အပိုင်း(၁၄+၁၅)
849 86 3
#14 (အစ၏အဆုံး အဆုံး၏အစ)
                အားဖုန်သည် ငနဲသားလိုင်လိုင် ခိုင်းသည့်အတိုင်း ချယ်ရီ အရက်အိုးကို ဆေးကျောနေရင်း အားကွေ့အား သတိရလာခဲ့သည်... အားကွေ့သာဆိုလျှင် လိုင်လိုင်ကို တခုခုဖြစ်အောင်ပြန်လည်တုံ့ပြန်ပေလိမ့်မည်. .. သူတို့သုံးယောက် ထဲတွင် အားကွေ့သည် လျှပ်တပျက်ဉာဏ်အကောင်းဆုံးဖြစ်ပြီး အားချန်သည် အထုံဆုံးဖြစ်၏... အဖိုးအိုဖုန်းချူးဆီ ရောက်ကတည်းက အားကွေ့ကသာ သူတို့အပေါ် အရာရာ အနစ်နာခံပြီး တခြားကလေးများ ရန်ရှာသမျှ ရှေ့မှ မားမား မတ်မတ် ရပ်တည်ပေးခဲ့သည်..
            ယခုတော့ အားကွေ့တစ်ယောက်မည်သို့မည်ပုံစခန်းသွားနေပြီမသိပေ...
သူတို့ကိုယ်တိုင်လည်း ဘယ်လို ဖြစ်ပျက်လာအုံးမည်မသိ... အခုတောင်မှ ဖြူဖတ်ဖတ်ကောင် အနိုင်ကျင့်သမျှခံနေရသည်လေ...
            ''' ဟေ့ကောင် .. ဒါလေးလုပ်ခိုင်းတာကို ငူငူငိုင်ငိုင်နဲ့ .. ပြောင်သွားရင် ပေးခဲ့စမ်း'''
            လက်ထဲမှ အရက်အိုးအားလိုင်လိုင်မှ ဇိုးဇိုးဇာတ်ဇာတ်လုယူသွားသည်..
ထို့နောက်  လိုင်လိုင်သည် အိမ်ထဲသို့ဝင်သွားကာ စားပွဲပေါ်သို့ တစ်ရိုတစ်သေ တင်လိုက်၏.. မသိလျှင်သူပဲ ဆေးကြောသုတ်သင်၍ယူလာသည့်ပုံ...
          အားချန်တစ်ယောက်ကတော့ ရွယ်တူကောင်လေး စားဖို့ နောက်ဖေးတွင် ထမင်းပြင်ဆင်နေရသည်....
       '' ဆရာကြီးမုန့် .. ကို ကျွန်တော် တစ်ခုလောက်အကူအညီတောင်းပါရစေဗျာ ''
       '' ပြောလေ ရိလုံရဲ့ ငါကူညီလို့ရတာဆို ကူညီမှာပေါ့'''
         '' ကျွန်တော်တို့ ၀ါဆန်းဂိုဏ်းကို ကျွန်တော် ဒီရောက်နေတာ အကြောင်း ကြားချင်လို့ပါ ဆရာကြီး ... ကျွန်တော့် အကို အကြောင်းအရင်းမသိဘဲ စိတ်ပူ နေမှာ စိုးလို့ပါ... '''
          ''' အိမ်း .. ဒါလောက်လေးများ ပြောစရာမလိုပါဘူးကွယ် ..ခဏနေရင် အကြောင်းကြားစာပို့ခိုင်းလိုက်ပါ့မယ်''
         '' ဒါနဲ့ ညီလေးချန်းချန် ဒီတစ်ခေါက် ခွန်လွန်းတောင်ကို ရောက်လာတာ ဘာအကြောင်းရှိလို့လဲ'''
             '' ဒီလိုအကိုကြီး ကျူး ရဲ့ ကျွန်တော်တို့ ချန်းမိသားစုဆီကို သူရဲကောင်းဇရပ်က ဖိတ်ခေါ်စာရောက်လာတယ် .. စာထဲမှာ က သွေးအရိပ် အကြောင်း တစွန်းတစပါတယ်ဗျ.. .. သွေးအရိပ် ဆိုတာနဲ့ ကျွန်တော်သတိရလိုက်မိ တာ ဆရာကြီးမုန့်ကိုပဲလေ.. ဆရာကြီးမုန့်က ခုနှစ်ဆင့်လက်သီးနဲ့ လေးချက်တိတိ ထိုးချလိုက်လို့ တောင်ပေါ်ကပြုတ်ကျသွားတယ် ကြားတာကိုးဗျ ... . ခုနှစ်ဆင့်လက်သီး အကြောင်း ကျွန်တော် ကောင်းကောင်းသိတော့ တစ်ချက်မိရင်ပဲ ရှိသမျှအကြောတွေပြတ် အရိုးတွေ ကျိုးကြေသွားတာလေ... ဘယ်လိုကနေ ဘယ်ပုံ ပြန်ရှင်လာသလဲလို့ အတွေးပေါက်တာနဲ့ ဆရာကြီးဆီ အပြေးလာခဲ့တာပဲဗျာ...'''
