အပိုင်း (၅၅)
561 75 7
       အားကွေ့သည် ထိုသမီးအဖနှစ်ယောက်တို့၏ အဖြစ်အပျက်ကို မခံချိမခံသာ ဖြစ်ကာ ကျန်းနန်သို့ပင်မ၀င်တော့ဘဲ ထိုနှစ်ယောက်ကိုခေါ်၍ ၀ူချောင်သို့ ထွက်လာခြင်း ဖြစ်သည်... လှေဖြင့်စုန်လျှင် တစ်ညအိပ်ခရီးသာကြာသည်မို့ နောက်နေ့ နံနက်တွင် ပင် ၀ူချောင်သို့ရောက်လေ၏..
       ဖူချိ၏ပြောကြားချက်ကြောင့် မိန်းကလေးအားကြောရရုံကြံသွားသူမှာ ရွှေဗျိုင်းဖြူ စံအိမ်သခင်ကြီးပါ့လောက်၏ သားပါ့ထင်းဟုသိရှိပြီးဖြစ်သည်.. ရွှေဗျိုင်းဖြူသခင်ကြီး မှာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ စိတ်ထားကောင်းသူ ရက်ရောသူဟု သိုင်းလော ကတွင်သတင်းကြီးသည်လေ.. ထို့ကြောင့် သူ့သားအရေးကိစ္စတွင် မည်ကဲ့သို့ တုံ့ပြန်မည်ကို အားကွေ့တစ်ယောက် သိလိုလှ၏... တရားမျှတစွာနှင့်ဖြေရှင်းပေး မည်လော ..သားဖြစ်သူဖက်က လိုက်၍အပြစ်ကို ခ၀ါချမည်လော.. စဉ်းစားလိုက်သည် နှင့်ပင်စိတ်ဝင်စားဖွယ်ကောင်းလှ၏..
         ဖူချိနှင့်မိန်းကလေးတို့မှာ သူတို့ထက်ပင်တက်ကြွနေသော အားကွေ့အား မည်သို့ခန့်မှန်းရမည်မသိပေ... သို့သော်သူတို့၏ စိတ်ထဲတွင် လူတစ်ယောက်အား အပြင်ပုံပန်း လက္ခဏာကိုကြည့်ပြီး ကောင်းသည်ဆိုးသည်ဟု ခွဲခြားသတ်မှတ်၍မရမှန်း တော့သိရှိသွားပြီလေ.. ဘ၀နှင့်ရင်းပြီးသိလိုက်ရသော အသိပေ...
           ယခုတော့ အားကွေ့သည် သာမညောင်ညကောင် မဟုတ်မှန်းရိပ်မိနေလေပြီ ... အားကွေ့ကတော့ သူ့အပေါ် တရိုတသေဆက်ဆံနေသည့်သမီးအဖနှစ်ယောက် ကြောင့် အနည်းငယ်နေရခက်နေလေ၏...
             ရွှေဘဲဟူသော စားသောက်ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် အားကွေ့ ပထမ ဆုံးသတိထားမိသည့် အချက်မှာ စားသုံးသူ မိန်းမပျိုလေးများ လွန်စွာ များနေသည့် အချက်ဖြစ်၏ ..သို့သော် မင်းညီမင်းသားကဲ့သို့ လွန်စွာချောမောသော လုလင်ပျို သုံးယောက်ကို မြင်လိုက်သည်နှင့်သူသဘောပေါက်သွား၏ ..
          ယောင်္ကျားများကို စိတ်နာနေသောဖူချင်းပင်လျှင် ထိုလုလင်ပျို သုံးယောက်ကို အတန်ကြာစိုက်ကြည့်နေမိသည်.. အားကွေ့ကတော့ သူတို့ကို ဂရုမစိုက်အား ..အသံဗြဲကြီးနှင့် ...
အစ၏အဆုံး အဆုံး၏အစ Wo Geschichten leben. Entdecke jetzt