အပိုင်း(၁၆+၁၇)

814 93 0
                                    

#16   (အစ၏အဆုံး အဆုံး၏အစ)
      
          ဘုန်းကြီးရွှီကြွင်းသည် အဆောင်တွင်းသို့ အံ့မခန်းသော အမြန်နှုန်းဖြင့် ပြေးဝင်သွားပြီး ..အားကွေ့အားပွေ့ချီကာ ပြန်ထွက်လာခဲ့သည်... အကယ်၍ အဆောင်သာ ပြိုကျသွားလျှင် အားကွေ့ တစ်ယောက် ဒုက္ခများသွားမှာ စိုး၍ပင် ...
           လေးမျက်နှာပညာရှိ၏ လက်ဝါးရိုက်ချက်သည်  အသံမထွက်တော့ လည်း တစိုးတစိမျှမထွက် .. ထွက်လာသော အသံသည်လည်း .. တော်လည်းသံ ပြိုကျသကဲ့သို့ပင် .. လေထု တုန်ခါ သွားအောင် မြည်ဟီးလျှက် ထွက်ပေါ်လာ၏..
      မည်မျှ ပြင်းထန်မည်ကို အသံကြားရုံမျှနှင့်သိနိုင်ပေသည်.. .. အလုံးအရင်းနှင့် ၀င်ရောက်လာသော အတွင်းအားလေလှိုင်းကို ထန်ဖုတစ်ယောက်မည်သို့ ကာကွယ်မည်နည်း ... ရှောင်တိမ်းလျှင်တော့ ရနိုင်ပါ၏.. သို့သော် လက်တစ်ထောင်ထန်ဖု ဟူသော ဂုဏ်သိက္ခာအရ ရှောင်တိမ်းမည့် နည်းလမ်းကိုတော့ မရွေးချယ်နိုင်ပါ...
         သူ  အနှစ်နှစ်အလလ ကျင့်ကြံလာသော အတွင်းအားကိုစုစည်းပြီး လက်ဝါးရိုက်ချက်ကို တိုက်ရိုက်ခံဆောင်လိုက်သည်... သူ၏ အတွင်းအားပညာ ကိုတူဖူးမိုးကွေဟု ခေါ်၏... အထက်လမ်းသိုင်းပညာမဟုတ်သော ထိုအတွင်းအား၏ ပြင်းထန်ပုံကား လေလှိုင်းတုန်ခါထက်မသာရင်တောင် အောက်တော့ မကျ...

         သို့ဆိုလျှင် နှစ်ယောက်စလုံး ၏ လက်ဝါးရိုက်ချက်ကြောင့် ပြင်းထန်အားကြီး သောအကျိုးဆက်ထွက်ပေါ်လာတော့မည်ပင်...
        ရွှီကြွင်းနှင့် အဆိပ်ဘုရင် မော်ထိုက်မှာ ထိုအကျိုးဆက်ကို တွက်ဆထားသည့် အနေဖြင့် မိမိတို့၏ ကိုယ်ခံအားကို မြင့်တင်ရန် အတွင်းအားကို အဆင့်ခွန်နှစ် အထိ သုံးကာ ကြိုတင်ကာကွယ်ထားကြသည်..
         သို့သော်..
          '''''ဖြန်း'''''  ဟူသော အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာပြီး ထိုလေလှိုင်းနှစ်ခု သည်ပျက်ပြယ်သွား၏...
            မည်သို့ကြောင့် သိုင်းထိပ်ခေါင်နှစ်ယောက်၏ အတွင်းအားသည် ပျက်ပြယ်သွားရသနည်း...

