Episode.20

9.5K 459 12
                                    

{Unicode}

"တီ တီတီတီ......"

မနက် ၄နာရီခွဲ....

Lisa အိပ်ချင်မူးတူးနဲ့ Alarm ကို ထပိတ်လိုက်ပြီး အိပ်ရာကနေ မထသေးပဲနဲ့ ph ကို လှမ်းယူပြီး IG ကို ဖွင့်ကြည့်လိုက်သည်။

Search history မှာပေါ်နေတဲ့ jennierubyjane ဆိုတဲ့ account name လေး။

Lisa ဘာမှ မလုပ်ပဲ profile picture လေးကို ကြည့်နေမိသည်။ Account လေးကို ဝင်ကြည့်လိုက်တော့

" This account is private."

Lisa ခပ်ရေးရေးလေး ပြုံးပြီး profile picture အကွက်သေးသေးလေးကို ကြည့်ရင်း

"Good morning JenJen"

Lisa မနက်တိုင်း လုပ်နေကျ အပြုအမူလေး။

Private ချထားတဲ့ Account လေးကို ခဏခဏ ဝင်ကြည့်။ မအပ်ပဲ နဲ့ ပြန်ပြန်ထွက်လာတဲ့ အခေါက်ရေက မနည်းတော့။

" We could go back....."

ရုတ်တရက် Ph ဝင်လာလို့ ကြည့်လိုက်တော့

"Irene"

Lisa ချက်ချင်း မျက်နှာ ပျက်သွားသည်။ Ph ကို လုံးဝမကိုင်ပဲ အသံပိတ်ထားလိုက်သည်။ အိပ်ရာထဲကနေ ထွက်လာပြီး မျက်နှာသစ် ရေမိုးချိုး ပြင်ဆင်ပြီးချိန် မနက်စာ စားဖို့ မီးဖိုချောင်ဘက်ကို ထွက်လာခဲ့သည်။

" တင်းတောင်...တင်းတောင်"

" မနက်အစောကြီးကို ဘယ်က ဧည့်သည်လဲ မသိဘူး"

မနက် (၅) နာရီခွဲ ပဲရှိသေးတဲ့အချိန် ဧည့်သည်လာတယ်ဆိုတော့ Lisa တစ်ယောက်တည်း ရေရွတ်ရင်း တံခါးဆီကို သွားသည်။

"ဟင်! Irene"

Screen မှာပေါ်လာတဲ့ Irene ကို ကြည့်ပြီး Lisa ဘာလုပ်ရမယ်မသိ။

" အင်းလေ ရှောင်နေလို့လည်း ရတဲ့ လူတွေမှ မဟုတ်တာ။ "

နောက်ဆုံး Lisa တံခါးဖွင့်ပေးလိုက်တော့ Irene က အထဲကို အသဲအသန် ဝင်လာသည်။ မျက်လုံးတွေလည်း မို့အစ်လို့။ တညလုံး ငိုထားတဲ့ ပုံ ပေါက်နေတာမို့ Lisa တောင် နည်းနည်းစိုးရိမ်လာသည်။

"Li စိတ်မဆိုးပါနဲ့နော်။ Irene ကို မထားသွားပါနဲ့။ Li အဆက်အသွယ်ဖြတ်ထားတော့ Irene ငရဲ ကျနေသလိုခံစားရတယ်။ တောင်းပန်ပါတယ် Li ရယ်။ Li ပြန်မချစ်ချင်နေပါ။ ထားတော့ မထားခဲ့ပါနဲ့"

Perpetual LoveWhere stories live. Discover now