အပိုင်း(၅၇)A

589 83 6
                                    

          ရွှေဗျိုင်းဖြူစံအိမ်သခင်လေး၏ မင်္ဂလာဆောင်သည် ထင်ထားသည်ထက်ပင် ပို၍စည်ကားသေးသည်.. အလယ်ပိုင်းသိုင်းလောကအတွင်း ထင်ရှားသော သိုင်းသမား အများစုတက်ရောက်သည့်ပွဲမို့ မင်္ဂလာဧည့်ခံပွဲထက် သိုင်းအစည်းအဝေး ကြီးကျင်းပနေသည်နှင့် ပိုတူနေ၏..

           သိုင်းသမားများ စုပြုံနေလျှင် ပြသနာပေါင်းစုံတက်တတ်သဖြင့် ထိုသို့ မဖြစ်စေရန် မဟာမိတ်သိုင်းအဖွဲ့အစည်းမှ တာဝန်ယူထားသည် .. ထို့ကြောင့် ရွှေပွဲလာ ပရိတ်သတ်များကြားထဲတွင် အဖွဲ့အစည်းခြောက်ဖွဲ့မှ သိုင်းပညာရှင်များကို တွေ့ရလေ၏ ..

         သတို့သားလောင်း ပါ့ထင်းသည်ဖဲပွင့်အနီရောင်တပ်ဆင်ထားသော မင်္ဂလာ ၀တ်ရုံကြီးတဖါးဖါးနှင့် ဧည့်သည်များကို လိုက်နူတ်ဆက်နေသည်..  ထိပ်သီးသိုင်းသမားဆယ်ယောက် မှ ကျောက်ကျူးထင် .. ယဲ့ယွင် ..ယွဲ့ပိုင်   သူရဲကောင်းဇရပ်ပိုင်ရှင် ..နှင့် ခုံတုံ .. ဟွာစန်း ..ငိုမီ အစရှိသောဂိုဏ်းချုပ်ကြီးများမှာ အထူးမင်္ဂလာဝိုင်းတွင် မိန့်မိန့်ကြီးထိုင်နေကြ၏ ..

           လိုင်လိုင်တို့အဖွဲ့မှာ ဒုတိယထိပ်တန်း စားပွဲဝိုင်းတွင် ထိုင်နေကြပြီး သူတို့ဝိုင်းနှင့်မလှမ်း မကမ်းတွင် အလွန်တရာလှပသော မိန်းမပျိုလေးတစ်ယောက်ထိုင်နေသည် .. အားဖုန် နှင့်အားချန်တို့၏ မျက်လုံးမှာ ထိုမိန်းကလေးနားဆီမှ မခွနိုင်အောင်ဖြစ်နေကြ၍ ဟွားဟွားက

          ''အကိုအားဖုန်နဲ့ အကိုအားချန်ကလည်း .. မျက်စိနှစ်လုံးကျွတ်ကျသွားအုံး မယ် နည်းနည်းလေး အိနြေ္ဒဆယ်ကြပါအုံး.. ''
             အားဖုန်နှင့်အားချန်မှာ ဟွားဟွားစကားကြောင့်ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ထိုမိန်းကလေးဆီမှ အကြည့်ကိုလွဲလိုက်ရ၏..

                ထိုစဉ်ဝူတန်ဂိုဏ်းချုပ်ကြီးကြွရောက်လာသဖြင့် အခန်းအတွင်းရှိ လူများ ထရပ် ဂါရ၀ပြုလိုက်ကြသည်.. သတိုးသားလောင်းမှာ ၀ူတန်ဂိုဏ်းချုပ်အနီးသို့ ပြေးသွားကာ ခရီးဦးကြိုပြုလိုက်၏.. ဂိုဏ်းချုပ်ကြီးမှာ တပည့်တစ်ယောက်နှင့်လာခြင်း ဖြစ်ပြီး ထိုတပည့်မှာ ရသေ့ဝတ်မဟုတ်ဘဲ အရပ်ဝတ်နှင့် ရုပ်ရည်သန့်ပြန့်သော အသက်နှစ်ဆယ်အရွယ် လူငယ်ဖြစ်သည်..
                 လူစုံသလောက်ဖြစ်နေ၍ ရွှေဗျိုင်းဖြူစံအိမ်သခင်ကြီးသည် ထ ရပ်ကာ

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora