Episode.32

6.8K 405 14
                                    

{Unicode}

" အချိန်ယတ္တရားကြီး တစ်ခုလုံးကို ထိန်းချူပ်နိုင်သူ ဖြစ်ချင်မိတယ်။
Jennie ဆိုတဲ့ မိန်းကလေးကို မသိခဲ့တဲ့ အချိန်ကို ပြန်သွားချင်တယ်။
ဒါပေမဲ့..........အဲ့မိန်းကလေးနဲ့သာ မတွေ့ခဲ့ရင်"

3:00Am

အခုချိန်ထိ Lisa အိပ်လို့မရသေးတာနဲ့ မြိုသိပ်ထားတဲ့ ခံစားချက်တွေကို Diary လေးထဲ ချရေးမိသည်။ Jennie ဆိုတဲ့ ကောင်မလေး ရင်ခွင်ထဲ ရောက်လာတဲ့ အချိန်ကစပြီး Diary စာအုပ်လေးကို ဥပေက္ခာ ပြုထားမိခဲ့သည်။

အခုမှ ဖုန်တက်နေတဲ့ Diary လေးက သူ့ကို အဖော်ပြန်ပြုလို့။

အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ Jennie မျက်နှာလေးက အပြစ်ကင်းစင်လွန်းလှသည်။

မြတ်နိုးစိတ်နဲ့ Lisa ငေးကြည့်ရင်း စာကြောင်းလေးကို ဆက်လိုက်သည်။

" အဲ့မိန်းကလေးနဲ့သာ မတွေ့ခဲ့ရင်.......မြတ်နိုးခြင်းကို နားလည်နိုင်ပါ့မလား။

ချစ်တတ်အောင် သင်ပေးတဲ့ JenJen ။ ရှင့်ကြောင့် မျက်ရည်တွေကျခဲ့ရလည်း အနားမှာ ရှိနေရင် ကျေနပ်နေမယ်။ အရမ်းချစ်လို့ ဆက်ပြီး တွယ်တာခွင့်ပေးပါ။"

Diary စာအုပ်လေးကို ပိတ်ပြီး Lisa အိပ်ရာထဲကို ပြန်ဝင်ခဲ့သည်။

Jennie ရဲ့ နဖူးလေးကို နမ်းလိုက်တော့ အနညး်ငယ်လူးလွန့်လာပြီး သူ့ရင်ခွင်ထဲကို တိုးဝင်လို့လာသည်။ Lisa လည်း တင်းကျပ်စွာပြန်ဖက်ထားရင်း ကြိုးစားပြီး အိပ်စက်ဖို့ ပြင်သည်။

ဒါပေမဲ့ Jennie ရဲ့ နှလုံးခုန်သံက Lisa အတွက် ညတာရှည်စေခဲ့သည်။

Jennie ဆေးရုံကဆင်းပြီး သူနဲ့အတူတူပြန်နေနေတာ (၂)လပင် ကျော်လာပြီး ဖြစ်သည်။ Jennie ကအရင်ကထက်ပင် သူ့အပေါ် ပိုပြီး ချစ်ပြ ဂရုစိုက်ပြနေသော်လည်း Lisa တစ်ယောက် မပျော်နိုင်။

ညတိုင်း အိပ်ပျော်သွားလည်း Jennie ထားခဲ့တယ်ဆိုတဲ့ အိပ်မက်ဆိုးကြောင့် လန့်နိုးခဲ့ရသည်က များသည်။

စိတ္တဇညတွေ များလာတော့ Lisa မျက်နှာက တဖြေးဖြေး ချောင်ကျလို့လာသည်။

Perpetual LoveWhere stories live. Discover now