              ''' ညီလေးပြောသလိုပဲ ဖိတ်ခေါ်စာက အကိုကြီးတို့ဆီလဲရောက်တာပဲ အဲ့ဒါနဲ့ မင့်အကိုလတ်ကို ၀ူပေမှာဆုံမယ်လို့ အချိန်းအချက်လုပ်ပြီး တော့ ကျန်းနန်ကို သွားကြတာ .. ၀ူပေရောက်တော့ မင့်သိတဲ့ အတိုင်းပဲ .. .. သူနဲ့ ထန်စူးစူးနဲ့ ဖူးစာဆုံရော.. '''
             ''' ဟား.. အကိုကျူးရာ ဒီကျက်သရေတုံးမ အကြောင်းကို မပြောစမ်းပါနဲ့ဗျာ ... ကျုပ်သာ ဒါဏ်ရာ သက်သာလို့ကတော့ ရေအဆုံးကုန်းအဆုံးလိုက်ပြီး သူ့ခန္ဓာကိုယ် ကိုနုတ်နုတ်စင်းပြစ်မှာ ... '''
               တစ်ဝိုင်းလုံးရယ်မောသံက အိမ်ပြင်ထိတိုင် ပျံ့နှံ့သွားလေသည်...
               ချန်းချန်မှလည်း .. '''အကိုလတ် ကျွန်တော်က ထန်စူးစူး ဆိုတဲ့ နာမည်ပဲကြားဖူးတာ အပြင်မှာ တော်တော်လှသလား ... '''
           '' ဟေ့ကောင် ချန်းချန် တော်ကွာ... အဲ့အကြောင်းမပြောစမ်းပါနဲ့ .. သူ့နာမည်ကြားရင်ကို အော့နှလုံးနာလွန်းလှပါ... '''
              ကျောက်ကျူးထင်မှ ကြက်ဂျင်ဆင်းပေါင်းကို တူနှင့်ဖဲ့စားလိုက်ရင်း ..
          ''' အကိုလည်း မသွားဖြစ်ရော ခွန်လွန်းဂိုဏ်းချုပ်ကြီးက တောင်ဖြိုလက်သီးကို ကျန်းနန်ကို လွတ်လိုက်တယ်လေ.. သူပြန်လာရင်တော့ အကြောင်းအရင်း အစုံအလင် သိရမှာပဲ... ဒီတရက်နှစ်ရက်အတွင်းပြန်ရောက်လောက်မှာပါ.. ညီလေးချန်းချန် လည်း ဒီမှာပဲနေပြီး တောင်ဖြိုလက်သီးပြန်အလာကိုစောင့်ပေါ့ မင့်ရှိနေရင် ဒို့များလည်း အပျင်းပြေပါတယ်.. ''''
             ဆရာကြီးမုန့်သည် အရက်အိုးအဖုံးကိုဖွင့်လိုက်သည် .. အရက်၏ ရနံ့ကား မွှေးပျံ့စွာ ထွက်လာခဲ့၏... ထိုအရက်နံ့ကြောင့် မရိုးမရွဖြစ်နေသူကား လူမမာ ဖုန်းချူးပင်... ပါးစောင်မှသရေများပင် ပါးပြင်သို့စီးကျလာသည်အထိ အနံ့ကား မွှေးပျံ့လွန်းသည်...
