Episode.25

8.3K 425 10
                                    

{Unicode}

"JenJen တစ်ခုခု စားရအောင် LiLi ဗိုက်ဆာတယ်"

" Ok! LiLi ဘာစားချင်လဲပြော"

"Tteok-bokki!"

Lisa က လက်ညိုးလေးထောင်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ ပြောလိုက်တော့ Jennie ကားမောင်းနေရင်းနဲ့ Lisa ရဲ့ ပါးလေးကိုအူယားပြီး ဆွဲညှစ်လိုက်သည်။

"အ....နာတယ်လေ JenJenရဲ့"

သူ့ပါးသူပြန်ကိုင်ပြီး မျက်နှာလေးမဲ့ပြီး Lisa ပြောလိုက်သည်။ ပြီးတော့ ကားမောင်းနေတဲ့ Jennie ရဲ့ ပုခုံးပေါ်ကို မှီထားရင်း Jennie ရဲ့ လက်မောင်းလေးကို သိုင်းဖက်ထားသည်။

လမ်းဘေးက Tteok-bokki ဆိုင်သေးသေးလေးနားရောက်တော့ Jennie ကားကို ဘေးကပ်ရပ်လိုက်သည်။

ကားရပ်လိုက်တာနဲ့ Lisa က ချက်ချင်း ကားပေါ်ကဆင်းပြီး Tteok-bokki ကို တန်းပြေးတော့သည်။

Jennie ကတော့ Lisa ကို ကြည့်ပြီး ပြုံးပဲ ပြုံးနေလျက်ပင်။

Lisa ဘာလုပ်လုပ် သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းနေသည်လေ။

" ရော့ JenJen အာ...."

Lisa ငါးလုတ်လောက်စားပြီးမှ Jennie ကို သတ်ိရသည်။

Lisa ခွံ့ကျွေးတာကို စားလိုက်ပြီး စပ်လို့ Jennie ရေ သုံးခွက်လောက် ဆက်တိုက်သောက်ချလိုက်သည်။

"JenJen တအားစပ်သွားလို့လား။"

" အင်း JenJen က အစပ်မစားနိုင်ဘူး"

" ဟင် အာ့ကို စောစောက ကြိုမပြောဘူး။ ခွံကျွေးတာကို ငြိမ်ပြီး စားနေတယ်"

"LiLi ခွံ့ကျွေးတာလေး စားချင်လို့"

Lisa မျက်နှာလေးပြုံးသွားပြီး Jennie ဘက်ကိုလှည့်ပြီး မျက်စောင်းလေးထိုးလိုက်သည်။

"တော်ပြီ ဝသွားပြီ"

Lisa သူ့ဗိုက်လေး သူပုတ်ရင်း ကားဆီကို ပြန်လာသည်။ Jennie ကတော့ အနောက်မှာ ပိုက်ဆံရှင်းရင်း ကျန် ခဲ့သည်။

" ကဲ ဗိုက်ပြည့်သွားပြီလား"

" အင်း ပြည့်သွားပြီ"

" အိမ်ပြန်တော့မှာလား။ လိုက်ပို့ရတော့မလား"

Jennie က အိမ်ပြန်ပို့တော့မယ်ဆိုတော့ Lisa မပြန်ချင်သေး။ Jennie နဲ့ အတူတူရှိနေချင်သေးသည်မို့

Perpetual LoveWhere stories live. Discover now