Episode. 18

10.5K 505 18
                                    

{Unicode}

Six years Later........

" Key ကို အရမ်းမမြင့်ပစ်လိုက်နဲ့လေ။ ဒီနေရာက Key ကို ပုံမှန်ထက် နည်းနည်းပဲ ပိုရမှာ"

Lisa ဒီနေ့ တနေကုန်လုံး Irene ကို အသံ training ပေးရတာ စိတ်တိုင်းမကျနိုင်။ Irene ကလည်း ဒီနေ့ကျမှ စိတ်နဲ့လူနဲ့ မကပ်သလိုပင်။

" 사랑한 시간보다 더
오래 이별하는 중인걸🎼🎼"

" တော်ပြီ! ဆက်မဆိုနဲ့တော့ Irene, အဆင်မပြေတော့ဘူး။ ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ။ မနက်ကတည်း အခုချိန်ထိ ဒီ သီချင်းတစ်ပုဒ် ထဲကိုပဲ တိုက်နေရတာ ခုချိန်ထိ Key မမှန်သေးဘူး။ စိတ်တွေဘယ်ရောက်နေတာလဲ"

Lisa ဒေါသထွက်လာကာ မထိန်းနိုင်တော့ပဲ Irene ကို ဆူတော့သည်။ Irene လည်း အသံသွင်းခန်းထဲက ထွက်လာပြီး Lisa ရှေ့မှာ မျက်နှာ ငယ်လေးနဲ့ ခေါင်းလေး ငုံ့ပြီး လာရပ်သည်။

" တော်ပြီ ဒီနေ့တော့ နားလိုက်တော့။ ဆက် တိုက်ရင်လည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ "

Lisa ပြောပြီး အဲ့နေရာကနေ အိတ်ဆွဲ ထွက်လာခဲ့သည်။ Irene ကတော့ မျက်နှာငယ်လေးနဲ့ သူ့ကို ကြည့်ပြီး ကျန်ခဲ့သည်။

Lisa က ကျောင်းပြီးကတည်းက သူဝါသနာ ပါတဲ့ သီချင်းရေးတဲ့ အလုပ်ကို လေ့လာ ခဲ့သည်။ အောင်လည်း အောင်မြင်ခဲ့သည်လေ။ သီချင်းရေးပြီဆို ထမင်းမေ့ ဟင်းမေ့။

Korea နိုင်ငံရဲ့ Top Ten Song Writer ထဲမှာ Lisa ပါသည်။ သူရေးတဲ့ သီချင်းတွေက အောင်မြင်သည်ချည်း။ ဂီတ ကို အရမ်းတန်ဖိုးထားသည်။ သူရေးတဲ့ သီချင်းတွေကို စီးပွားရေး ဆန်ဆန် ပြီးစလွယ်မရောင်းတတ်။ နာမည်ကြီး Entertainment တွေကလည်း သူ့သီချင်းတွေဆို လိုတာထပ်ပိုပြီး တန်ကြေးပေး ဝယ်ချင်ကြသည်။ သူကလည်း သူ့သီချင်းတွေကို လာဝယ်ရင် သူ့သီချင်းနဲ့ လိုက်တဲ့ အသံပိုင်ရှင်မျိူးကို Entertainment ထိသွားပြီး သေချာရွေးပြီးမှ လက်ခံတတ်သူ။

Song writer နေရာမှာတော့ သူ့နာမည်အရင်းကို မသုံး။ " J " ဆိုပြီးပဲ သုံးတတ်သည်။ နာမည်ကြီး Song Writer ဆိုပေမဲ့ သူ့ကိုယ်သူ public ချမပြ။ Interview တွေလည်း တစ်ခုမှ လက်မခံ။

သီချင်းပဲ ရေးနေရရင် ကျေနပ်သူ။ ကျော်ကြားမှု ကြောင့် စိတ်ရှုပ်ရမှာတွေကို လက်မခံ။ သူက အေးအေးဆေးဆေးနေတတ်သူဖြစ်ပေမဲ့ မသိတဲ့သူတွေကတော့ သူ့ကို ချေတယ်လို့ ထင်ကြသည်။Entertainment အချိူ့က သူ့ သီချင်းတွေကို သဘောကျလို့သာ သူ့နားကပ်နေပေမဲ့ သူ့ကို မကြည်ကြ။

Perpetual LoveWhere stories live. Discover now