          ချန်းချန်ကလည်း .. ချယ်ရီအရက်အိုးအား အငမ်းမရကြည့်ရင်း..
         ''' လာရင်းကိစ္စထဲမှာ ဒီအရက်သောက်ရဖို့လည်း ပါတယ်ဆရာကြီးရဲ့'''
          '' ဟားဟားဟားဟား သောက်ရမှာပေါ့ကွာ .. ဒါပေမယ့် ရိလုံကတော့ သောက်လို့မရသေးဘူးနော့်''''
           ရိလုံသည် အားငယ်သောလေသံဖြင့်
            ''' လောကမှာ အခံရအခက်ဆုံးက ကိုယ်လုပ်ချင်တဲ့ အရာကို လုပ်ခွင့်မသာတဲ့ အချိန်ပဲဗျာ ....''''
              သူ၏အပြောကို စိတ်ထဲကြိတ်ထောက်ခံနေသူက အိပ်ယာထဲလဲနေသည့် အဖိုးအို ဖုန်းချူးတစ်ယောက်ပေ..
             သို့နှင့် စားလိုက် ..သောက်လိုက် စကားပြောလိုက်နှင့်ပင် .. သူတို့၏ အချိန်များကို ကုန်လွန်စေလိုက်တော့သည်....
.......''''......''''.....'''.....''''...
             မိုးကြိုးဓါးလွေစုသည် ကျန်းနန်မှ ပျံသန်းလာသော စာပို့ခို ရောက်အပြီးတွင် သရဲမရဲစီးသလိုဖြစ်နေသည်..
        မဖြစ် ခံနိုင်ရိုးလား .. စာထဲတွင်ကား နတ်ဆေးအိုးကျန်း အပါအ၀င် အဖွဲ့သားများ အကုန်သေဆုံးပြီး .. ပစ္စည်းများ လုယက်ခံလိုက်ရသည်.. သွေးဂိုဏ်း ကဖြစ်သည်.. သွေးဘီလူးကိုတော့ ယွဲ့အိမ်တော်တွင် ဖမ်းဆီးထားသည်.. သွေးအရိပ် သွေးမြေခွေးနှင့် သွေးမြွေပွေးတော့ လွတ်နေသည် ဟူ၍ ရေးသားထားသည်လေ..
           သူအနှစ်နှစ်အလလ တည်ဆောက်ထားသော မိုးကြိုးအာမခံကြီးသည် .. ပျက်စီးဖို့ရန် အကြောင်းဖန်လာခဲ့ပြီ.. သူအားကိုးရသော နတ်ဆေးအိုးကျန်း ဆုံးပါးသွားသည့်အပြင် သူ့အာမခံဌာန၏ ဂုဏ်သိက္ခာသည်လည်း တပြားမကျန် မြောင်းထဲထိုးကျသွားပြီရော...
                တွေးရင်းတွေးရင်း ဒေါသထွက်ခြင်း .. ၀မ်းနည်းခြင်း .. မကျေမနပ်ဖြစ်ခြင်း အစရှိသည့် ခံစားချက်မျိုးစုံကို နီးစပ်ရာ အရာဝတ္ထုများကို ပစ်ပေါက်ဖျက်စီးခြင်းဖြင့် ဖောက်ထုတ်နေသောကြောင့် ဌာနတစ်ခုလုံး လေဆင်နှာမောင်း   တိုက်သည့်နှယ်ဖြစ်နေခြင်းသာ..
