အပိုင်း(၃၇)

638 66 0
                                    

       ''' ရှု့ယီ.. ရှု့ယီ '''

       အိပ်ပျော်နေသော ရှု့ယီသည် ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်၍ အသံကြားသည်နှင့် ချက်ချင်းခုန်ထပြီးသားဖြစ်သည် ..

      ဖားဖြုဘုန်းကြီး၏ အသံဖြစ်သောကြောင့် မြန်မြန်ဆန်ဆန်သွားကာ တံခါးအား ဖွင့်ပေးလိုက်၏
...
        ''ဟင်..ဆရာဘယ်လိုဖြစ်တာလဲ...လက်တစ်ဖက်က ..'''

        ''အေး .... အထဲရောက်မှ အကြောင်းစုံရှင်းပြမယ် .. အား..ကျွတ်..ကျွတ်''

         စုတ်တစ်သတ်သတ်နှင့်ငြီးတွားလိုက်ပြီး ရှု့ယီ အားတွန်းဖယ်ကာ အခန်းတွင်း ရှိထိုင်ခုံတွင်ဝင်ထိုင်လိုက်ရင်း

       ''ကိုင်း ငါတို့တော့ ရှောင်လင်က စွန့် ဖို့အချိန်တန်ပြီကွ.. လေးနှစ်ကျော်  ကျွန်ခံ ပြီးနေရတဲ့ ဘ၀ကနေ သိုင်းလောကကို စိုးမိုးနိုင်ဖို့ အခြေအနေက လက်တကမ်း အကွာမှာပဲရှိတော့တယ်..'''

     ဖြစ်ကြောင်းကုန်စင်မသိသေးသော ရှု့ယီမှာ

        ''အစကနေ ပြောပြပါလား ဆရာကြီးရယ် ..'''

       ဖားပြုတ်ဘုန်းကြီးက တံတောင်ဆစ်မှ စတင်ကာပြတ်နေသော ဘယ်ဘက်လက် ကို ကြည့်ကာ

         ''ကိုင်း လောလောဆယ်တော့ အကြမ်းရည်(လက်ဖက်ခြောက်အနည်ထိုင်ထား သော အရည်)ကို ဆားနည်းနည်းခတ်ယူခဲ့အုံးကွာ .. အနာကိုဖန်ဆေးရမယ် ..ပြီးရင် အနာကျက်ဆေးမှုန့်နဲ့ အ၀တ်စသန့်သန့်လေး တခုပါယူခဲ့''

         ရှု့ယီသည် ဖားပြုတ်ဘုန်းကြီးပြောသည့်အတိုင်း ယူ၍ သွေးခြောက်များခဲ နေသည့် အနာအား မီးကင်ထားသော ဓါးငယ်လေးဖြင့် ထိုသွေးခဲများကို  ခြစ်ထုတ်လိုက်သည် ..  သွေးကြောပိတ်ထားသည့်ကြားမှ စိမ့်ထွက်လာသော သွေးရည်ကြည်များကို ဖန်ရည်ဆေးပြီးလျှင် အနာကျက်ဆေးမှုန့်သိပ် လိုက်၏ ..

          အ၀တ်စဖြင့် စည်းပြီးသည့်အခါတွင် .. ဖားပြုတ်ဘုန်းကြီးက.. အားကွေ့ နောက် သူလိုက်သွားသည်မှစကာ မြောက်ပိုင်းသိုင်းကျမ်း ရလာသည်အထိ ပြောပြီး လျှင်..

        ''' ငါလည်းအစကတော့ ဒီအဆောင်ကို ပြန်လာတော့မလို့ပဲ .. ဒါပေမယ့် မင်းသိ တဲ့အတိုင်း တာမောဆောင်မှာ အစောင့် တစ်ယောက်မှမရှိတော့ .. အခွင့်သာတာနဲ့ ၀င်ပြီး သိုင်းကျမ်းတွေယူဖို့ အကြံအစည်ပေါ်လာရောဟေ့...ဟိုခွေးကောင်အားကွေ့ က မီးထွန်းဖို့မေ့သွားတော့ ငါ့စိတ်ထဲမှ ဟန်ပြီပေါ့... မင်းသိတဲ့အတိုင်း ငါက အလင်း ရောင်နည်းနည်းလေးရှိတာနဲ့ နေ့လိုမျိုး မြင်ရတဲ့သူဆိုတာ .. အဲ့ဒါနဲ့ သိုင်းကျမ်းတွေ တစ်စောင်ပြီးတစ်စောင်လိုက်ရှာတော့တော်တော်လေးကြာတော့မှ  အရိုးကြုံ့အကျော လျော့ သိုင်းကျမ်းနဲ့  အနက်ရောင်လောက အနီရောင်အခန်းဆိုတဲ့ သိုင်းကျမ်း နှစ်ခု ကိုသွားတွေ့တယ် .. အနက်ရောင်လောက အနီရောင်အခန်းဆိုတဲ့ သိုင်းကျမ်းကို ငါ့ ဆရာအမှောင်ကိုယ်တော် ပါးစပ်က တဖွဖွ ပြောတာကြားဖူးတာနဲ့  ကောက်အကိုင်မှာ လက်ကစူးကနဲ့ဖြစ်ပြီး ချက်ခြင်း ထုံ လို့သွားလေရော .. ငါ့တစ်သက်မှာ ဒီလောက် အစွမ်းထက်တဲ့ အဆိပ်ဟာ အဲ့တစ်ခါပဲမြင်ဖူးသေးတယ် .. ငါလည်း မည်းပြာပြီး အဆိပ်တက်နေတဲ့ လက်ကို ခုတ်ဖြတ်..  ဘေးနားကတွေ့တဲ့ စာအုပ် တစ်အုပ်ကို ယူပြီးထွက်ပြေးလာခဲ့ရတာပဲ..'''
          ဟုဆိုကာရင်ဘတ်ထဲမှ သိုင်းကျမ်းနှစ်အုပ်ကိုထုတ်ပြလိုက်သည် ..တစ်အုပ်မှာ မြောက်ပိုင်းသိုင်းကျမ်းဖြစ်ပြီး ..ကျန်တစ်အုပ်မှာ  ၀ရဇိန်သူရိန်လက်ညိုး သိုင်းကျမ်း ဖြစ်၏...
           '''ဒါဆိုကျွန်တော်တို့....'''
           ''ဟား..ဟား..ဟား..ဟား ထွက်တော်မူနန်းကခွာတာပေါ့ကွာ...''''

အစ၏အဆုံး အဆုံး၏အစ Opowieści tętniące życiem. Odkryj je teraz