Episode.31

7.1K 398 22
                                    

{Unicode}

My Princess NiNi🖤

ဒီလိုမျိူးလေး အမြဲခေါ်ခွင့်ရရင်ဘယ်လောက်ကောင်းမလဲ။ ကိုယ်ချစ်ရတဲ့ သူကို ကို်ယ့်ရဲ့နှလုံးသားနဲ့ အသက်ဆက်ခွင့်ပေးရမဲ့ အခွင့်အရေးမျိူးရတာ Chae ကံကောင်းတယ်လို့ ခံစားရတယ်။

ချစ်ခဲ့ပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ ချစ်ခဲ့ရတဲ့အတွက်လည်း ကျေနပ်တယ်။

ပေးခဲ့ဖူးတဲ့ ဂတိတွေမတည်နိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။

NiNi ရဲ့ မွေးနေ့တွေ တိုင်းအတွက် ထာဝရလက်ဆောင်ပေးခဲ့တယ်နော်။ နှလုံးခုန်လိုက်တိုင်းမှာ Chae ကိုသတိမရပါနဲ့။ NiNi ကို မငိုစေချင်ဘူး။

အစကတည်းက NiNi အပြုံးလေးတွေပဲ မြင်ချင်ခဲ့တာမို့ အမြဲတမ်း ပြုံးနေပေးပါ။

Chae အတွက်နဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ NiNi။
Chae ရဲ့ ရွေးချယ်မှု ပါ။သူ့အကြောင်းနဲ့ သူဖြစ်လာတဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့နော်။

Lisa နဲ့ ပျော်စရာတွေဖန်တီးပါ။သူ့ရဲ့အချစ်ကို တန်ဖိုးထားပေးပါ။ ဘာတွေပဲ ဖြစ်ဖြစ် သူ့ကို ယုံကြည်ပေးပါ။ သိပ်ချစ်ရတဲ့ သူတွေအတွက် အတားအဆီး အနှောင့်အယှက်တွေဆိုတာ ကြုံတွေ့ရမှာမို့လို့ ကိုယ်ချစ်ရတဲ့သူရဲ့ လက်ကို သာမြဲမြဲ ဆုပ်ကိုင်ထားပါ NiNi။

နောက်ဆုံးအနေနဲ့တော့ Chae အရမ်း မြတ်နိုးတဲ့ NiNi ရဲ့ အပြုံးတွေကို မြင်ချင်မိသား။ အဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။😔

ထာဝရအတွက်ချစ်ခွင့်ပေးလို့ကျေးဇူးတင်ပါတယ် NiNi။

အနားမှာ မရှိတော့ရင်တောင် ငါ့အတွက် အလှဆုံးပြုံးနေပေးပါနော်

Chae Chae 🖤 NiNi

Lisa စာကို ဖတ်ပြီး မျက်ရည်တွေဝဲလာသည်။ Lisa ဒီစာကို Jennie ကို လောလောဆယ် မပြသေးပဲ လုံးဝ နေကောင်းသွားမှ ပြဖို့ ဆုံးဖြတ်လိုက်သည်။

ခွဲစိတ်မှု အောင်အောင်မြင်မြင်နဲ့ ပြီးသွားပေမဲ့ Jennie က သတိမရသေးတာ နှစ်ရက်ရှိပြီ။ ဒေါက်တာ ပြောပြချက်အရ ဒီလိုမျိူးကသာမန်ဖြစ်နေကျ ကိစ္စမို့ စိုးရိမ်စရာမလိုကြောင်း သိထားပေမဲ့လည်း Lisa စိုးရိမ်သည်။

Perpetual LoveWhere stories live. Discover now