             ကျောက်စိမ်းနဂါးတင်းပေမှာလည်း ဖြောင်းဖျရန် စကားပင် အစရှာ၍မရ .. ဆုံးရှုံးမှုကားကြီးမားလှသည်...
              ကျန်အာမခံဌာနအဖွဲ့ဝင်များကတော့ အံတစ်ကျိတ်ကျိတ် မျက်ရည်တစ်ဝဲ ၀ဲနှင့် ရှိကြ၏.. သူတို့လည်း ကိုယ့်အခြေအနေကိုယ်သိကြသည်သာ .. လုယက်ခံလိုက်ရသည့် များပြားလှသော ကုန်ပစ္စည်းများ ကို လျော်ပေးဖို့ရန် မိုးကြိုးအာမခံအနေဖြင့် မည်သို့မျှတတ်နိုင်မည်မဟုတ် .. မကြာခင်ပင် .. ဤမိုးကြိုး အာမခံဌာန ချိတ်ပိတ်ခံရတော့မည်... သူတို့အတွက်တော့ စားအိုးကွဲလေတော့မည်..
              ''' သွေး...ဂိုဏ်း ...သွေး..ဂိုဏ်း .. မင်းတို့ဂိုဏ်းကို အစအန မကျန်အောင် ငါဖျက်စီးပြစ်မယ်... '''
               သွားကြားစေ့ပြီးအော်ဟစ်လိုက်သော မိုးကြိုးဓါးလွေစု၏ အသံတွင် ခံစားချက်က အပြည့်ပါလေသည်..
             သူ၏ အသက်သွေးတစ်စက်ပင် ကျန်လေလင့်ကစား  သွေးဂိုဏ်းအား ထွက်သက်မကုန်ချင်း တိုက်ထုတ်ဖို့ ဆုံးဖြတ်ပြီးလေပြီ.. '
             '' ညီလေးတင်းပေ .. အကိုကတော့ ညီလေးနောက် လိုက်နိုင်မယ် မထင်တော့ဘူး .. ညီလေး ကိစ္စကို တစ်ယောက်ထဲသာ ဆက်လုပ်ပေတော့ ...အကိုကတော့ ဒီ သဘောက်မသားဂိုဏ်းကို အမြစ်ကစပြီး ဆွဲလှန်တော့မယ် .. ''''
               ''' ဟား ..အကိုကြီးရာ .. အကိုကြီးကိစ္စဟာ ညီလေးကိစ္စပဲ ချက်ချင်း တင်းအိမ်တော်ကို ကျွန်တော် အကြောင်းကြားမယ် .. ပြီးရင် အကိုကြီးနဲ့ ကျွန်တော် ကျန်းနန်ကို အခုပဲသွားမယ် ... သွေးဂိုဏ်းဆို တာ ဘာမို့လို့လဲ ... စိတ်ချ အကိုကြီး .. အကိုကြီးကို ဘယ်တော့မှ ကျွန်တော်ပစ်ထားမှာမဟုတ်ဘူး..'''
             ကျောက်စိမ်းနဂါး၏ စကားက လူကြမ်းကြီးလွေစုအား မျက်ရည်များ ပင် ပေါက်ပေါက်ကျစေ၏...မိတ်ကောင်းဆွေကောင်းတို့ မည်သည် .. အခက်အခဲဖြစ်မှ ခွဲခြားရကောင်းသည် ဟူသော စကားပုံကားမှန်ကန်လှပေ၏....
               ထို့နောက်တွင် လက်ရွေးစင် အဖွဲ့သားများ ကို ခေါ်၍ ကျောက်စိမ်းနဂါး တင်းပေနှင့် မိုးကြိုးဓါးလွေစုတို့ ကျန်းနန်သို့ ရွက်လွင့်ခဲ့ကြသည်..
   ........'''''......'''''...'''
