Episode.15

8.7K 436 48
                                    

{Unicode}

စာမေးပွဲ ဖြေဖို့ သုံးရက်ပဲ လိုတော့သည်မို့ Jennie ကျောင်း မသွားပဲ အခန်းအောင်း စာလုပ်နေသည်။ တနေကုန်စာလုပ်။ စားပွဲမှာပဲ မှောက်အိပ်ရင်း နောက်မနက်ရောက်လိုက်နဲ့ ဒီအခန်းလေးထဲမှာပဲ အချိန်တွေကုန်နေသည်။

အထက်တန်း နောက်ဆုံးနှစ်ရဲ့ နောက်ဆုံးစာမေးပွဲမို့ အရင်က ကြိုးစားတာထက် နှစ်ဆပိုပြီး ကြိုးစားနေခြင်းဖြစ်သည်။ ဒီစာမေးပွဲမှာ အမှတ်ကောင်းကောင်းရမှ သူအရမ်းတက်ချင်နေတဲ့ တက္ကသို်လ်ကို တက်ခွင့်ရမည်ဖြစ်သည်။ အခု အချိန်မှာတော့ သူ့ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်လုပ်ဖို့ကလွဲ ပြီး အခြား ကို အာရုံမရနိုင်။

" အန်တီ JenJen ထမင်းရော စားပြီးပြီလား"

"သြော် သမီး Lisa ပဲ ။ သမီးရဲ့ Jennie ကတော့ ထမင်းမေ့ ဟင်းမေ့ စာလုပ်နေတယ်သမီးရေ။ အခုထိ မစားရသေးဘူး။ အခန်းထဲကလည်း တနေကုန်မထွက်ဘူး။ "

" ဟာ JenJen ကတော့ သူလုပ်ချင်ပြီဆို အဲ့အတိုင်းပဲ။ အာ့တွေသိလို့ သမီး သူ အဆာပြေစားရအောင် သရေစာမုန့်တွေ ဝယ်လာတယ်။ သမီး သွားပေးလိုက်အုံးမယ်။ "

" အေ့ အေး သမီး တက်သွား"

Lisa အန်တီ့ကို နှုတ်ဆက်ပြီးတာနဲ့ အပေါ်ကို တက်လာခဲ့သည်။

Jennie အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာတော့ Lisa တော်တော်လန့်သွားသည်။ အခန်းတစ်ခုလုံး လုံးခြေထားတဲ့ စာရွက်တွေနဲ့ ရှုပ်ပွလို့နေသည်။ နံရံတွေမှာလည်း စာတို စာ ရွက်တွေ ကပ်ထားလို့ ။ စာကြည့်စားပွဲ မှာတော့ ဆံပင်ကို ဖရိုဖရဲ စည်းထားရင်း ဒူးတဘက်ထောင်ပြီး ခေါင်းမဖော်တမ်း စာလုပ်နေတဲ့ သူ့ရဲ့ JenJenလေး။

သူဝင်လာတာတောင် သတိထားမိပုံ မပေါ် ။ စာထဲမှာ တော်တော် အာရုံနစ်နေသည်။ Lisa လည်း မွေ့ရာပေါ်မှာ စားစရာထုပ်တင်လိုက်သည်။ ပြီးတော့ တိတ်တိတ်လေး အသံမထွက်ပဲ မွေ့ရာပေါ်မှာ ထိုင်ရင်း Jennie ကို တစိမ့်စိမ့်ကြည့်နေသည်။

" အမလေး......လန့်သွားတာပဲ LiLi ရယ်"

Jennie ရေ ငတ်လာလို့ အောက်ထပ်ဆင်း ရေခပ်ဖို့ စားပွဲ ခုံကနေ ထပြီး နောက်အလှည့် Lisa ကို မြင်ပြီး လန့်သွားရသည်။ သူလန့်သွားတာကို ကြည့်ပြီး Lisa ကတော့ ရယ်နေသည်။

Perpetual LoveWhere stories live. Discover now