               အကြောင်းအရင်းက အကိုနှစ်(၀ါ) ငွေမျက်နှာသမားတော်ကြီးကြောင့်ပင် .. ထိုအတွင်းအားနှစ်ခုကို လေထဲတွင်ခုန်ပျံရင်း လက်ဝါးနှစ်ဘက်ဖြင့်ရိုက်ထုတ် ဖျက် သွားလိုက်၏....
         လေးမျက်နှာပညာရှိနှင့် လက်တစ်ထောင်ထန်ဖု တို့နှစ်ယောက်သည် ငွေမျက်နှာသမားတော်ကြီး၏  အတွင်းအားကြောင့် ခြေလှမ်း ငါးလှမ်းစီမျှ နောက်ဆုတ်သွားရလေသည်...
     သူတို့နှစ်ယောက်တင်မက ဘေး၌ ရပ်ကြည့်နေသော ဘုန်းကြီးရွှီကြွင်းနှင့် အဆိပ်ဘုရင်ပါ ငွေမျက်နှာသမားတော်ကြီး၏ အတွင်းအားကို လန့်သွား၏..
     အဘယ့်ကြောင့်ဆိုသော် .. ထိုသူနှစ်ယောက်အား တားမြစ်နိုင်သည်မှာ ရှောင်လင်ဂိုဏ်းချုပ်ကြီး..၀ူတန်ဂိုဏ်းချုပ်ကြီး..ဆရာကြီးမုန့် နှင့်.. တင်းလုံဂိုဏ်းချုပ်ကြီး ထင်းလွေ စသောလူလက်တစ်ဆုပ်စာခန့်ပဲရှိသည်.. 
    ယခုတော့ နောက်ထပ်တစ်ယောက်တိုးလာပြီ... 
    ''' ဟားဟားဟား.. ငါ့ညီနှစ်ယောက်ကိုတော့ အကိုနှစ်ချီးကျူးတယ်ဟေ့ .. တကယ်တကယ့်ကို နှစ်သုံးဆယ်အတွင်း မထင်မှတ်အောင်တိုးတက်လာတာ .. ''
        ငွေမျက်နှာသမားတော်ကြီးသည် မည်မျှ ဘုကလန့်ကျပါစေ သွေးသောက်ညီ များကို ဘယ်လောက်ချစ်မြတ်နိုးသည်ကို ထိုစကားတခွန်းနဲ့ပင်သိနိုင်လေသည်...
        လေးမျက်နှာပညာရှိနှင့် လက်တစ်ထောင်ထန်ဖု မှာ သူတို့ သိုင်းပညာတိုးတက် လာသည့်နည်းတူ အကိုနှစ် မှာလည်း ထင်မထားလောက်အောင် တိုးတက်လာသည် ဟု သဘောပေါက်သွား၏... သူတို့စိတ်ထဲဇဝေဇ၀ါဖြစ်သည်မှာ ငွေမျက်နှာ သမားတော်ကြီး သိုင်းလေ့ကျင့် နေသည်ကို  နှစ်သုံးဆယ်လုံးလုံးတခါမှ မမြင်ဘူးခဲ့ သောကြောင့်ဖြစ်သည်... ထို့ပြင် သိုင်းလောကတွင် ကျင်လည်ကြစဉ်အချိန်က ငွေမျက်နှာသမားတော်ကြီး၏ သိုင်းပညာသည် သူတို့ထက်အနည်းငယ်တာ သာ  သည်လေ... ယခုတော့ မယုံကြည်နိုင်လောက်အောင် ထက်မြက်လာခဲ့သည်..
             လေးမျက်နှာပညာရှိ ချင်ဝေမှာ ထန်ဖု၏ လက်ကို ဆွဲရင်း ..
   ''' ထန်ဖုရေ မင့်နဲ့ငါတော့ သေသည်အထိ အကိုနှစ်ကို မမှီလောက်တော့ဘူး ထင်တယ်ကွာ..... ဒါတောင်သူ သိုင်းလေ့ကျင့်တာ တစ်ခါမှမရှိဘူး ''''
       အမှန်တော့ ငွေမျက်နှာသမားတော်ကြီး၏ လျှို့ဝှက်ချက်ကိုသိချင်၍ စကားနာထိုးလိုက်ခြင်းဖြစ်သည်...

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora