Episode.19

9.4K 462 21
                                    

{Unicode}

" Li တို့နှစ်ယောက်က တော်တော် ရင်းနှီး ကြတယ်ထင်တယ်"

Irene ရဲ့ အသံကြောင့် Lisa တို့နှစ်ယောက် အသိဝင်လာပြီး ချက်ချင်း အကြည့်လွှဲလိုက်ကြသည်။

" LiLi နဲ့ ....."

"Senior ပါ။ ဆရာမ Jennie Kim က အထက်တန်းကျောင်းတုန်းက Li ရဲ့ Senior လေ။ "

Jennie ရဲ့ စကားကို အမြန်ဖြတ်ပြီး Lisa ပြောလိုက်သည်။

Lisa ရဲ့ သူစိမ်းဆန်တဲ့ အဖြေက Jennie အတွက် ခါးသက်စေသည်။ အဲ့စကားကို သာမန်ပုံစံနဲ့ ဘာမှ မဖြစ်သလို ပြောသွားတဲ့ Lisa ကို ကြည့်ပြီး Jennie ပိုပြီး ရင်နာရသည်။

Lisa ကတော့ ဘာမှ မဖြစ်သလိုပင်။ သူ့ကို တချက်ပဲ ကြည့်ပြီး အခြားဘက်ကို မျက်နှာလွှဲနေသည်။

" ဟယ်! Li အကျင့်ပုတ်တယ်။ ဆရာမ Kim နဲ့ သိတာကို စောစောက မပြောဘူး"

Irene က Lisa လက်မောင်းလေးကို တချက်ထုလိုက်ပြီး မျက်နှာ စူပုတ်ပုတ်နဲ့ပြောလိုက်သည်။

Irene ရဲ့ အပြုအမူကို ကြည့်ပြီး Jennie စိတ်ထဲ တမျိုးဖြစ်သွားသည်။

" ပြောပြရအောင်ထိ ရင်းနှီးခဲ့ကြတာမှ မဟုတ်တာ။ ဆရာမKim နဲ့က Senior Junior အနေနဲ့ စကားပြောဖူးရုံပဲ ရှိတာပါ။ "

Lisa ရဲ့ စကားတွေက အရမ်း သူစိမ်းဆန်လွန်းလှသည်။

" JenJen ကို စိတ်နာနေတုန်းပဲလား LiLiရယ် "

Lisa မျက်နှာလေးကို ကြည့်ပြီး Jennie စိတ်ထဲရေရွတ်မိသည်။ Lisa ရဲ့ စကားလုံးတိုင်းက မြှားတစ်စင်းလို ရင်ကို ထိုးဖောက် ဝင်ရောက်နာကျင်စေသည်။

ကျလာတော့မဲ့ မျက်ရည်ကို Lisa မမြင်အောင် မျက်နှာလွှဲ လိုက်ပြီး

" လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ အာ့ဆို သွားခွင့်ပြုပါအုံး"

"Jennie! Jisoo က အရေးကြီး ကိစ္စပေါ်လာလို့ ဒီနေ့တော့ မလာနိုင်တော့ဘူးတဲ့။ ငါ့ကို ခုလေးတင် ဖုန်းဆက်..... ဟင်....Irene......Li....Lisa"

Jennie အဲ့နေရာကနေ လှည့်ထွက်မလို့ လုပ်စဉ်မှာပဲ အနားကို Chaeyoung ရောက်လာသည်။

ရုတ်တရက် Lisa ကို မြင်လိုက်ရတော့ Chaeyoung အံ့သြသွားသည်။ ရင်ထဲမှာလည်း ဒိန်းကနဲ ဖြစ်သွားသည်။

Perpetual LoveDonde viven las historias. Descúbrelo ahora