အပိုင်း(၆၉)

578 90 13
                                    

         ခေါင်းလောင်းသံကြောင့် ရဲတိုက်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားကြ သော်လည်း  စနစ်ကောင်းသော ချင်းညံ၏အုပ်ချူပ်မှုကြောင့် ပုဝါဖြူဂိုဏ်းသားများ စည်းမဲ့ကမ်းမဲ့ ဖြစ်မသွားကြ .. အထပ်ငါးထပ်စလုံးတွင် သူ့အကန့်နှင့်တူ နေရာယူ ပြီးသားဖြစ်သွား၏ ..

      ရဲတိုက်ပြင်ပတွင် သာမာန်သိုင်းသမား အယောက်ရှစ်ဆယ်မှာ ဓါးလွတ်များကိုင်  ဆောင်ကာ ရန်သူအားကြိုလင့်နေကြသည် .. အောက်ဆုံးထပ်နှင့် ဒုတိယထပ်တွင် သိုင်းပညာ ကျွမ်းကျင်သော ပုဝါဖြူဂိုဏ်းသား အယောက်ခြောက်ဆယ် စောင့်ကြပ်နေ ၏ ..   

       တတိယထပ်တွင် အဆင့်မြင့်ဂိုဏ်းဝင် လေးဆယ်မှာ သံကြိုးတပ်ဓါးမြောင်များ ကိုင်စွဲကာ လှေကားထစ်မှ စင်္ကြန်တစ်လျှောက် အသင့်ပြင်ထားသည် .. စတုတ္ထထပ် တွင်မူ လက်ရွေးစဉ်မိန်းကလေးသိုင်းသမား ဆယ်ယောက်သာရှိပြီး အဖြူအနက်ကြား ကွက်များပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်ခြားနားစွာ နေရာယူထား၏ .. သူမတို့မှာ အဖြူရောင်လက်အိတ်များဝတ်ဆင်ထားကြပြီး အပြာရောင်တောက်ပနေ သည့် ပုဝါရှည်ကြီးများကို ကိုင်စွဲထားသည် ..

         ပဉ္စမထပ်တွင်မူ အစောင့်တစ်စုံတရာမှမရှိပါ .. ကျင်းကျူးတို့ရှိနေသော အခန်း မှာ လေးထပ်မြောက်ဖြစ်ပြီး ထိုအခန်းထဲတွင် ရှောင်းဟူနှင့် ချင်းညံတို့ တိုက်ခိုက် နေကြတုန်းပင် .. ရှောင်းဟူမှာ ဒါဏ်ရာများစွာရရှိထားသော်လည်း တိုက်ခိုက်မှု အရှိန်မှာလျော့မသွား ..ချင်းလျန်နှင့် ချင်းညံတို့နှစ်ယောက်လည်း ရှောင်းဟူ၏ အမြီးရိုက်ချက် ကြောင့် အ၀တ်အစားများ စုတ်ပြဲနေကြသည် .. သို့သော် အသားကို မထိခိုက်သေးသဖြင့် သွက်လက်နေဆဲဖြစ်၏ ..

           ချင်းညံမှာ ယခုထက်ထိ ကြံကြံခံနိုင်သေးသော ထူးဆန်းသတ္တ၀ါအား အံအားသင့်နေသည် .. သူမတို့နှစ်ယောက်ပေါင်းတိုက်ခိုက်လျှင် သိုင်းလောက အဆင့်လွန်ပညာရှင်များပင် အခက်ကြုံရမည်ပင် .. ယခုထိုသတ္တ၀ါမှာ ဒူပေဒါဏ်ပေ ခံနိုင်လွန်း၏ .. ထို့ထက်ပိုသည်မှာ ထိုသတ္တ၀ါ၏ မှတ်ဉာဏ်နှင့် ပင်ကိုယ်အသိသာ .. သူ၏ပျော့ကွက်ဖြစ်သော ရင်ဘတ်နေရာမပေါ်အောင် ရှောင်တိမ်းနိုင်သည်အပြင် သူမတို့နှစ်ယောက်အား အမြီးဖြင့်ရိုက်၍တဖုံ .. ပါးစပ်ဖြင့် ကိုက်၍တသွယ် အမျိုးမျိုး အထွေထွေ ရန်မူလာသေးသည်..

အစ၏အဆုံး အဆုံး၏အစ Unde poveștirile trăiesc. Descoperă acum