Episode.14

7.9K 447 19
                                    

{Unicode}

"NiNi ရဲ့ နှုတ်ခမ်းလေးတွေကို ဒီည ရူးရူးမူးမူး နမ်းရိုှက်ခွင့် ChaeChae ကိုပေးပါ။ "

ပြောရင်းနဲ့ သူ့ရဲ့နှုတ်ခမ်းနားကို နီးကပ်လာတဲ့ Chaeyoung ရဲ့ အနမ်းကို လက်ခံလိုက်မိတော့မလို။

မျက်ဝန်းအစုံကိုမှိတ်လိုက်ချိန်မှာတော့ မျက်ဝန်းထဲမှာLisa မျက်နှာလေး ပေါ်လာသည်။ Jennie အရမ်း တုန်လှုပ် ထိတ်လန့်သွားသည်။ Lisa အပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်မျိူးကို လုပ်မိတော့မည်။

Jennie ချက်ချင်း Chaeyoung ကို တွန်းထုတ်လိုက်သည်။ Chaeyoung ကြမ်းပေါ်ကို နောက်ပြန်လဲကျသွားပြီး Jennie ကို နားမလည်သလိုကြည့်ရင်း

" Jennie ငါ အမှားလုပ်မိလို့လား"

" Chaeyoung......နင်နဲ့ ငါ နှစ်ယောက်စလုံး အမှားလုပ်မိကြတော့မလို့။ တောင်းပန်ပါတယ်။ ငါပြန်တော့မယ်"

" Jennie ခဏနေအုံး။ Jennie!"

Chaeyoung လှမ်းအော်ခေါ်နေပေမဲ့ Jennie ပြန်လှည့်မကြည့်တော့။ ကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်း Lisa ဆီကို Jennie အပြေးလာခဲ့သည်။ ငိုနေရင်းနဲ့ပဲ Lisa ဆီကို ဖုန်းဆက်လိုက်သည်။

" ဟဲလို"

" LiLi ဆီကို အခု JenJen လာနေပြီ။"

ဖုန်းချပြီး နာကျင်မှုတွေ သက်သာအောင် Jennie ပြေးနှုန်းကို မြင့်ပြီး Lisa ဆီကို လာခဲ့သည်။

" JenJen အန်တီဘာဖြစ်လို့လဲ "

အိမ်တံခါးကို ဖွင့်ဖွင့်ပေးချင်း Jennie ပုံစံကို ကြည့်လိုက်တော့ Lisa စိတ်ပူသွားသည်။ Jennie က ဘာမှ ဆက်မပြောပဲ သူ့ရင်ခွင်ထဲကို ဝင်ပြီး တင်းကြပ်စွာဖက်ထားသည်။

Lisa ပိုပြီး စိတ်ပူလာတာနဲ့ ဖက်ထားတဲ့ Jennie လက်တွေကို ဖြုတ်ပြီး Jennie မျက်နှာကို ကြည့်ရင်း

" ဘာဖြစ်လာတာလဲ JenJen မျက်ရည်တွေလည်း ကျလို့ပါလား။ စိတ်တွေ ပူလာပြီ။ အန်တီဘာဖြစ်လို့လဲ"

" LiLi အခန်းထဲကို သွားရအောင်လေ"

Jennie ခေါင်းခါရင်း LiLi လက်ကလေးကို ဆွဲပြီး ပြောလိုက်တော့ Lisa သက်ပြင်းလေးချရင်း သူ့အခန်းဆီကို ခေါ်လာခဲ့သည်။

Perpetual LoveWhere stories live. Discover now