Episode.30

7.8K 418 26
                                    

{Unicode}

Damyang Hospital

Lisa ကားကို ဖြစ်သလို ရပ်လိုက်ပြီး ဆေးရုံထဲကို ပြေးဝင်သွားသည်။

စိုးရိမ်စိတ်တို့က ကြီးစိုးနေသည်မို့ အယောင်ယောင်အမှားအမှား။

" ယာဉ်မတော်တဆမှုနဲ့ ရောက်လာတဲ့ အရေးပေါ်လူနာ အခု ဘယ်မှာလဲဟင်"

ဆေးရုံ reception counter မှာ Lisa မေးလိုက်သည်။

" ညနေက ရောက်လာတဲ့ လူနာထင်တယ်။ မိန်းကလေးလား"

" ဟုတ် မိန်းကလေး။ သူ အခု ဘယ်မှာလဲ။ သူ့ရဲ့ အခြေအနေ ကောင်းသွားပြီမို့လား"

Lisa တရပ်စပ်တွေမေးတော့ ကောင်တာက နာ့စ်မလေးက စိတ်ကို ငြိမ်အောင်ထားဖို့ လက်လှမ်းပြရင်း

" ရှင့်ကို ကြည့်ရတာ စိတ်အရမ်းလှုပ်ရှားနေတယ်။ စိတ်ကို ငြိမ်ငြိမ်ထားပါ။"

" အခုချိန်မှာ ဘယ်လိုလုပ် စိတ်ကို ငြိမ်ငြိမ် ထားနိုင်မှာလဲ။ JenJen အခု ဘယ်မှာလဲ"

Lisa စိုးရိမ်ဇောကြောင့် ဒေါသတွေ ထွက်ပြီး အော်လိုက်တော့ နာ့စ်မလေးက လန့်သွားပြီး

" Kim Jennie နော်။ သူအခု အရေးပေါ်ခွဲစိတ်ခန်းထဲမှာပဲ ရှိသေးတယ်။ ရော့ ဒါ သူ့ရဲ့ ပစ္စည်းတွေနဲ့ မှတ်ပုံတင်ကဒ်"

သွေးတွေ ပေနေတဲ့ Jennie ရဲ့ အိတ်လေးကို Lisa ကိုင်ပြီး ရင်ထဲမှာ မိုးတွေပြိုနေသလို ခံစားလို်က်ရသည်။

အရေးပေါ်ခွဲစိတ်ခန်း ရှေ့က ခုံတန်းလေးမှာ သွေးစွန်းနေတဲ့ Jennie ရဲ့ အိတ်လေးကို ရင်ခွင်ထဲမှာ ကျစ်ကျစ်ပါအောင် ဖက်ထားပြီး Lisa မျက်ရည်တွေကျနေသည်။

" LiLi ကြောင့် ဖြစ်ရတာ။ JenJen ဆီ ဖုန်းမဆက်ခဲ့သင့်ဘူး။ LiLi အမှားတွေပါ။ LiLi ကို အပြစ်တင်ဖို့ ပြန်လာခဲ့ပေးပါ JenJen ရယ် ။ကျေးဇူးပြုပြီး..."

Lisa ကိုယ်ကိုယ်ကို အပြစ်တင်ရင်း ရူးမတတ်ဖြစ်နေသည်။

" Lisa....Jennie.....Jennie ဘယ်လိုဖြစ်တာလဲ"

Jisoo နဲ့ Somi အပြေးအလွှားရောက်လာကြရင်းမေးလိုက်သည်။

"Unnie...."

Lisa ဘာမှ မပြောနိုင်သေးပဲ Jisoo ကို နစ်နေအောင်ဖက်ပြီး ငိုတော့သည်။

Perpetual LoveWhere stories live. Discover now