               ဟိုနန်နယ် ရှိ ဆန်းဆက်တောင်တန်းသည်  နဂါးကြီး တစ်ကောင်အိပ်စက် အနားယူနေသည့်သဖွယ်ရှိသည် .. ..  ထိုတောင်တန်း အလည် တွင်မူ ... ရှည်လျားသော အုတ်လှေကားထစ်လေးများရှိသည် .. လှေကားထစ်များ မည်မျှ ရှည်လျားသလဲဟုဆိုလျှင် မျက်စိတဆုံးဟု သာ ပြန်လည်ဖြေကြားရပေမည်.. အုတ်လှေကားထစ်လေးများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်မတော့ ... စိမ်းလန်းသော တောတန်းလေးများက အစီအရီ ပေါက်နေကြသည်.. ကျေးငှက် သာရက လေးများကလည်း မာဓက ဘာသာစကားဖြင့် တစ်ကောင်နှင့် တစ်ကောင် ခွန်းတုံ့ပြန်နေကြသလို အပြိုင်အဆိုင်လည်း တေးသီချင်း သီဆိုနေကြ၏...
              အေးမြသော အရိပ်အ၀ါသ ကား သူတော်စင်သူတော်မြတ်များ ကိန်းအောင်းမွေ့လျော်ရန် အထူးသင့်တော်မည့် နေရာဒေသကလေးပင်...  တောပန်းကလေးများကလည်း ခူးယူပန်ဆင်မည့် အပျိုမလေးများ မရှိသည်နှင့် အထီးကျန် စိတ်ကောက်နေသည့်သဖွယ်   အရောင်အသွေးမျိုးစုံအောင် ဖူးပွင့်နေကြသည်..  ထို့ပြင် မွေးပျံ့ သောရနံ့တို့ကို လည်း ထုတ်လွင့်ပေးနေ၏..
              တေးသီဆိုရလွန်း၍ မောသွားလို့ထင်သည် .. ကျေးငှက်များက သစ်ပင်ထိပ်ဖျားစီမှ ပျံသန်းသွားကြသည်... ..
              ''' ဒေါင်... ဒေါင်'''
            တောင်ထိပ်စီမှ ခေါင်းလောင်းထိုးသံက အရပ်ဆယ်မျက်နှာကို ကျော်လွန်ကာ ဘ၀ဂ် ကိုတက်သွားသည့်နှယ် ... မည်သည့် အရပ်ဒေသမို့ ခေါင်းလောင်းထိုးရသနည်း....
              ထိုနေရာသည်ကား သိုင်းလောက၏ဥသျှောင် သူတော်စင်များ မွေ့လျော်ရာ ရှောင်လင်ဟူသော ကျောင်းတော်ရှိသည့် နေရာဒေသ ဖြစ်သောကြောင့် ဤချိုလွင်သာယာသော ခေါင်းလောင်းကို မြည်ဟီးစေခြင်းပင်...
              ခြေရင်းအုတ်လှေကားထစ်မှ အရိပ်တစ်ခုသည် အပေါ်သို့ဦးတည်က တလွှားလွှားနှင့် ဖြတ်သန်း သွားသည်... သေသေချာချာ ဂရုစိုက်၍ ကြည့်မည်ဆိုလျှင် တော့ အရိပ်သည် ဘုန်းကြီးတစ်ပါးဖြစ်ပြီး လက်ထဲတွင် ကလေးတစ်ယောက်ကို ပွေ့ချီထားမည်ကို မြင်ရမည်ဖြစ်၏....
            ထိုလူသားနှစ်ယောက်ကား ပန်းလိပ်ပြာ တုမော်ရင်း (၀ါ) ဘုန်းကြီးရွှီကြွင်း နှင့် အားကွေ့ ပင်တည်း...
            ထောင်ပေါင်းများစွာသောလှေကားထစ်များကို တက်နေရသော်လည်း ဘုန်းကြီးရွှီကြွင်းမှာ မောပမ်းသည့်ဟန်မပေါ် .. အားကွေ့ကိုသာ စိတ်မချသည့် ပုံနှင့် တင်းကြပ်စွာ ပွေ့ချီကာ မြန်ဆန်စွာ ဆက်လက်တက်နေ၏...
