You and I are always Together

5.8K 327 21
                                    


{Unicode}


" Jennie သွားရအောင်လေဟာ"

စိတ်ဝိဉာဉ် ပျောက်ဆုံးနေသလို ပျော့ခွေယိုင်နေတဲ့ Jennie ကို တွဲထူရင်း Jisoo ထိုနေရာကနေ ထွက်လာခဲ့သည်။

Jisoo ခေါ်ရာနောက်ကို လိုက်ခဲ့ပေမဲ့ Jennie မျက်လုံးတွေက အဲ့နေရာလေးကနေ မခွာနိုင်။ ကိုင်ထားတဲ့ Jisoo လက်တွေကို အသာဖြုတ်ချရင်း

" ငါ သူ့အနားမှာ နေခွင့်ရှိသလောက်နေချင်သေးတယ်ဟာ"

အားဖျော့တဲ့ အသံ နဲ့ Jennie ပြောရင်း ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေ နဲ့ ပြန်လှည့်လာခဲ့သည်။

နှင်းဆီ ပွင့်ချပ်တွေ အပြည့်ခင်းကျင်းထားတဲ့ အိပ်ရာပေါ်မှာ အဖြူရောင် ဂါဝန်လေးနဲ့ သူမအိပ်စက်နေသည်။သူမရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ လက်ကလေးတွေက အေးစက်လို့။

အသက်မဲ့နေတဲ့ သူမကို ကြည့်ရင်း အခုချိန်ထိ Jennie အမှန်တရားကို လက်မခံနိူင်။ သူမ အရမ်းပင်ပန်းလို့ အိပ်စက်နေတာပဲ လို့ Jennie တွေးထားသည်။ အိပ်စက်နေတဲ့ သူမရဲ့ မျက်နှာလေးကို Jennie ပြုံးပြုံးလေးကြည့်နေပေမဲ့ မျက်ဝန်းထဲမှ မျက်ရည်စတွေ တလိမ့်လိမ့်ကျဆင်းနေဆဲ ။

" ဒီဂါဝန်လေးနဲ့ သိပ်လှနေတာပဲဟာ"

Jennie ပြောရင်း သူမရဲ့ ဆံနွယ်လေးတွေကို တယုတယနဲ့ သပ်တင်ပေးသည်။ သူမရဲ့ နဖူးလေးကို Jennie ဖွဖွလေး နမ်းလိုက်တဲ့အချိန် သူမ ပြုံးယောင်သမ်းသွားသလိုပင်။

" Jisoo နင်မြင်လား ။ သူငါ့ကို ပြုံးပြနေတယ်။ သူရှိနေသေးတယ်။ "

Jennie ကို ကြည့်ပြီး Jisoo စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်တွေ ကျလာသည်။ Jennie ကို တင်းကြပ်စွာ ဖက်ထားရင်း Jisoo နှစ်သိမ့်ပေးရသည်။

" သူငါတို့နားမှာ ရှိပါတယ်ဟာ။ နင့်ကို သူက အရမ်းချစ်တာ နင်သိရဲ့သားနဲ့။ ဒါပေမဲ့ နင်အခုလို အရမ်းခံစားနေရတာ သူမြင်နေရင် သူငိုလိမ့်မယ်။ အာ့ကြောင့် နင်စိတ်ကို ထိန်းပါဟာ။ နင်မျက်ရည်တွေကို သူမြင်ချင်မှာ မဟုတ်ဘူးလေ"

" အင်း အာ့ဆို ငါမင်ိုတော့ဘူး။ သူ့ကို ထပ်ပြီးငိုရအောင် ငါမလုပ်တော့ဘူး။ သူ ငါ့ကြောင့် အရမ်းပင်ပန်းနေပြီထင်တယ်။ သူတော်တော်လေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာတာ"

Perpetual LoveWhere stories live. Discover now