အပိုင်း(၃၃)

641 72 2
                                    

            အားကွေ့သည်  အဆိပ်ဒါဏ်ကြောင့် အရိုးကွဲမတတ်အေးစိမ့်ခြင်းဒါဏ်ကို ခံနေရသည် ..  ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ တစ်ချက်တစ်ချက်တွင် သတိလက်လွတ်ဖြစ်ဖြစ်သွား၏ ...

          '''အား...ငါသတိလွတ်လို့မရဘူး .. သတိလွတ်ပြီး မေ့သွားတာနဲ့ တသက်လုံး ပြန်ထနိုင်တော့မှာမဟုတ်ဘူး ..''
          ကိုယ့်ကိုယ်ကိုယ်ပြန်လည်အားတင်းရင်း ထရန်ကြိုးစာသေးသော်လည်း... သူ၏လက်များခြေထောက်များမှာ လှုပ်ရှား၍မရနိုင်တော့ပေ.. ထုံကျင်ကိုက်ခဲ တောင့်တင်းကာ အထိအတွေ့ကိုပင်ခံစား၍မရတော့ ..
          အားကွေ့ တကိုယ်လုံးတွင် လှုပ်ရှားနိုင်သည့်အရာဟူ၍ လတ်တလောတွင် ခေါင်းတစ်လုံးသာရှိတော့၏....
          မူးဝေနေသော ခေါင်းအားအနိုင်နိုင်ထောင်၍ မိမိကိုယ်ကို ပြန်ကြည့်လိုက်ရာ ..
      ရေခဲကိုက်ထားသောလူကဲသို့ ..ခြေ လက်နှင့် ကိုယ်တွင် ခရမ်းပုပ်ရောင် အကွက်များထ နေသည်ကို တွေ့လိုက်ရသည်..

         '''ဟာ.. ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူး .. ဖိုးဖိုးဖုန်းချူးပြောတာကြားဖူးတယ် .. တိဗက်ကုန်းမြင့်ဒေသ အရမ်းအေးတဲ့နေရာတွေမှာ  ရေခဲပြင်ထဲသွားရင်း နှင်းကိုက် ခံရတဲ့လူတွေဟာ ဒီလို ခရမ်းပုပ်ရောင်အကွက်လိုက် ထပြီး အသားတွေ ပုပ်ဆွေး ပြတ်ကျ တယ်လို့ပြောဖူးတယ် .. ငါဘယ်လိုလုပ်ရပါ့...'''''

               ဟုတွေးကာ တတ်နိုင်သမျှ အားစိုက်ကာ ကြိုးစားလှုပ်ရှားကြည့်သေး၏..
သို့သော် အချည်းနှီးမျှသာ...
              တခုကံကောင်းသည်မှာ ရင်ဝမှ နာကျဉ်သောဝေဒနာမှာ လုံးဝမရှိတော့ခြင်း ဖြစ်သည်...

              ထို့ကြောင့်အားကွေ့သည် သူ၏အတွင်းအားကို ဖြည်းဖြည်းခြင်း စုစည်း ကြည့်လိုက်မိသည်.. ပူနွေးသော အငွေ့အသက်သည် ချက်နားတ၀ိုက်တွင် လှည့်ပတ် နေသောကြောင့် သူ၏အတွင်းအားမှာ နဂိုအတိုင်း ပြန်လည်အသုံးပြု၍ ရသွားသည်ကို သိလိုက်ရသဖြင့် အားတက်သွားကာ ထင်းလွေ၏ မူပိုင်အတွင်းအားသိုင်း ဖြစ်သော ဆယ့်တစ်ဆင့်အတွင်းအား ကိုသုံးကာ ကိုယ်လက်များသို့ ဖြန့်ကျက်လိုက်သည် ...

             အတွင်းအားသည် ချက်အတွင်းနားတ၀ိုက်တွင်သာ လည့်ပတ်နေပြီး အားလျော့ပြိုကွဲသွားကာ လက်ခြေများသို့ မရောက် ပဲ လွင့်ပြယ်သွား၏ .. အားကွေ့ သည်ဇွဲမလျော့ပဲ သူသိမီထားသမျှ အတွင်းအားပညာရပ်မျိုးစုံကို တမျိုးပြီး တမျိုး သုံးကာ အတွင်းအားဖြန့်ရန်ကျိုးစားလိုက်ပြန်သည်..

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora