Episode.5

8.9K 460 11
                                    

{Unicode}

"Happy Birthday my Chae Chae "

သူ့ဘက်က msg တွေ ပို့နေပေမဲ့ Chaeyoung ဘက်က reply မပြန်တာ နှစ်ပတ်လောက်ရှိပြီ။

Chaeyoung သူ့အဖေဆီ လိုက်သွားပြီးနောက်ပိုင်း ၁လနီးပါးလောက်ပဲ Ph ဆက် V call ခေါ်ဖြစ်ခဲ့သည်။

အခုတော့ ဘာ အကြောင်းပြရယ်လို့မှ မရှိပဲ Chaeyoung သူ့ကို ph လည်းမဆက်သလို msg ပို့ရင်လည်း reply မပြန်တော့။ Chaeyoung ဘာများ ဖြစ်နေလဲဆိုပြီး စိုးရိမ်ခဲ့ ရတာ နေ့စဉ်ရက်ဆက်။
တခါတခါ သူပို့တဲ့ Msg ကို seen ဖြစ်သွားပေမဲ့ ပြန်မပို့တာမျိူးလည်း ရှိသည်။ Jennie စဉ်းစားမရနိုင်။ Chaeyoung ဘာတွေလုပ်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ။

ခံစားချက်တွေ ပေါင်းစုံ ၊ မေးခွန်းပေါင်းစုံနဲ့ Chaeyoung ပြန်အလာကို Jennie မျှော်နေပေမဲ့ အချိန်တွေသာ ကြာလာသည်။ Chaeyoung က လုံးဝ ပြန်မလာ။

အခုလည်း Chaeyoung မွေးနေ့အတွက် Jennie Music box လေး ကို ကိုယ်တိုင်ခက်ခက်ခဲခဲ လုပ်ပြီး
Chaeyoung ကို ပေးဖို့ စောင့်နေပေမဲ့ ပြန်မလာ သလို သူ့ msg တွေကိုလည်း အဖတ်မလုပ်။

လက်ထဲမှာ music box လေးကို ကိုင်ရင်း Jennie ပြူတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း မျက်ရည်ဝဲလာသည်။

" ဘာကြောင့်လဲ Baby "

ကျတော့မဲ့ မျက်ရည်ကို ထိန်းပြီး Jennie အိပ်ရာပေါ်ထိုင်ချလိုက်သည်။ ချစ်ရသူနဲ့ ပြောခဲ့တဲ့ msg box က စာလေးတွေကို ပြန်ဖတ်ရင်း Jennie ရင်ထဲဆို့လာသည်။

" အရမ်းချစ်တယ် NiNi "

" I miss you so badly"

" အမြန်ပြန်လာခဲ့မယ် NiNi ဆီကို"

နောက်ဆုံးအပြန်အလှန် ပို့ခဲ့ကြတဲ့ Msg တွေကို ပြန်ဖတ်ရင်း Jennie မျက်ရည်တွေ ထိန်းမရတော့။

" Please Come Back to me ChaeChae."

Reply မပြန်တော့တဲ့ Ph no. လေးဆီကို မျှော်လင့်ခြင်း များစွာနဲ့ ပို့လိုက်ပြီးနောက်မှာတော့ Jennie အိပ်ရာထက်မှာ အရူးတစ်ယောက်လို ငိုရင်း နဲ့ပဲ ပင်ပန်းပြီး အိပ်ပျော်သွားခဲ့သည်။

💔💔💔💔💔💔💔💔💔💔💔💔💔💔

နှစ်နှစ်လောက်ထိ Jennie နေ့တိုင်း ညတိုင်း ခံစားခဲ့ရပြီးနောက်ပိုင်း အရူးတယောက်လိုတော့ မငိုတော့။ ဆုံနေကျ နေရာတွေ ရောက်တိုင်း ရင်ထဲမှာ ဆစ်ခနဲ နာကျင်ရုံက လွဲပြီး တည်တည်ငြိမ်ငြိမ်ပဲ နေနိုင်ခဲ့ပြီ။

Perpetual LoveWhere stories live. Discover now