Episode.21

8.9K 429 12
                                    

{Unicode}

"Baby, I'm dancing in the dark with you between my arms......"

🎶🎶🎶🎶

Chaeyoung ဒီနေ့မနက်ကတည်းက ဒီ သီချင်းတစ်ပုဒ်တည်းကို နားထောင်နေခဲ့တာ နေ့လည် ရောက်သည်ထိ။

အိပ်ရာထဲကမထွက် တခန်းလုံး အမှောင်ချထားသည်။

အိပ်ရာပေါ်မှာ ပက်လက်အနေအထားနဲ့ ရင်ဘတ်ပေါ်မှာ music box လေး တင်ထားရင်း မျက်နှာကျက်ကို ကြည့်နေသည်။

သီချင်းသံနဲ့ အတူတူ မျက်ဝန်းထဲမှာ အတိတ်က Jennie နဲ့ အတူတူ ရှိဖူးတဲ့ အမှတ်တရတွေကို ပုံဖော်ရင်း မျက်ရည်က စီးကျ လာသည်။

ရင်ဘတ်ပေါ်တင်ထားတဲ့ Music box လေးကို ယူပြီး ဖွင့်ကြည့်လိုက်သည်။

"NiNi 🖤 ChaeChae''

Chaeyoung စာတန်းလေးကို ဖတ်ပြီး အသက်မပါတဲ့ အပြုံးလေး ပြုံးလိုက်သည်။

" အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရချင်တယ်။ တကယ်လို့သာ ငါ မထွက်သွားခဲ့ရင် အခုချိန်ဆို ငါ့အိပ်ရာက အခုလို အေးစက်နေမှာမဟုတ်ဘူး။ နင်ပေးတဲ့ ဒီလက်ဆောင်လေးကို တူတူကြည့်ရင်း ငါတို့တွေ ပျော်နေခဲ့ကြမှာ......"

Chaeyoung စီးကျလာတဲ့ မျက်ရည်တွေကို မသုတ်ပဲ ဆက်လက် စီးဆင်းခွင့်ပြုလိုက်သည်။ ရင်ထဲက နာကျင်မှုကို ဒီနည်းနဲ့သာ သက်သာစေတာမို့ မျက်ရည် လက်ကျန်မချန်ပဲ ငိုနေမိသည်။

Music box လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အိပ်ရာထဲမှာ အားရပါးရငိုရင်း မနေ့က Jennie ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်နေမိသည်။

မနေ့က Chaeyoung နှင်းဆီ ပန်းစည်းလေးကိုင်ရင်း Jennie အိမ်ကို လာခဲ့သည်။

အိမ်ရှေ့အရောက် ဘဲလ်ကို မတီးသေးပဲ Chaeyoung သူ့ကိုယ်သူ ကားမှန်မှာ တချက်ကြည့်ပြီး သေသေသပ်သပ် ပြင်ဆင်လိုက်သည်။

လူခေါ်ဘဲလ်ကို တီးပြီး မကြာ Jennie တံခါး လာဖွင့်ပေးသည်။

မျက်နှာနဲ့ လက်တွေ မှာ ရောင်စုံဆေးစက်တွေ ပေကျံလို့နေတဲ့ Jennie ကို ကြည့်ရတာ တညလုံးမအိပ်ပဲ ပန်းချီဆွဲနေခဲ့တဲ့ ပုံပေါ်သည်။

" NiNi ညမအိပ်ပဲ ပန်းချီတွေ ထိုင်ဆွဲနေပြန်ပြီလား"

လက်ထဲက ပန်းစည်းလေး လှမ်းပေးရင်း Chaeyoung လှမ်းပြောလိုက်တော့ Jennie က သူ့ကို ပြန်ပြုံးပြရင်း

Perpetual LoveWhere stories live. Discover now