Episode.29

7.2K 405 17
                                    

{Unicode}

" နင် Lisa အိမ်မှာပြောင်းနေတယ်ဆို"

Jisoo က သူ့ကို လှမ်းမေးလိုက်တော့ သူ ပန်းချီဆွဲနေရင်းနဲ့ ခေါင်းငြိမ့်ပြရင်း

" အင်း ဟုတ်တယ်။ မနက်ဖြန်ဆို တစ်လတောင်ပြည့်ပြီ"

" တော်တော်ပျော်နေတယ်လား။ မျက်နှာကြီးက ပြုံးနေတာ။ မသိတဲ့သူတွေဆို နင့်ကို အရမ်း sweet တယ် ထင်နေအုံးမယ်"

" တကယ်လည်း ငါ့မျက်နှာက sweet ဖြစ်ပါတယ်"

Jennie ပြောင်စပ်စပ်နဲ့ ပြောလိုက်သည်တော့ Jisoo က စိတ်ပျက်တဲ့ပုံစံနဲ့ ခေါင်းတရမ်းရမ်း။

ခဏလောက် တိတ်သွားပြီးမှ Jisoo က

" Chaeyoung နိုင်ငံခြားသွားတော့မယ်တဲ့"

Jennie ပန်းချီဆွဲနေတဲ့ လက်တွေ ခဏရပ်တန့်သွားသည်။

" အင်း ငါသိတယ်လေ။ "

" နင် သူ့ကို သွားမနှုတ်ဆက်ဘူးလား"

Jennie သက်ပြင်လေးချရင်း ခေါင်းရမ်းပြကာ

" LiLi သိရင် စိတ်မကောင်းဖြစ်လိမ့်မယ်"

"နှုတ်ဆက်တဲ့ အနေနဲ့ တခေါက်လောက်တော့ တွေ့သင့်တယ် ထင်တာပဲ Jennie ။ ဒီ တခေါက် သူပြန်တာရင် ဒီကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး။ "

Jennie ခဏတွေဝေသွားသည်။ ပြီးမှ ခပ်ရေးရေးလေးပြုံးရင်း

" ငါ့ကို မြင်ရင် သူပိုခံစားရလိမ့်မယ်။ ဒီတိုင်းလေး မတွေ့တာပဲ ကောင်းပါတယ်။ "

Jennie ကို ကြည့်ပြီး Jisoo ခေါင်းသာ အသာငြိမ့်ရင်း

" ဟုတ်ပါတယ်လေ။ နင့်မျက်နှာကို မြင်ရင် သူပိုနာကျင်ရမှာ။ အခုတောင် သူအရမ်းပိန်သွားတယ်။ မျက်နှာလေးဆို တော်တော်ချောင်သွားတာ။"

ဒီလိုမျိူး Chaeyoung အကြောင်းကြားရတော့လည်း Jennie စိတ်မကောင်း။

ဒါပေမဲ့ Chaeyoung ကို သွားတွေ့တာသာ Lisa သိခဲ့ရင် ပြဿနာတက်နိုင်သည်။ သူ့ဘက်က ရိုးရိုးသားသားသွားတွေ့ရင်တောင်မှ Lisa အတွက် စိုးရိမ်စရာတွေ ဖြစ်ကုန်မည်။

Lisa ကို ထပ်ပြီး မနာကျင်စေချင်သလို Chaeyoung ကိုလည်း နောက်ဆုံးအနေနဲ့ နှုတ်ဆက်ချင်သည်။

Perpetual LoveWhere stories live. Discover now