Final Episode

13.5K 519 34
                                    

{Unicode}

Jennie မျက်လုံးလေးတွေဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက Lisa ရဲ့ အပြုံးလေး။

သူ့ကို ပြုံးပြုံးလေး ကြည့်ရင်း ဖက်ထားတဲ့ Lisa ရဲ့ ရင်ခွင်ထဲကို ပိုပြီး တိုးဝင်သွားကာ ပြန်မှေးနေလိုက်သည်။

" ထတော့ Jen။ မနက်စာစားရအောင်"

"မစားချင်ဘူး။ ပြန်အိပ်အုံးမယ်။"

" မစားလို့မရဘူး။ JenJen တအားပိန်သွားတယ်။ အားရှိအောင် တစ်ခုခုစားရမယ်"

"ဘယ်သူ့ကြောင့် ပိန်သွားတာလဲ"

Jennie သူ့ကို မျက်မှောင်လေးကြုံကာ ကြည့်ပြီးမေးတော့ Lisa မျက်နှာလေး ပြုံးသွားရင်း

" ဟုတ်ပါတယ်။ LiLi ကြောင့်ပါ။ LiLi ဂရုမစိုက်လို့ Jen လေး ပိန်သွားတာ"

"သိရင်ပြီးရော။ "

Jennie ကျေနပ်သွားတဲ့ အပြုံးကြီးနဲ့ ပြောလိုက်ရင်း Lisa ရင်ခွင်ထဲမှာ ခေါင်းတိုးပြီး ပြန်အိပ်ဖို့ လုပ်သည်။

" မအိပ်နဲ့တော့ Jen ရယ် ။ ခေါင်းတွေ ကိုက်နေမယ်။ ထတော့။ ညကျမှ စောစောပြန်အိပ်"

Jennie ကို အတင်းနိုးပြီး ရေချိူးခန်းထဲ Lisa ကုန်းပိုးပြီး ခေါ်လာရသည်။

မျက်စိမပွင့်သေးတဲ့ Jennie ကို သူကိုယ်တိုင် သွားတိုက် မျက်နှာသစ်ပေးရသည်။

အမှန်တော့ Jennie နိုးနေပြီ။ တမင် Lisa ကို ချွဲနေခြင်း သက်သက်။

မနက်စာ ပြင်တော့လည်း Jennie က သူ့ကို အနောက်ကနေမလွတ်တမ်းဖက်ထားလို့ အဲ့အတိုင်းပြင်ရသည်။

"ကဲ စားလို့ရပါပြီရှင့်"

နှစ်ယောက်သား မနက်စာ စားနေတုန်း Jennie က Lisa ကို ကြည့်နေသည်။ Lisa က ပြန်ကြည့်တော့ မျက်နှာလွဲသွားပြီး စားစရာရှိတာ ဆက်စားလျက်။

Lisa စားလက်စကို ရပ်လိုက်ပြီး Jennie ကို သေချာကြည့်ကာ

"LiLi ကို ဘာပြောမလို့လဲ Jen။ "

အဲ့ကျမှ Jennie မရဲတရဲပုံလေးနဲ့ Lisa ကိုကြည့်ရင်း

"Jen, Chae နဲ့တွေ့ချင်တယ်။ Chae ရှိတဲ့ နေရာကို Jen ကို လိုက်ပို့ပေးပါလား။ သူ့ကို Jen နှုတ်ဆက်ချင်လို့"

Perpetual LoveWhere stories live. Discover now