Episode.16

8.3K 444 44
                                    

{Unicode}

" ဟေ့ ကလေးမ ပိုက်ဆံ ပြန်အမ်းရအုံးမယ်လေ.....ဟေ့"

Taxi driver လှမ်းခေါ်တာလည်း Jennie ဂရုမစိုက်နိုင်။ Chaeyoung ရှိရာ တိုက်ခန်းဆီကို အပြေးတပိုင်းနဲ့ လာခဲ့သည်။

အခုချိန်မှာ Jennie စိတ်ထဲ Chaeyoung ကိုပဲ တွေ့ချင်နေသည်။ Chaeyoung ကိုမှ မမြင်ရရင် ရူးသွားတော့မတတ်။

အကြောင်းအရာ ဘာမှ မသိပဲ Chaeyoung ကို သူမုန်းခဲ့သည်။ သူ့အတွက်နဲ့ အဖေလုပ်တဲ့သူကိုတောင် ဆန့်ကျင်ခဲ့သူ။ သေမလို ဖြစ်တဲ့ထိ အဖြစ်အပျက်တွေ များစွာရင်ဆိုင်ခဲ့ရလည်း သူ့ဆီကို မရောက်ရောက်အောင် ပြန်လာခဲ့သူ။ အဲ့လိုလူအတွက် သူ့ဘက်က အမုန်းတွေနဲ့ ကြိုဆိုခဲ့သည်။ အခြားသူရင်ခွင်ထဲမှာ ပျော်နေခဲ့သည်။

ကိုယ့်ကိုယ်ကို စိတ်နာမိသည်ထိ Jennie ခံစားရပြီးနောက် ရင်ထဲမှာ နာကျင်လာသည်။ မျက်ရည်တွေကို သုတ်ရင်း Chaeyoung အခန်းတံခါးရှေ့မှာ ခဏလောက် စိတ်ကို ငြိမ်အောင်ထားလိုက်သည်။

အခန်းတံခါးကို ဖွင့်ဖို့ လက်ကိုင်ဆီသို့ လက်လှမ်းလိုက်ချိန် Jennie မျက်ဝန်းထဲမှာ Lisa ပေါ်လာသည်။

"ငါကတော့ နင်မရှိရင် ရူးမှာ JenJen ။ တကယ်ရူးသွားမှာ။ "

Lisa ပြောခဲ့တဲ့ စကားသံကို ပြန်လည် ကြားယောင်မိပြန်တော့ Jennie ခဏတွေဝေသွားသည်။ ဒီ အခန်းတံခါးကို ဖွင့်လိုက်ပြီဆိုတာနဲ့ Lisa ကို သူထားခဲ့ရတော့မည်။ ဒီနေရာကနေ လှည့်ထွက်သွားမယ်ဆိုရင်လည်း Chaeyoung ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်။

Jennie တံခါးလက်ကိုင်လေးကို ကြည့်ရင်း ဆုံးဖြတ်ရ ခက်နေချိန်

"ကျွီ.... "

"ဟင်! Jennie"

အမှိုက်ထုတ်လေးကိုင်ရင်း တအံ့တသြနဲ့ သူ့ကို ကြည့်နေတဲ့ Chaeyoung ကို မြင်တော့ Jennie စိတ်ထဲကနေ Lisa က ပျောက်ကွယ်လို့ သွားခဲ့ပြီ။

Jennie အခန်းထဲကို ဇွတ်ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။

" Jennie ဘာဖြစ်လာတာလဲ ။ မျက်နှာမှာလည်း မျက်ရည်တွေနဲ့။ Lisa နဲ့ရန်ဖြစ်လာတာလား။"

Chaeyoung တအံ့တသြနဲ့ မေးနေပေမဲ့ Jennie က ဘာမှ ပြန်မပြော ခေါင်းသာ အသာခါယမ်းပြီး

Perpetual LoveWhere stories live. Discover now