             သူစိုးရိမ်မည်ဆိုလဲ စိုးရိမ်စရာပင် ... အားကွေ့မှာ အသက်ယဲ့ယဲ့သာ ကျန်တော့သည်...
             ''ဟေး ရပ်'''
              ထိုစဉ်တွင် အုတ်လမ်းနဘေးမှ အ၀ါရောင် အရိပ်များ ထွက်လာပြီး တားမြစ်လေ၏..  
                 ''' ကိုယ်တော်တို့ ဘုန်းကြီးရွှီကြွင်းပါ...အရေးကြီးကိစ္စရှိလို့ပါ'''
              ''.၀ှီး ၀ှီး'''
                  တားမြစ်ထားသည့် ကိုယ်တော်များ၏ ဦးခေါင်းထက်မှ ကျော်လွှားပြီး ဆက်လက်တက်သွားသည်..
                ရွှီကြွင်းဟူသော အသံကြောင့် ဆက်လက်မတားမြစ်တော့ဘဲ ...  တားမြစ်သူကိုယ်တော်များလည်း ရပ်တန့်ကာ ကျန်ရစ်ခဲ့တော့၏..
            သို့နှင့် ဘုန်းကြီးသည် .. ရှောင်လင်ကျောင်းဝင်း အတွင်းသို့ရောက်ရှိသွား လေသည်...
           ကျောင်းဝင်းကြီးသည် အရှိန်အ၀ါကြီးမားသည်နှင့်အမျှ ကျယ်ပြောလှ၏..
အဆောင်ဆောင် သော ကျောင်းဆောင်များ  .. စင်္ကြန်လမ်းများ အုတ်နံရံကြီးများ အရိပ်အာဝါသကောင်းလှသည့် သစ်ပင်အိုကြီးများ...ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်များ ..ခေါင်းလောင်းကြီးများ..  သိုင်းလေ့ကျင့်ရန် ကွင်းပြင်ကျယ်များနှင့် ဖွဲ့စည်းထားသော အနှီ ကျောင်းတော်ကြီးကား ရှောင်လင်ပေတည့်...
           ဘုန်းကြီးသည် မဆိုင်းမတွပင် ကျောင်းဆောင်များကို ကျော်ဖြတ်သွားကာ စိုက်ကွင်းများ ရှိရာဖက်သို့ ခပ်သွက်သွက်ခြေလှမ်းများဖြင့် လှမ်းသွားလိုက်သည်..
ကျောင်းတော်ထဲတွင်တော့ ကိုယ်ဖော့ပညာကို သုံး၍မသင့်တော်သောကြောင့်ပင်..
              '''ဒါဏ်ကျဆောင်''
         စိုက်ကွင်းများ(မဟာယာန(မဟာ..ကြီးမားသော.. ယာန..ယဉ်) ၀င် ဘုန်းကြီး များသည် ထေရ၀ါဒ ဘုန်းကြီးများနှင့် မတူဘဲ ကိုယ့်ဟာကိုယ် စိုက်ပျိုးကာ ချက်ပြုတ် စားသောက်တတ်ကြသည်..ဟိနယာန ဟိန သေးငယ်သော ယာန ယဉ် ဘုန်းကြီးများ ကလည်း မဟာယာနနည်းတူ စိုက်ပျိုးစားသောက်တတ်ကြ၏..)အကျော်တွင်
  ဒါဏ်ကျဆောင်ဟု ရေးသားထားသော နီညိုရောင်အဆောင်အို ကြီးတစ်ဆောင် ရှိသည်...
          ထိုအဆောင် ရှေ့တွင်တော့ ဘုန်းကြီးအိုကြီးများ က ၀ိုင်းဖွဲ့ ကာ စကားပြောဆိုလျှက် ထိုင်နေကြ၏..
