Episode.13

8.2K 348 34
                                    

{Unicode}

" Jennieရေ! ငါကျောင်းပိတ်ရက် နင့်ဆီ အလည်လာခဲ့အုံးမယ်"

Hailee ဆီက email ကို မြင်တော့ Jennie အရမ်းပျော်သွားသည်။ Hailee နဲ့ မတွေ့ရတာ နှစ်တွေချီပြီး ကြာနေပြီလေ။ Jennie အရမ်းပျော်တာနဲ့ Hailee ဆီကို မြန်မြန်လာဖို့ အကြောင်း။ ရောက်ရင် နေရာစုံလိုက်ပို့ပေးပြီး Korea အစားအစာတွေ အကုန်လုပ်ကျွေးမဲ့ အကြောင်းတွေကို အများကြီး ရေးပြီး email ပြန်ပို့လိုက်သည်။

Laptop ကို ပိတ်လိုက်ပြီး Coffee ခွက်လေးကိုင်ရင်း ပြူတင်းပေါက်ဘက်ကို Jennie ထွက်လာခဲ့သည်။ Jennie ပြူတင်းပေါက် ဘောင်ပေါ်မှာ ထိုင်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ကြယ်တွေက စုံလို့ ။

ကြယ်တွေကို ကြည့်ရင်းနဲ့ ခေါင်းထဲမှာ ဘူဆန်ခရီးစဉ်တုန်းက အဖြစ်အပျက်တွေကို ပြန်သတိရလာသည်။ Chaeyoung ငြင်းလိုက်တဲ့ အချိန် ညိုးငယ်ကျသွားတဲ့ Nayeon ရဲ့ မျက်နှာကို ပြန်လည်မြင်ယောင်မိသည်။ Nayeon အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ သူဘာလို့ အဲ့အချိန်က ပြုံးမိတယ်ဆိုတာကိုပြန်တွေးကြည့်မိပြီး Jennie ကိုယ့်ကိုယ်ကို မလုံ။

အဲ့တုန်းက သူ့ကို Lisa ကြည့်နေမိမလားလို့ ပြန်တွေးကြည့်ပြီး စိုးရိမ်မိပြန်သည်။ အဲ့ ခရီးစဉ်က ပြန်လာပြီးကတည်း Lisa မျက်နှာမကောင်း။ သူ့ရှေ့မှာတော့ ဘာမှ မဖြစ်သလိုနေနေပေမဲ့ Lisa တစ်ခုခုဖြစ်နေတယ်ဆိုတာကို Jennie သိသည်။

"မဟုတ်မှလွဲရော LiLi သိနေတာလား"

Jennie တွေးမိသွားပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ Jennie ချက်ချင်း Lisa ဆီ ဖုန်းဆက်လိုက်သည်။ ဖုန်းမကိုင်။

သုံးခါလောက် ဆက်တိုက်ခေါ်တော့မှ Lisa ဖုန်းပြန်ကိုင်သည်။

" အင်း JenJen ပြော..."

အိပ်ချင်မူးတူးအသံနဲ့ Lisa ပြန်ထူးမှ Jennie စိတ်အေးသွားသည်။

" LiLi အိပ်နေတာလား"

" အင်း ဟုတ်တယ်။ ခေါင်းနည်းနည်းနောက်လို့ စောစောအိပ်နေတာ။ JenJen ဘာပြောမို့လဲ"

" ဟင့်အင်း။ ဒီတိုင်းပဲ LiLi ကို သတိရလို့"

" သတိရရင် ပြေးလာခဲ့လေ LiLiဆီကို "

You've reached the end of published parts.

⏰ Last updated: Dec 24, 2019 ⏰

Add this story to your Library to get notified about new parts!

Perpetual LoveWhere stories live. Discover now