Episode. 4

8.2K 412 10
                                    

{Unicode}

Australia က ပြန်ရောက် လာကတည်းက Jennie တစ်ယောက် ဂနာမငြိမ် တာကို Jisoo သတိထားမိနေတာကြာပြီ။

တခါတလေ တစက်မှ အငြိမ်မနေသလို တခါတလေကျတော့လည်း ပြူတင်းပေါက်အပြင်ဘက်ကို အကြာကြီး စိုက်ကြည့်ပြီး ငေးနေတတ်သည်။

အခုလည်း နှစ်ယောက် အတူတူ ဟာသကားထိုင်ကြည့်နေပေမဲ့ Jennie ကတော့ ဇာတ်ကားထဲ စိတ်မဝင်စား Phone ကိုသာ ခဏခဏကြည့်နေသည်။

" ဟဲ့ နင်မဟုတ်တော့ဘူး, ဘာဖြစ်နေတာလဲ "

Jisoo မနေနိုင်တော့တဲ့ အဆုံး စားနေတဲ့ မုန့်ထုပ်ဘေးချပြီး Jennie ကို လှည့်မေးလိုက်သည်။

" ဟင် ငါဘာဖြစ်နေလို့လဲ"

" နင် ဟိုကပြန်လာပြီးကတည်းက ဘာပုံဖြစ်နေမှန်းကို မသိဘူး။ ဒီ Ph ကြီးပဲ ကြည့်ကြည့်နေတာ။ တခါတလေ Ph ကြည့်ပြီး ပြုံးလိုက် တခါတလေ ပြူတင်းပေါက်မှာ ငေးဆွေးနေလိုက်နဲ့ ၊ ရည်းစားပူမိနေသလိုပဲ"

" အယ်!!ခုမှ စဉ်းစားမိတယ် မဟုတ်မှလွဲရော နင်ရည်းစားရနေပီလား"

Jennie အလန့်တကြား အသံပြဲကြီးနဲ့ ပြောနေတဲ့ Jisoo ပါးစပ်ကို အမြန်လှမ်းပိတ်ရသည်။

" တိုးတိုးပြောပါဟ Jisooရဲ့ မေမေကြားသွားမှဖြင့်"

" သြော် နင်က တကယ်ရည်းစားရလာတာကို၊ ငါ့ကိုပြောပြ နင်ဟိုမှာ ဘာတွေဖြစ်ခဲ့လဲ"

Jisoo မေးခွန်းကို သူဘယ်က ဘယ်လို စဖြေရမယ်မသိ။

Jennie ဘာမှ မဖြေသေးပဲ အနီးက ရေဘူးကိုသာ ဖွင့်သောက်နေသည်။

" ဟဲ့ ငါမေးနေတယ်ဟာ ငယ်သူငယ်ချင်းအချင်းချင်းလျှိုထားတယ်။ နင်မပြောပြရင်တော့ ငါစိတ်ဆိုးမှာ"

Jisoo စိတ်ဆိုးမယ် ဆိုတော့ Jennie မပြောလို့မဖြစ်တော့။ Jisoo က စိတ်ဆိုးစိတ်ကောက်ရင် အနည်းဆုံးတစ်ပတ်လောက်ကြာသည်။

ဒါတောင် သူနဲ့က ငယ်သူငယ်ချင်းမို့။ အခြားသူဆို အနည်းဆုံး တစ်လ နှစ်လ ကြာတတ်သည်။ အာ့ကြောင့် Jisoo စိတ်ဆ်ိုးမှာကိုတော့ Jennie ကြောက်သည်။

" အေး ငါဟိုမှာ ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။ ပြီးတော့ ဒီ ပြန်လာခံနီးမှာပဲ သူနဲ့ ငါ......."

Perpetual LoveWhere stories live. Discover now