          ရွှီကြွင်းသည် ..ထိုဘုန်းကြီးတို့ကို မြင်လျှင်
          ''အကိုနှစ် .. အကိုနှစ် .. ဒီကလေးကို ဆေးကုဖို့လုပ်ပေးပါ...'''
           မျက်နှာတွင်  အနီရောင်မှဲ့ကြီး တစ်လုံးရှိသည့် ဘုန်းကြီးတစ်ပါးသည် ပျင်းရိပျင်းတွဲလည့်လာကာ... လက်ထဲမှကလေးကို ကြည့်ရင်း
         ''' ဆေးကုတာက ရတယ် ညီလေးတု ... ဆေးဖိုးက ဘယ်သူပေးမှာလည်း .. ငါက ဘုန်းကြီးတာဖြစ်တာ ငါ့ဝါသနာက မပျောက်သေးဘူး .. ငွေမျက်နှာသမားတော် ဆိုတဲ့ ဘွဲ့ကိုလည်း ထိမ်းရအုံးမယ် ဟ...'''
             ထိုမှဲ့နှင့်ဘုန်းကြီးသည် ..တင်းလုံဂိုဏ်း၏ နာမည်ကျော် ငွေမျက်နှာ သမားတော်ကြီး ပုလွေပင်ဖြစ်သည်...
          ငွေမျက်နှာ ဟူသော ဘွဲ့နှင့်အညီ ငွေကြေးမတတ်နိုင်သူမည်သူကိုမျှ မကုသပေးပေ ... ယုတ်စွာအဆုံး သူ၏ သွေးသောက်ညီအကိုများကိုပင် ငွေပေးမှသာ ကုသပေးသည်... သူကုသပေးသူများကလည်း အကုန်ပျောက်ကင်းသက်သာရာ ရသွားကြသည်သာ..
             သို့သော် သူ့ညီအကိုများကိုတော့ ကြေးပြားတစ်ပြားသာတောင်းတတ်ပြီး ကျန်သူများကိုတော့ ငွေကြေးမြောက်များစွာတောင်းယူတတ်၏...
             ''အကိုနှစ်ရယ် ..လောလောဆယ်တော့ ကျွန်တော့မှာ တပြားမှ မရှိတော့ဘူး နောက်နေ့မှ ယူဗျာ .... '''
            ''လောကကြီးမှာ စိတ်မချရဆုံးက အကြွေးပဲကွ.. ပိုလို့စိတ်မချရဆုံးက အဲ့အကြွေးကို ညီရင်းအကိုတွေက ဘယ်တော့မှ မဆပ်တာပဲ ငါ့ညီရ.... ငါကတော့ ကြေးပြား တစ်ပြားမှ မရရင်မကုပေးနိုင်ဘူးကွာ...'''''
            '''တကယ်ပေးမှာပါဗျာ ..အကိုသုံးတို့ အကိုလေး တို့ ကြေးပြား တစ်ပြားလောက်ရှိရင် ခဏပေးစမ်းပါ့ဗျာ .. ကျွန်တော် ပြန်ပေးပါမယ်..''''
             '' ငါတို့လည်း မင့်လို ဘုန်းကြီးပဲလေ ဘယ်က ငွေ ရှိပါ့မလဲကွ မင့်ကမှ အပြင်သွားဖို့ ကျောင်းထိုင်ဆရာတော်က ငွေအလုံအလောက်ပေးလိုက်သား... ငါတို့ဖြင့် ဒီမှာနေလာတာ နှစ်သုံးဆယ်ရှိပြီ .. ငွေဆိုတာ ဘယ်လိုလဲလို့ မမြင်ဘူးတာ အတော်ကြာပြီဟ.. '''
          ပိန်ပါးပါးနှင့် ဘုန်းကြီးအိုမှ ရွှီကြွင်းအားပြောလိုက်သည်..
           ပုလွေက အားကွေ့အားကြည့်လိုက်ပြီး ..
