Episode. 11

7.7K 423 10
                                    

{Unicode}

Lisa လက်ကို ဆွဲ ပြီး Jennie အခန်းလွတ်လေးထဲ ကို ခေါ်သွားသည်။

" ဒီ အခန်းက......"

" အင်း ဟုတ်တယ်။ LiLi နဲ့ JenJen တို့နှစ်ယောက် တည်းနေချင်လို့ JenJen အခန်းပိုယူထားတာ"

Jennie ကို ကြည့်ရင်း Lisa ကျေနပ်အားရတဲ့ ပုံစံနဲ့ ပြုံးလိုက်သည်။ ပြီးတော့ ဝမ်းသာအားရနဲ့ Jennie ကို ရုတ်တရက် ပွေ့ချီလိုက်တော့ Jennie လန့်သွားသည်။

" ဒါတော့ Baby အရမ်းတော်သွားပြီ။ အရမ်းတော်တဲ့ JenJen ကို ဆုချရမယ်"

Lisa ပြောရင်းနဲ့ Jennie ကို ပွေ့ချီရင်းနဲ့ပင် မနားတမ်းနမ်းတော့သည်။

" Yar......LiLi ရပ်တော့။ ယားတယ်။ ဟေ့ Baby တော်တော့။ ပြုတ်ကျတော့မှာပဲ"

Jennie တားပေမဲ့ Lisa က နားမထောင် ။ Jennie ရဲ့ မျက်နှာ အနှံ့ နေရာလပ်မကျန်အောင် နမ်းနေသည်။

"Ok....Ok.....JenJen ကို အောက်ချပေးတော့"

Jennie ရုပ်တည်လေးနဲ့ ပြောလိုက်တော့မှ Lisa အောက်ကို ချပေးလိုက်သည်။ အောက်ကို ချပေးလိုက်ပေမဲ့ Lisa လက်တွေက Jennie ကို မလွတ်။ Jennie ရဲ့ ခါးသွယ်သွယ်လေးကို သိုင်းဖက်ထားတုန်း။

"Baby ကို Birthday present အခုမှ ပေးမှာ"

Jennie ပြုံးပြုံးလေးကြည့်ပြီး ပြောလိုက်တော့ Lisa က

" အနားမှာ ရှိနေတာတင် လုံလောက်ပါပြီဆို။ JenJen နဲ့ အတူတူရှိနေတာလည်း Birthday present ရသလိုပဲ"

Jennie မျက်မှောင်ကြုတ်ပြီး Lisa ကို စိတ်မရှည်တဲ့ ပုံနဲ့ ကြည့်ရင်း

"တော်တော် ရှည်တဲ့ Baby ပါလား။ Birthday present ပေးမယ်ဆိုရင် ယူလိုက်ပေါ့။ အပိုတွေ တအားပြောတယ်"

" မဟုတ်ပါဘူး။ LiLi က....."

Lisa ပါးစပ်ကို လက်ကလေးနဲ့ အုပ်ရင်း Jennie ဆက်မပြောဖို့ ခေါင်းခါပြလိုက်သည်။

" ဘာပေးမှာလဲ သိလို့လား"

အသံမာမာနဲ့ Jennie ပြောလိုက်တော့ Lisa မျက်နှာ ငယ်လေးနဲ ခေါင်းခါပြသည်။ Jennie က သူ့အနားကို တိုးသွားပြီး နား နားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

" ဒီည Birthday present အနေနဲ့ LiLi နဲ့ အတူတူအိပ်မယ်"

Jennie က ပြောပြီးတော့ Lisa ရဲ့ နားရွက်ဖျားလေးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။ Lisa တကိုယ်လုံး ပူရှိန်းရှိန်း ဖြစ်သွားပြီး ကြက်သီးတွေတောင် ထလာသည်။ ရင်ထဲမှာလည်း ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲလို့နေသည်။

Perpetual LoveWhere stories live. Discover now