Episode. 12

7.3K 441 31
                                    

{Unicode}

" ဟာ Chaeyoung ရောက်နေပြီလား ။ "

Nayeon ပြောလိုက်မှ Jennie သတိဝင်လာပြီး Chaeyoung ကို ကြည့်နေတဲ့ဆီကနေ အကြည့်အမြန်လွှဲလိုက်သည်။ Chaeyoung ကလည်း အကြည့်အမြန်လွှဲပြီး Nayeon ကို ပြုံးပြနှုတ်ဆက်လိုက်သည်။

" အင်း ဟုတ်တယ် အခုလေးတင်ရောက်တာ"

" လာမယ်ဆိုရင်ကြိုပြောတာမဟုတ်ဘူး Chaeyoung ကလည်း Nayeon လာကြိုပေးမှာပေါ့"

ပြောရင်းနဲ့ Nayeon က Chaeyoung လက်မောင်းလေးကို တွဲချိတ်လိုက်သည်။ အဲ့အနေအထားကို Jennie ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားတာနဲ့ လှည့်ထွက်ခဲ့သည်။

အမှန်တကယ်ဆို Nayeon ဆိုတဲ့ ကောင်မလေးက Chaeyoung ကျောင်းမှာမရှိတော့တဲ့ အချိန်မှာ ကျောင်းပြောင်းလာသူ။ Chaeyoung နဲ့ ရင်းနှီးတာဖြင့်မကြာသေးဘူး အဲ့လောက်ထိ ကပ်စရာမလိုဘူးလို့ Jennie တွေးမိရင်း ဒေါသထွက်လာသလိုလို Chaeyoung ကို ပဲ စိတ်ဆိုးမိသလိုဖြစ်လာသည်။

လှည့်ထွက်သွားတဲ့ Jennie ရဲ့ နောက်ကို Chaeyoung လိုက်သွားချင်ပေမဲ့ Nayeon က လက်ကို အတင်းဆွဲထားပြီး စကားတွေ ပြောနေတာနဲ့ Chaeyoung အားနာနာနဲ့ နားထောင်နေရသည်။

" သိတာဖြင့် မကြာသေးဘူး ။ နှစ်ယောက်သားက ပူးကပ်နေတာပဲ။ အမြင်ကတ်ဖို့ကောင်းလိုက်တာ"

Jennie ပါးစပ်ကနေ တတွတ်တွတ်ပြောရင်း အခန်းအပြင်ဘက်ကို ထွက်ပြီး လှေကားထစ်မှာ ဆူပုတ်ပုတ်နဲ့ သွားထိုင်နေသည်။

လှေကားထစ်မှာထိုင်ရင်း ကမ်းခြေဘက်ကို ကြည့်ငေးနေတုန်း အနောက်ကနေ နွေးကနဲ ဖြစ်သွားတော့ Jennie လှည့်ကြည့်လိုက်သည်။ Lisa က သူ့ကို စောင် ခြုံပေးရင်း ဘေးမှာ ဝင်ထိုင်သည်။

"အပြင်မှာ လေတွေ တိုက်ပြီးအေးနေတာကို ဘာလို့ထွက်ထိုင်နေတာလဲ။ "

" ဒီလိုပါပဲ ။ လာ LiLiလည်း စောင်ထဲဝင်။ တူတူခြုံမယ်"

နှစ်ယောက်သား စောင်တထည်ကို အတူတူခြုံထားရင်း ကမ်းခြေ ရှုခင်းတွေကို ငေးနေကြသည်။

"JenJen...."

" အင်း LiLi ဘာပြောမို့လဲ"

စကားကို ဆက်မပြောသေးပဲ Jennie မျက်နှာလေးကို Lisa ကြည့်နေသည်။ ပြီးမှ ခပ်ရေးရေးလေး ပြုံးရင်း ခေါင်းခါပြလိုက်ပြီး

Perpetual LoveWhere stories live. Discover now