Episode.23

9.2K 435 17
                                    

{Unicode}

"1,2,3...."

"Wow! ငါဖမ်းမိလိုက်တာလား"

Somi ပစ်ပေးလိုက်တဲ့ ပန်းစည်းကို Lisa အမိအရဖမ်းမိလိုက်သည်။ ပန်းစည်းလေးကို ကိုင်ပြီး Lisa မျက်နှာလေးက ပြုံးလို့။

"Congratulations LiLi"

Jennie က Lisa ခါးလေးကို လူတွေမမြင်အောင် တိတ်တိတ်လေးဖက်ကိုင်လိုက်ပြီး နားနားလေးကပ်ပြီး ပြောလိုက်သည်။ ပြောပြီးတာနဲ့ မသိမသာလေး အနားကနေခွာသွားပြီး Somi တို့နောက်ကို လိုက်သွားသည်။ Lisa ကတော့ ပန်းစည်းလေးကိုင်ပြီး Jennie နောက်ခပ်လှမ်းလှမ်းကနေ ကပ်လို်က်လာသည်။

"Dinner ပြီးရင် နင်လည်း Hotel မှာပဲ အိပ်မှာမို့လား Jennie "

Jisoo သူ့ကို လှမ်းမေးတော့ Lisa ကို ကြည့်နေရာကနေ Jisoo ဘက်ကို လှည့်ပြီး ဖြေသည်။

" အင်းလေ ငါတို့က သောက်ကြစားကြအုံးမှာဆိုတော့ ကားပြန်မောင်းဖို့ အဆင်မပြေဘူး Hotel မှာပဲ အိပ်ဖြစ်မှာ"

"အေ့ ငါတို့ အကြောင်းကို သိလို့ Somi က Hotel မှာ Booking လုပ်ပေးထားတယ်။ Oppa JB တို့အတွက်ရောပဲ။ နင်ရယ် ငါရယ် Lisa ရယ်ကို တစ်ခန်း ငှါးပေးထားတယ်"

" ဟင် သုံးယောက်တစ်ခန်းကြီးလား"

"အေ့လေ ဘာလဲ။ နင်ကတစ်ယောက်တည်းနေချင်လို့လား"

Jisoo သူ့ကို မျက်စောင်းလေးခဲပြီးပြောတော့ Jennie အမြန်အဆန် ခေါင်းလေးခါပြရင်း

" ဟာ အဲ့လိုပြောတာမဟုတ်ဘူးလေ။ ငါက ဒီတိုင်းပဲ မေးလိုက်တာကို နင်ကလည်း"

"မဟုတ်ရင်လည်း ပြီးတာပဲ။ ဟေ့ Lisa အဲ့နားမှာ ပန်းစည်းကြီးကိုင်ပြီး ဘာရပ်လုပ်နေတာလဲ။ လာသွားမယ် ခဏနားကြအုံးမယ်ဟယ်"

Jisoo က Lisa လက်ကို ဆွဲပြီး ခေါ်သွားသည်။ Lisa ကတော့ သူ့ကို လှည့်ကြည့်လှည့်ကြည့်နဲ့ Jisoo နောက်ကို မလိုက်ချင်ပဲ လိုက်သွားရသည်။

" တကယ်တော့ ငါက နှစ်ယောက်ခန်းလေး လိုချင်တာလေဟာ"

ထွက်သွားတဲ့ Lisa ရဲ့ ကျောပြင်လေးကို ကြည့်ပြီး Jennie ငိုမဲ့ငိုမဲ့နဲ့ စိတ်ထဲမှာ တွေးနေမိသည်။

Dinner ကတော့ JB တို့ အုပ်စုနဲ့ မိန်းကလေး ဘက်က သူရယ် Lisa ရယ် Jisoo ရယ်ပဲ ပါသည်။ သူငယ်ချင်းတွေချည်းပဲ လုပ်တဲ့ Dinnerပွဲလေးက လူနည်းပေမဲ့ ဆူညံလို့နေသည်။ အားရပါးရ သောင်းကျန်းလို့ကောင်းနေကြသည်။

Perpetual LoveWhere stories live. Discover now