{Unicode}
ပန်းချီကား တစ်ချပ်ကို လက်စသတ်ပြီးနောက် Jennie နာရီ ကြည့်လိုက်တော့ မနက် (၄) နာရီ။
" မိုးလင်းတာတောင် မသိလိုက်ဘူး။ ငါတော်တော်ဈာန်ဝင်သွားတာပဲ"
Jennie အကြောဆန့်လိုက်ပြီး ဖုန်းကိုယူလိုက်သည်။
ဖုန်းကို ဖွင့်လိုက်တော့ Lock screen မှာ ပေါ်လာတာက Lisa ရဲ့ပုံလေး။ Jennie မျက်နှာက အလိုလိုပြုံးသွားသည်။
"လွမ်းလိုက်တာ LiLi ရယ်"
Jennie ဖုန်း screenက Lisa ရဲ့ မျက်နှာလေးကို တချက် နမ်းလိုက်သည်။
Lisa ရဲ့ အသံလေးကို ကြားချင်လာတာနဲ့ ဖုန်းခေါ်ဖို့ ပြင်သည်။ ဖုန်းခေါ်မဲ့လက်က ရုတ်တရက် တန့်သွားသည်။
" ဒီ အချိန်ကြီး LiLi မထလောက်သေးဘူးထင်တယ်။ ငါဖုန်းခေါ်လိုက်လို့ သူ အိပ်ရေးပျက်သွားမလား"
Jennie မခေါ်တော့ဘူးလို့ ဆုံးဖြတ်ပြီး အိပ်ရာထဲ ဝင်ကာ အိပ်ဖို့ ပြင်သည်။
Lisa ကို လွမ်းတဲ့ စိတ်နဲ့ Jennie အိပ်လို့မရ။ မှောက်လိုက် လှန်လိုက်နဲ့ အိပ်ရာထဲမှာ ဂနာမငြိမ်။
ဒီရက်အတောအတွင်း Jennie နောက်လုပ်မဲ့ ပြပွဲအတွက် အလုပ်တွေရှုပ််နေတာမို့ Lisa နဲ့ သိပ်မတွေ့ဖြစ်။
Lisa ကလည်း အခုတလော Irene ရဲ့ World tour အတွက် Irene နဲ့ အတူတူ လေ့ကျင့်ပေးနေရတာတင် တခါတလေ အိမ်တောင် ပြန်မအိပ်ဖြစ်။
နှစ်ယောက်သား တရက်ကို ဖုန်းလေး တစ်ခါတောင် ခေါ်ဖို့ပင် အချိန်မရ။
" ဟာ မရတော့ဘူးကွာ"
Jennie စိတ်မထိန်းနိုင်တော့တဲ့ အဆုံး Lisa ဆီ ဖုန်းခေါ်သည်။
ပထမတစ်ခါ ခေါ်တော့ မကိုင်။
ဒုတိယ တစ်ခါ ထပ်ခေါ်တော့မှ Lisa ကိုင်သည်။
"အင်း Jen ပြောလေ"
Lisa ရဲ့ အသံလေးကို ကြားလိုက်ရတော့ Jennie အလွမ်းပြေသွားသည်။ ကျေနပ်သွားတဲ့ ရုပ်ကြီးက ဖြီးလို့။
" Jen.... အစောကြီး နိုးနေတာလား"
" ဟင့်အင်း အိပ်ကိုမအိပ်ရသေးတာ"
YOU ARE READING
Perpetual Love
RomanceJennie : " အချစ်ဆိုတာ ဘာမှန်းတောင် ငါမသိတော့ ဘူးဟာ....." Lisa: " ငါ့မျက်နှာပေါ်က အပြုံးတွေက သူ့ဆီက ဖြစ် တည်လာခဲ့တာ" Rosé: " ငါသူ့ကို ချစ်နေသရွေ့မဟုတ်ဘူး သူငါ့ကို ချစ် နေသေးသရွေ့ သူ့အနားမှာ ငါရှိနေမယ်"