစုံစမ်းပြီး ရွှေဗျိုင်းဖြူစံအိမ်သို့ ရောက်ရှိလာသည် ..စံအိမ်ရှေ့တွင် အခေါင်း ခုနှစ်ဆယ့်သုံးခု ပြင်ဆင်ထားပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူများက ဧရင့်ကျူးနေကြသည်..
ဘဘဟုန်းမှာ ထိုကဲ့သို့အမင်္ဂလာမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျင်းကျူး၏လက်ကိုဆွဲကာ ရွှေဗျိုင်းဖြူစံအိမ်နှင့်ဝေးရာသို့ထွက်လာခဲ့၏ ..

''ဘဘဟုန်းကလည်း စံအိမ်ထဲဝင်ပြီးစုံစမ်းမှ အကိုအားကွေ့အကြောင်း သိရမှာပေါ့ ..ဘာလို့ထွက်လာတာလဲ ..''
လူ့သဘာဝကိုနားမလည်သော အရိုးခံစိတ်နှင့်မေးလာသောကျင်းကျူး အား ဘဘဟုန်းက..
''သမီးကသာ အဲ့လိုမေးရင် အထဲမှာရှိတဲ့လူအကုန်လုံး သမီးနဲ့ ဘဘကို တိုက်ခိုက်လိမ့်မယ်ကွဲ့ .. ကဲဒါတွေ အသာထား ဘဘ နည်း ဘဘဟန်နဲ့ သမီးရဲ့ အကိုအားကွေ့အကြောင်းကိုစုံစမ်းမယ် .. သမီးကငြိမ်ငြိမ်လေးသာနောက်ကလိုက်ခဲ့''

''ဟုတ်..ဘဘဟုန်း..''
ကျင်းကျူးက၀မ်းသာအားရနှင့်ကတိပေးကာ ဘဘဟုန်းနောက်မှ လိုက်လာသည်... ဘဘဟုန်းမှာ ၀ူချောင်မြို့ထဲသို့ပြန်ဝင်ကာ သူဖုန်းစား တစ်ယောက်နှင့်စကားပြောနေ၏ ..
ကျင်းကျူးကတော့ ကလေးအရွယ်သာသာ သူဖုန်းစားလေးများအား စားစရာသောက်စရာများ ၀ယ်ကျွေးနေသည် .. အတန်ကြာမှ ဘဘဟုန်း ပြန်ရောက် လာကာ ..

အစ၏အဆုံး အဆုံး၏အစ Hikayelerin yaşadığı yer. Şimdi keşfedin