        ''ငါ့အထင်တော့ မင့်ကောင်လေးက အတွင်းဒါဏ်ရာ ရပြီး အဆိပ်ပါ မိလာတာ ဟေ့.. မင့်အချိန်ကြာကြာဆွဲလေလေ ..အဲ့ကလေးသေဖို့နီးလာလေလေပဲ..လူ့ အသက်တစ်ချောင်းကယ်ကောင်းတယ်ဆိုတာငါသိပေမယ့် ငါ့ ကလည်း ငွေမရရင်ဆေးမကုဘူးလို့ ကျိန်ဆိုထား တာလည်း မင့်အသိပဲလေ ညီလေးတု'''
             ဘုန်းကြီးရွှီကြွင်းသည် ချွေးသီးချွေးပေါက်များပင် ကျလာသည် .. သူအကိုနှစ်၏ အကြောင်းကို သူသာ အသိဆုံးမဟုတ်လား... နောက်မှ သတိရသွားသည့်နှယ် အားကွေ့၏ ခါးကြားမှ ငွေအိတ်ကို ဆွဲဖြုတ်ကာ  ဘုန်းကြီး ပုလွေထံပစ်ပေးရင်း...
               '' ရော့ဗျာ ဒီထဲမှာ ငွေပါပုံရှိတယ် .. ငွေရရင် အမြန်သာ ကုပေးပေတော့ ''
ငွေမျက်နှာ သမားတော်ကြီးသည် ငွေအိတ်ကို ဆ ရင်း ..
          '''ဟားဟားဟား.. အိတ်ထဲမှာ ငွေတစ်ဆယ်သားနဲ့ ကြေးပြားဆယ့်ငါးပြား တိတိ ပါတယ်ကွာ ... မယုံရင် လောင်းကြမလား ...'''
             အသားအရေသည် သူများနှင့်မတူ ပြာအက်အက် အရောင်ရှိသော ဘုန်းကြီး တစ်ပါးမှ
           '' မလောင်းချင်ပေါင်ဗျာ .. ငွေအိတ်ကို ကိုင်လိုက်တာနဲ့ ခန့်မှန်းနိုင်တဲ့ ပညာ အကိုနှစ်မှာ ရှိတာ လူတိုင်းသိပြီးသားဥစ္စာ ..'''
             '' ကဲ အကိုနှစ် ငွေလည်းရပြီ ကုတော့လေ...'''
              ''ကောင်းပြီ ကောင်းပြီ .. ကလေးကို ပေးခဲ့တော့ '''
           ဘုန်းကြီးရွှီကြွင်းလည်း ကလေးကို လက်လွဲပေးလိုက်သည်..
           ကလေးအားကိုင်လိုက်မိသည်နှင့် သမားတော်ဘုန်းကြီးမှာ
      ''အမယ် ငါ့ညီက သွေးဘီလူးဆိုတဲ့ ငချွတ်နဲ့ ရန်ဖြစ်လာတာကိုး .. .. အဆိပ်ခုနှစ်မျိုး အဆိပ်နဲ့ သွေးလက်ဝါး အားလှိုင်းရိုက်မိတာ .. ဒီကောင်တောင် တော်တော် တိုးတက်လာတာပဲ..  '''
           ပြာအက်အက်ဘုန်းကြီးသည်  '''အဆိပ်ခုနှစ်မျိုးလက်ဝါးဟုတ်လား ကလေးကွက်တွေကို အခုထိ သိုင်းလောကမှာ သုံးနေတုန်းပေါ့.. အဆိပ်ဆိုတာ...'''
        '' အကို လေးကို အဆိပ်နဲ့ပတ်သက်ရင် ဘုရင်တဆူဆိုတာ သိပါတယ် .. တော်ပါတော့ .. အကိုနှစ် ဆေးကုဖို့သာပြင်ပါတော့ ..'''
             ပြာအက်အက် ဘုန်းကြီးသည် ဘုန်းကြီးရွှီကြွင်းအား ဘုကြည့်ကြည့်ပြီး..
.......''''''.....''''
အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora